Chp 619 ( လအောက်ရေကန်)

35 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 30
Chapter 619 (လအောက်ရေကန်)

မင်းနိုင်သွားပြီ…!!

ဂျိနင် ၀မ်းသာသွားခဲ့ပြီလေ။ အက်ကြောင်းမဲ့ဂိတ် ဦးညွတ်လာတဲ့အထိ သူဆက်တိုက် ဖျက်ဆီးဖို့ စီစဉ်ထားခဲ့တာပဲလေ။ ဒါက တကယ်ကို ရူးစရာကောင်းတဲ့ စိတ်ကူးဖြစ်သလို အရမ်းကို အန္တရာယ်များတာကိုလည်း ဂျိနင် သိပါတယ်။ အောင်မြင်ဖို့လည်း ဘယ်လောင်တောင် ရာခိုင်နှုန်း နည်းပါးလိုက်သလဲ… ဒါပေမဲ့.. သူ့မှာလည်း တခြားနည်းလမ်း မရှိတော့ဘူးလေ။ ဒီ နည်းလမ်းတစ်ခုပဲ ဖြစ်နိုင်ချေ ရှိတော့တာပါ။ ဒီနေရာမှာတော့ အကျဉ်းထောင် ကမ္ဘာကို ကျေးဇူးတင်ရပါလိမ့်မယ်။ ဦးချိုကိုးချောင်း မိုးကြိုးမြွေနဂါး ကိုယ်ဖော့သိုင်းကို ဂျိနင် ရရှိခဲ့လို့သာ အက်ကြောင်းမဲ့ဂိတ်မှာ နည်းလမ်းမရှိတော့တာလေ။

“ငါ့ မိန်းမကို လွှတ်လိုက်တော့..”
ရာဟူးနင်လည်း နတ်ဘုရားဘုရင်ကို စိုက်ကြည့်လို့ပါ။

“မလောပါနဲ့…”
နတ်ဘုရားဘုရင်လည်း နင်ကို ပြန်ကြည့်လိုက်ပြီးတော့
“အရင် စကားပြောကြရအောင်လေ။”

“စကားပြောမယ်။”
ရာဟူးနင်လည်း အေးစက်စက် ပြောလာခဲ့ပါတယ်။
“ငါတို့တွေ ပြောနေဖို့ မလိုတော့ပါဘူး မင်းတို့ ငါ့မိန်းကို လွှတ်ပေးလိုက်တာနဲ့.. ငါချက်ချင်း နောက်ဆုတ်ပေးမယ်။ မဟုတ်ဘူးဆိုရင်တော့ ဆက်ပြီးတော့ သတ်နေရဦးမှာပဲ…”

“အိုး…”
နတ်ဘုရား ဘုရင်ရဲ့ အသံဟာလာလည်း အေးစက်လို့ပါ…
“မင်းက မင်းမိန်မအတွက် ဘာတန်ကြေးမှ မပေးဆပ်ပဲ ပြန်ခေါ်ချင်ပေါ့လေ။ အိပ်မက်မက်နေတာလား… ငါ ယုဝေကို လွှတ်လိုက်ပေမဲ့ မင်းက မရပ်တန့်ခဲ့ဘူးဆိုရင်ကော…”

ရာဟူးနင်လည်း ပြန်ဖြေလိုက်ပါတယ်။
“အနည်းဆုံးတော့ ဒီလိုမျိုး ငါလိုက်ပြီး မတိုက်ခိုက်တော့ဘူးပေါ့…”

“ဟားဟား… လွယ်လွယ်ပြောလို့ ရမလား.. ယုဝေက မင်းဆီကို ပြန်ရောက်သွားလို့ရှိရင်.. အက်ကြောင်းမဲ့ဂိတ်မှာလည်း မင်းကို အကြပ်ကိုင်စရာ ဘာမှ မရှိတော့ဘူးလေ။ ပြီးတော့ မင်းက နွီဝါးမဟာမိတ်ကပဲကို… နောက်ဆုံးမှာငါတို့ မဟာမိတ်နှစ်ဖွဲ့လုံးက ရှင်သန်ဖို့အတွက် စစ်ခင်းကြရမှာ…  ဒီမှာ မင်းရဲ့ ဆရာရွှီးဖူတိတို့လို လူကြီးတွေက ငါတို့ကို ဆက်ပြီး တိုက်ခိုက်ဖို့ မင်းကိုပြောလာရင်ကော… မင်းအနေနဲ့ သူတို့ပြောစကားကို ငြင်းဆိုနိုင်ပါ့မလား…”

Book 21 - 30Where stories live. Discover now