Chp 582 (လောကသုံးပါတခွင် တုန်လှုပ်သွားခြင်း )

43 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 29
Chapter 582 (လောကသုံးပါးတခွင် တုန်လှုပ်သွားခြင်း)

“မင်း… မင်းက ဘယ်သူလဲ..။”
မီးလျှံငယ်ရုပ်ဆိုးကြီးလည်း သူ့အရှေ့က လူကို မယုံကြည်နိုင်စွာ ကြည့်နေမိခဲ့ပါတယ်။

“မင်းက လူတွေအများကြီး အများကြီးကို ဒုက္ခပေးပြီးခဲ့ပုံပဲ..။ ဒါကြောင့် ငါဘယ်သူလဲဆိုတာကိုတောင် မင်းမခန့်မှန်းနိုင်တာ မလား..”
ဂျိနင် မတ်တတ်ရပ်လို့နေခဲ့ပါတယ်။ သူ့ရဲ့ မျက်နှာသွင်ပြင်နဲ့ အော်ရာအရှိန်အဝါဟာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့ပါပြီ။ ၈၉ ပါးလျှို့ဝှက်နတ်သိုင်းကို အသုံးပြုခဲ့ရတဲ့အကြောင်းရင်းကတော့ အက်ကြောင်းမဲ့ဂိတ်ရဲ့ အစစ်အမှန် အင်မော်တယ်တွေ အင်ပါရီယာ နတ်ဘုရားတွေ သတိမမူမိအောင်ပါ။ ဒါမှလည်း မီးလျှံငယ်ရုပ်ဆိုးကြီးရဲ့ ကိုယ်ပွား ဆယ့်ခြောက်ခုကို သတ်ခွင့် ရနိုင်မယ်လေ။

သူ့အနေနဲ့ ရုပ်မဖျက်ပဲ မီးလျှံငယ်ရုပ်ဆိုးကြီးကို အရင်ဆုံး၀င်ရောက်တိုက်ခိုက်လိုက်မယ်ဆိုရင်တော့.. အက်ကြေင်းမဲ့ဂိတ်လည်း သတိထားမိသွားပြီးတော့ သူတို့ရဲ့ အင်ပါရီယာ နတ်ဘုရားတွေ အစစ်အမှန် အင်မော်တယ်တွေကို ဆုတ်ခွာခိုင်းလိုက်မှာလေ။ သူတို့တွေကို အရင်ဆုံးသွားသတ်မယ်ဆိုရင်လည်း အက်ကြောင်းမဲ့ဂိတ်ရဲ့ တာအိုဖခင်ကြီးတွေ သတိထားမိသွားမှာဖြစ်ပြီး.. သူ့အနေနဲ့ မီးလျှံငယ်ရုပ်ဆိုးကြီးကို ရင်ဆိုင်ဖို့ အချိန်ရတော့မှာ မဟုတ်ပါဘူး။

“ဂျိ.. ဂျိနင်….”
မီးလျှံငယ်ရုပ်ဆိုးကြီး မယုံကြည်နိုင်အောင်ကို ဖြစ်နေခဲ့ပါတယ်။ တုန်လှုပ်စွာနဲ့ သူပြောလာခဲ့ပြီလေ။
“ငါ့ကို ချမ်းသာပေးပါကွာ.. ငါ့ကို ချမ်းသာပေးပါ..။”

သူ့မှာ ကိုယ်ပွား စုစုပေါင်း ဆယ့်ရှစ်ခု ရှိတယ်လေ။ ဆယ့်ခြောက်ခုကတော့ ဇာတ်မြုပ်နေထိုင်ပြီး ကိုယ်ပွားနှစ်ခုကတော့ သွေးနီလောကမှာပါ။

ကျန်းရှုလောကဟာ တော်တော်လေးကို ဘေးကင်းလုံခြုံပါတယ်။ ဒါပေမဲ့.. အက်ကြောင်းမဲ့ဂိတ်က သွေးနီလောကကို စစ်ရှုံးသွားခဲ့ပြီလေ။ ဒါကြောင့် အဲဒီမှာ ရှိနေတဲ့ ကိုယ်ပွားနှစ်ခုဟာ အန္တရာယ်နဲ့ အချိန်မရွေး ရင်ဆိုင်ရနိုင်နေပါပြီ..။ ဒါပေမဲ့လည်း အက်ကြောင်းမဲ့ဂိတ်ရဲ့ အမိန့်ကို သူမလွန်နိုင်ခဲ့ဘူးလေ။ ကိုယ်ပွားအသစ်တွေ တည်ဆောက်ဖို့ကတော့… ကိုယ်ပွားတစ်ခုစီဟာ အလွန်ကို ထူးခြားတာကို သိကြမှာပါ။ ဒါတွေက သူ့ရဲ့ မူလခန္ဓာကိုယ်အတိုင်းပဲလေ။ ဒါကြောင့် တစ်ဦးဦးဆက်ပြီးတော့ ရှင်သန်နေဦးမယ်ဆိုရင်.. သူ့အနေနဲ့ ဆက်ပြီးတော့ အသက်ရှင်သန်နိုင်မှာပါ။

Book 21 - 30Where stories live. Discover now