Book 22 Chp 1

46 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 22 
Chapter 1 (ရာဟူးလေးကြီးရဲ့ အင်အားအပြည့်)

ဆံပင်နီနဲ့ ဖင်းဂေါ့ကြီးရဲ့ အစွမ်းကြောင့် ဂျိနင် အရမ်းကို တုန်လှုပ်သွားမိပါတယ်။ သူက အရမ်းကို အစွမ်းထက်လွန်းနေတယ်လေ။ ဒီ လှံတံရှည်ကြီး… သိုင်းကွက်တိုင်းဟာ ဝိညာဉ် သရဲလို ပုံရိပ်ယောင်တွေ ထွက်ပေါ်လာသလို လှုပ်ရှားလို့ နေပါတယ်။ သူ ဘယ်လိုက်သိုင်းကွက်ကိုပဲ အသုံးပြုပြု၊ လက်ချောင်းတွေကို ဓားသဖွယ် အသုံးပြုတာ ဒါမှ မဟုတ် ဓားသိုင်းတွေ ပြောင်းလဲပြီး အသုံးပြုတာ.. တိုက်ခိုက်မှုအားလုံးကို လှံတံရှည်ကြီးက ချေဖျက်လိုက်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ သိုင်းကွက်တွေကို ချေဖျက်လိုက်တဲ့အပြင်ကို သူ့ကိုပါ လှံနဲ့ ထိုးခုတ် နိုင်ခဲ့တယ်လေ။

ပြောရရင်တော့.. နင်လုံး၀ကို  အရေးန်ိမ့်နေခဲ့တာပါ။

လှံတံရှည်ကြီးက ရေထဲ ကခုန်လို့နေတဲ့ နဂါးတစ်ကောင်အလား လှုပ်ရှားလို့ နေပါတယ်။ အင်မတန် ဆန်းကျယ်တဲ့ လေးနက်မှုကိုလည်း သယ်ဆောင်ထားလို့ပါ။ နင်လည်း ကိုယ့်ကိုယ်ကိုယ် သဲအိတ်တစ်လုံးလို ဖြစ်နေပြီလို့ ခံစားမိလိုက်ရပါတယ်။

“မဖြစ်နိုင်တော့ဘူး.. မဖြစ်နိုင်တော့ဘူး…”
ဆံပင်နီနဲ့ ဖင်းဂေါ့ကြီးဟာတိုက်ခိုက်တာကို ရပ်တန့်လိုက်ပါတော့တယ်။ သူ့ဦးခေါင်းကို ခါယမ်းလိုက်ပြီးတော့ သက်ပြင်းတစ်ချက် ချလိုက်ပြီး
“ငါရှုံးသွားပြီ…။”

“ဆရာကြီး နှင်းနီခင်ဗျာ…ဆရာကြီးက တကယ်ကို အစွမ်းထက်လွန်း….”
စကားပြောနေရင်းနဲ့ နင်တစ်ခုခုကို နားလည်သွားခဲ့ပါပြီ။

သူ့ရန်သူရဲ့ နတ်ဘုရားစွမ်းအင်တွေ ကုန်ခမ်းလုလု အခြေအနေကို ရောက်သွားတာပဲ ဖြစ်ပါလ်ိမ့်မယ်။

“မင်းရဲ့ လက်ဝါးက  ငါ့ရဲ့ လှံတံရှည်နဲ့ ရင်ဆိုင်လိုက်တိုင်းမှာ… ငါ့ရဲ့နတ်ဘုရားစွမ်းအင်တွေ အများကြီးအသုံးပြုနေရတယ်လေ။”
ဆံပင်နီနဲ့ ဖင်းဂေါ့ကြီးက နင်ကို ကြည့်ပြီးတော့ သက်ပြင်းတစ်ချက် ချလိုက်လို့ပါ။
“ကြယ်တာရာဖမ်း နတ်ဘုရားလက်သိုင်းက တကယ်ကို အစွမ်းထက်လွန်းပါတယ်ကွာ..။ ငါ့ရဲ့ ဒီကိုယ်ပွားမှာ နတ်ဘုရားစွမ်းအင် နည်းနည်းလေးပဲ ပါလာတာလေ။ ကြယ်တာရာဖမ်း နတ်ဘုရားလက်သိုင်းကို ဆယ်ကြိမ် အထက် ရင်ဆိုင်ပြီးတဲ့ အခါမှာတော့ ကိုယ်ပွားထဲက စွမ်းအင်တွေ ခမ်းခြောက်လုနီးနီးကို ဖြစ်သွားခဲ့ပြီလေ။”

Book 21 - 30Where stories live. Discover now