Book 22 Chp 5

47 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 22 
Chapter 5 (သတ်)

အင်မော်တယ် နန်းတော်ထဲ၀ယ်..

ဂျိနင်၊ မူနော့စွန်း၊ ဦးလေးဖြူနဲ့ ချွင်ကလေးတို့ တစုတဝေးထဲ ရှိနေကြပါတယ်။

“ဒါက အနည်းနဲ့အများတော့ ဖြစ်နိုင်တယ်။”
ဦးလေးဖြူက သူ့အရှေ့က မြေပုံကြီးကို ကြည့်ပြီး ပြောလိုက်ပါတယ်။

“အင်း…”
နင်၊ မူနော့စွန်း နဲ့ ချွင်ချွင်တို့လည်း မြေပုံကြီးကို  ကြည့်နေကြလို့ပါ..။ ဒါပေမဲ့.. သူတို့တွေ နားမလည်နိုင်ကြဘူး ဖြစ်နေကြပါတယ်။

“သူတို့ရဲ့ အကာအကွယ်က တကယ့်ကို ရေပက်မ၀င်ပဲ..။ ဟာကွက် ရှိကို မရှိတာ..။”
ဦးလေးဖြူလည်း သက်ပြင်းချလိုက်ပါတယ်။

“ဟာကွက် မရှိဘူး..။”
နင် တုန်လှုပ်လို့ သွားပါတယ်။

“နင်.. သားလေး..  စိတ်ဝိညာဉ်ရှာဖွေတာကနေ သိလာသမျှ အရဆိုရင်တော့… မီးလျှံငယ်ကလန်မှာ ဌာနချုပ် စုစုပေါင်း ၃ ခုရှိနေတယ်။ အားလုံးမှာ လွတ်မြောက်အင်မော်တယ်နဲ့ မြေကမ္ဘာအင်မော်တယ် တစ်ရာကျော်စီ ရှိနေတာ..။”
ဦးလေးဖြူက ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်ပြီး
“အရှေ့တောင်တန်း ပြည်နယ် ကျောက်စိမ်းအိုတောင်တန်းတစ်ခုတည်းမှာကို လွတ်မြောက်အင်မော်တယ်နဲ့ မြေကမ္ဘာအင်မော်တယ် တစ်ရကျော် ဖြန့်ကျက်ပြီး ရှိနေတာ..။ အားလုံးက တစ်နေရာတည်းမှာ စုစည်းမနေတော့ကာ တစ်ချက်တည်းတိုက်ခိုက်ရုံနဲ့ အကုန်မသေနိုင်တော့ဘူး..။ ပြီးတော့ သူတို့တွေက နေရာအနှံ့ရှိနေတဲ့အပြင်ကို အရမ်းကို များပြားတဲ့ ၀င်္ကဘာတွေကလည်း အထပ်ထပ် ကာကွယ်ပေးထားတာ… ဒါကြောင့် ကျောက်စိမ်းအိုတောင်တန်းတခွင်ကို ဖျက်ဆီးလိုက်ဖို့ဆိုတာ အရမ်းကို ခက်ခဲလွန်းတယ်။”

နင်လည်း မျက်မှောင်ကြုတ်လိုက်ပြီး
“ကျွန်တော်တို့တွေ ဘာမှ မလုပ်နိုင်ကြတော့ဘူးပေါ့..။?”

“အဲ့လိုတော့ မဟုတ်ဘူး..။ ဒါပေမဲ့ အရှေ့တောင်တန်းပြည်နယ်ကြီးက အရမ်းကို ကြီးမားကျယ်ပြောနေတာ..။ ဒါကြောင့် အားနည်းချက်က သေချာပေါက် ရှိပါတယ်။ ဒါပေမဲ့ တကယ်တော့ကာ အရမ်းအားနည်းတဲ့ နေရာတွေတော့ မဟုတ်ဘူး..။”

Book 21 - 30Dove le storie prendono vita. Scoprilo ora