Book 25 Chp 6

47 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 25 
Chapter 6 (ဘ၀အသစ်)

အဌမမြောက် မိုးကြိုးကိုးခုရဲ့ ခုနစ်ခုမြောက်မိုးကြိုး

ခရမ်းရောင်မိုးကြိုးအလင်းတန်းဟာ နင်ဆီကို အေးစိမ့်မှုတွေနဲ့အတူ ကျဆင်းလာခဲ့ပြီလေ။  အနက်ရောင်နင်လည်း သူ့ရဲ့လက်ချောင်းကို ကောင်းကင်ထက် ညွှန်ပြလိုက်ပြီလေ။ ဒီမှာပဲ ဓားပျံကြီးတစ်ထောင် ၀င်္ကပါဓားသိုင်းရဲ့ ရွှေရောင်ဓားဟာ ကောင်းကင်ထက် တစ်ကြိမ် ပျံတက်သွားခဲ့ပြန်ပြီလေ။

၀ုန်း ဝုန်း

တိုက်ခိုက်မှုကို ထပ်ပြီး ကာကွယ်လိုက်ပါပြီ။

“အဌမမြောက်  မိုးကြိုးကိုးခုအထိပဲ ဖြစ်ပါစေ။ ဒီထက်ပိုပြီး ပြင်းထန်လာရင် ငါ့ရဲ့ နှလုံးသားအင်အား အတွက် အများကြီး ဖိစီးမှုတွေ ဖြစ်လာလိမ့်မယ်။”
နင်လည်း နည်းနည်းတော့ စိတ်ပူလာခဲ့ပါပြီ။ တတိယအဆင့် နှလုံးသားအင်အားက အရမ်းကိုအစွမ်းထက်တဲ့အတွက် အဌမမြောက် မိုးကြိုးကိုးခုအထိကို အလွယ်တကူ ရင်ဆိုင်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ န၀မမြောက် မိုးကြိုး ဖြစ်လာမယ်ဆိုရင်တော့ မိုးကြိုးရဲ့အင်အားပြင်ထန်မှုဟာ အဆင့်အသစ် တစ်ခုအထိကို ရောက်သွားပြီး အ၇မ်းပြင်းထန်သွားတော့မှာပါ။ ဒါဆိုရင်တော့ မိုးကြိုးအချက်တိုင်းအတွက် နှလုံးသားအင်အား တော်တော်များများကို နင်အသုံးပြုလာရပါလိမ့်မယ်။ ကုန်ဆုံးသွားတဲ့အခါကျ၇င်တော့ သူပျောက်ကွယ်သွားရတော့မှာပါ။

၀ုန်း

၀ုန်း

ကောင်းကင်မိုးကြိုးဟာ အရမ်းကို ပြင်းထန်လွန်းလှပါတယ်။ ကောင်းကင်မိုးကြိုးနှစ်ခုဆက်တိုက် ကျဆင်းလာပြီးတဲ့အခါမှာတော့ ယုဝေတို့ ဒန်ချိုင်တို့တွေအားလုံး အရမ်းစိုးရိမ်သွားမိကြပါပြီ။

“ဒါက ဂိုဏ်းတူမောင်လေးရဲ့ မူလအမွှာပဲ ရှိသေးတယ်လေ။ အဌမမြောက် မိုးကြိုးကိုးခုက လုံလောက်သင့်ပြီ.. န၀မမြောက် မိုးကြိုး မရှိလောက်တော့ဘူးနော်.. ဟုတ်တယ်မလား.။”

“ဒဏ္ဍာရီလာ န၀မမြောက် မိုးကြိုးကိုးခု… ဒါတွေကို မြေကမ္ဘာအဆင့်ဖင်းဂေါ့တွေပဲရင်ဆိုင်ကြရတာပါ..။”

Book 21 - 30Where stories live. Discover now