Book 27 Chp 1

39 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 27
Chapter 1 (သေခြင်းဆိုတာ…)

ခြေဗလာနဲ့ ဂျိနင်ရဲ့ ကောင်းကင်ဘုံကို အစ်ြပေးသူဟာ ဒုန်းစိုင်းပြီးတော့ အရှေ့ကို ဆက်ပြီးပြေးလာနေခဲ့ပါတယ်။ နင်က ခေါင်းဆောင်ပြီးတော့ တခြား ကောင်းကင်ဘုံကို အပြစ်ပေးသူတွေက နံဘေးကနေချီတက်လာနေတာပါ။ သုံးရာကျော်အရေအတွက် ရှိတဲ့ ကောင်းကင်ဘုံကို အပြစ်ပေးသူတွေဟာ အက်ကြောင်းမဲ့ဂိတ်ကို ရင်ဆိုင်ဖို့ ပြေး၀င်လာနေသလို အင်ပါရီယာ နတ်ဘုရားဂိုလမ်ကြီးတွေ မျက်နှာဖြူရေနဂါးကြီးတွေ၊ ဇူးယန်မျောက်ဝံကြီးတွေ၊ တခြားသတ္တဝါရိုင်းကြီးတွေနဲ့ ဖင်းဂေါ့ကြီးတွေကလည်း သူတို့ကို ရင်ဆိုင်ဖို့ ချီတက်လာနေခဲ့ကြပြီလေ။

၀ုန်း

မဟာမိတ်တပ်ကြီးနှစ်ခု ရင်ဆိုင်လိုက်မိတဲ့အခါမှာတော့…

“သတ်…”

အရှေ့ကို ချီတက်ပြေးလာနေပေမဲ့လည်း နင်ရဲ့ကောင်းကင်ဘုံကို အပြစ်ပေးသူဟာ တခြား ကောင်းကင်ဘုံကို အပြစ်ပေးသူတွေရဲ့ အမြန်နှုန်းအတိုင်းသာ ချီတက်လာနေခဲ့ပါတယ်။ ဒီကောင်းကင်ဘုံကို အပြစ်ပေးသူ ၃၂၆ ဦးထဲမှာ အင်ပါရီယာ နတ်ဘုရားတွေ အစစ်အမှန် အင်မော်တယ်တွေ ဆယ့်နှစ်ဦး ထိန်းချုပ်ထားတဲ့ ၀င်္ကပါတွေ ပါ၀င်ပေမဲ့လည်း ဘယ်သူကမှ ပိုပြီးမြန်မြန်အရှေ့ကနေ ပြေးပြီးချီတက်မသွားခဲ့ပါဘူး။ လူစုမကွဲအောင်သာ တညီတညွတ်တည်း ချီတက်ခဲ့ကြတာပါ။ တပ်မဟာကြီးနှစ်ခု ရင်ဆိုင်မိသွားတဲ့အချိန်မှာတော့ နင်အပါအ၀င် ၁၂ ဦးလုံးဟာ အင်အားအပြည့်အ၀ အသုံးချလိုက်ကြပြီလေ။

“အဲဒီတစ်ယောက်က ဂျိနင်ရဲ့ ကောင်းကင်ဘုံကို အပြစ်ပေးသူ…။”

“သတိထားဟေ့…”

အက်ကြောင်းမဲ့ဂိတ်ရဲ့ စစ်သည်တော်တွေဟာ ဂျိနင်ကို မှတ်မိကြပါတယ်။ ဒါပေမဲ့လည်း သူတို့တွေ အနေနဲ့ စစ်မြေပြင်မှာ ရှောင်တိမ်းသွားဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပဲလေ။ သူ့ကို ထိပ်တိုက်ရင်ဆိုင်ဖို့ တနည်းသာ ရှိပါတော့တယ်။ တစ်ကိုယ်လုံးက အမွှေးအမျှင်တွေ ဖြူဖွေးလို့ နေပြီးတော့ ခြေဖဝါး နီရဲနေတဲ့ ဇူးယန်မျောက်ဝံကြီးဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ အော်ရာအရှိန်အဝါတွေနဲ့အတူ တခြား သတ္တဝါရိုင်းကြီးတွေကို ဖြတ်ကျော်ပြီး ဂျိနင်ဆီအရင်ဆုံး၀င်လာခဲ့ပြီလေ။

Book 21 - 30Where stories live. Discover now