Book 23 Chp 2

40 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 23 
Chapter 2 (လေလွင့်ခြင်း)

“ဒီလို နယ်မြေမျိုးက တကယ်ကို ရှိနေသေးတာလား..။ မိုးကောင်းကင်တာအိုတောင်မှ ရှိမနေတော့ဘူး..။ ဒါဆို တာအိုရဲ့ ဆန်းကြယ်နက်ရှိုင်းတဲ့ သဘောတရားအားလုံးဟာ ဒီမှာ အသုံးမ၀င်တော့တဲ့ အဓိပ္ပာယ်ပေါ့..။”
နင်လည်း သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ဒက်နော့ဓားတွေကို ထုတ်ယူလိုက်ပါတော့တယ်။ ဓားကိုသူတစ်ချက် ဝှေ့ယမ်းလိုက်ပြီလေ။

ရွှစ်

ဓားအလင်းတစ်ချက် လက်သွားပါတယ်။ ဒါပေမဲ့ ဘာမှ မဖြစ်လာခဲ့ပါဘူး။ နင်ရဲ့ လက်ရှိအဆင့်နဲ့ဆိုရင် သာမန်ဓားချက်တစ်ချက်ဟာ မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ ကြီးကျယ်ခမ်းနားထည်ဝါမှုတွေ ဆင့်ခေါ်နိုင်နေပြီလေ။ ပြောရရင် ခြေသုံးလှမ်း ဓားသိုင်းရဲ့ န၀မမြောက်ဓားကွက်ဟာ နတ်နဂါးနက်ကြီးအဖြစ် အသွင်ပြောင်းလဲသွားသလိုပေါ့..။

ဒါပေမဲ့.. အခု နင်ရဲ့ဓားကို ဘယ်လိုပဲ လွှဲခုတ်လွှဲခုတ်လိုက်ပါစေ… ဘယ်ဓားသိုင်းကွက်ကိုမဆို အသုံးပြုလိုက်သည်ဖြစ်စေ… သူ့ဓားချက်ကြောင့် ဓားအလင်းတစ်ချက်သာ ဖြထွက်လာခဲ့ပါတယ်။ ဒီဓားအလင်းကလည်း ဒက်နော့ဓားရဲ့ ဓားရောင်လက်သွားခဲ့တာပါ။

“ငါ့ရဲ့ တာအိုဥာဏ်အလင်း ဘယ်လောက် နက်ရှိုင်း နက်ရှိုင်း ဒီနေရာမှာ အသုံးမ၀င်တော့ဘူးပဲ..။”

“ဒါ ဘယ်နေရာကို ရောက်နေတာလဲ..။”
နင် တွေးမရနိုင်အောင်ကို ဖြစ်နေခဲ့ပါပြီ။
“ဒါက ဒဏ္ဍာရီလာ ကမ္ဘာဦး အပျက်အဆီး ကမ္ဘာလား..။”

အတွင်းစိတ်နှလုံးသားတောင်မှာတုန်းက ကမ္ဘာဦး အပျက်အဆီးကမ္ဘာအကြောင်းကို သူကြားခဲ့ဖူးတယ်လေ။ အဲ့ဒါကတော့ သူသိထားတဲ့ အန္တရာယ်အများဆုံး နယ်မြေပါ။ အဲ့ဒီနယ်မြေက လောကသုံးပါးအလွန် စကြ၀ဠာဟင်းလင်းပြင်ထဲမှာ ရှိနေတာလေ။

ဒဏ္ဍာရီ အရဆိုရင်တော့…

ပန်ဂုရဲ့ ကမ္ဘာကြီး တစစီ ပျက်စီးသွားတဲ့ အခါမှာတော့.. လောကသုံးပါးဆိုတာ မွေးဖွားလာခဲ့တယ်လေ။ ဒါပေမဲ့ ပန်ဂုကမ္ဘာရဲ့ ထောက်တိုင်ဖြစ်တဲ့ အကြွင်းအကျန်တွေကတော့ ကျန်ရစ်ခဲ့လို့ပါ။ ဒီအကြွင်းအကျန်တွေကို ကမ္ဘာဦး အပျက်အဆီး ကမ္ဘာလို့ခေါ်ကြတယ်လေ။ ကမ္ဘာဦးအပျက်အဆီးကမ္ဘာဟာ တကယ့်ကို ပြီးပြည့်စုံတဲ့ ကမ္ဘာမဟုတ်ခဲ့ပါဘူး။ သူက တစစီဖြစ်နေတဲ့ ကမ္ဘာလေ။ ဒါကြောင့် အရမ်းကိုလည်း ကြောက်မက်ဖွယ်ကောင်းလှပါတယ်။ အချိန်နဲ့ စကြ၀ဠာဟာ ဒီနယ်မြေထဲမှာ ကသောင်းကနင်းဖြစ်လို့နေပြီး အန္တရာယ်တွေ အပြည့်ကို သယ်ဆောင်ထားလို့ပါ။

Book 21 - 30Waar verhalen tot leven komen. Ontdek het nu