Chp 579 ( တစ်ကိုယ်တော်ကျင့်ကြံအားထုတ်ခြင်း)

42 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 28
Chapter 579 (တစ်ကိုယ်တော် ကျင့်ကြံအားထုတ်ခြင်း)

ရတနာငါးပါး တောင်ကြီးတွေက အလွန်ကို ရှေးကျလွန်းသည်ထက် ရှေးကျနေပါတယ်။ လောကသုံးပါးရဲ့ နံပါတ်တစ် ဓားသိုင်းဖြစ်တဲ့ ရတနာငါးပါး ဓားသိုင်းကို ဒီမှာချန်ရစ်ထားခဲ့တာလေ။ ဒါကြောင့်လည်း မိုးကောင်းကင်တာအိုထက် ပိုပြီးကြီးကျယ်မြင့်မြတ်တဲ့ အော်ရာအရှိန်အဝါတွေ ဖြာထွက်နေခဲ့တာပါ။

သီးခြားဖြစ်တည်ခြင်း

တိတ်ဆိတ်ငြိမ်သက်ခြင်း

ရတနာငါးပါး တောင်ကြီးရဲ့ အော်ရာအရှိန်အဝါကြောင့်.. ငှက်တွေကော ပိုးကောင်တွေပါ ဒီနေရမှာ ရှင်သန်နိုင်စွမ်း မရှိခဲ့ပါဘူး။ ဒီမှာ ရှိနေတဲ့ သက်ရှိဆိုလို့ အင်ပါရီယာ နတ်ဘုရားတွေ အစစ်အမှန် အင်မော်တယ်တွေ လေးဆယ်ကျော်သာ ရှိခဲ့ပါတယ်။ ရတနာငါးပါး တောင်ကြီးတွေဟာလည်း အလွန်ကိုကျယ်ပြောကြီးမားလွန်းလှတဲ့အတွက် သူတို့တွေ တစ်ဦးနဲ့တစ်ဦး ဆုံတွေ့ဖို့ဆိုတာ တော်တော်ကို မဖြစ်နိုင်တဲ့ကိစ္စပါ။

“ဒီလောက်အထိ တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာကိုရှာတွေ့နိုင်ဖှို့က တော်တော်ကိုခဲယဉ်းတယ်။”
ဂျိနင်လည်း ဆင်းသက်လာခဲ့ပြီးတော့ တောင်နံရံတွေပေါ် ချန်ရစ်ထားခဲ့တဲ့ ဓားချက်တွေကို မော့ကြည့်နေမိပါတယ်။

“ဝှူး…”
ဓားသိုင်းပညာတွေ သူ့ရဲ့ ခေါင်းထဲ စီး၀င်လာတဲ့အခါမှာတော့.. နင်အလွန်ကို ရင်ထိတ်လို့သွားပါတော့တယ်။ ဒီဓားသိုင်းတွေကအလွန်ကိုရှေးကျလွန်းပြီး လေးနက်ဆန်းကြယ်နေလို့ပါ။ မိုးကောင်းကင်တာအိုရဲ့ ကန့်သတ်မှုကနေလည်း ကျော်လွန်သွားခဲ့ပြီလေ။

“တကယ့်ကို အံ့မခန်းပဲ..။ ဘယ်လိုဖြစ်ပြီးတော့ ဒီလောက်တောင်အစွမ်းထက်တဲ့ ဓားသိုင်းမျိုး လောကမှာ ရှိနေရတာလဲ..။”
အချိန်တေ်ာတော်ကြာတော့မှ နင်ပြန်ပြီးတော့ နိုးထလာခဲ့ပါတယ်။ တိမ်ပျံကိုစီးနင်းပြီးတော့ ဖြည်းဖြည်းချင်းအပေါ်ကိုပျံသန်းသွားခဲ့ပြီလေ။ ပထမဆုံးတောင်ကြီးက ကီလိုမီတာ တစ်ထောင်လောက် မြင့်မားပါတယ်။ ရတနာငါးပါး ဓားသိုင်း ပထမ အခန်းကတော့ တောင်နံရံရဲ့တစ်၀က်လောက်အထိကို အပြည့်လွှမ်းခြုံထားလို့ပါ။

Book 21 - 30Where stories live. Discover now