Book 21 Chp 7

51 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 21 
Chapter 7 (တောင်ပံ အင်မော်တယ်)

မူနော့စွန်းလည်း ဂျိနင်ကို စိုက်ကြည့်နေမိပါတယ်။ နောက်ဆုံးတော့ သူခေါင်းညိတ်လိုက်ပြီး
“ကောင်းပြီလေ.. ကျွန်တော်တို့ ညီအစ်ကို နှစ်ဦး အတူတူ လှုပ်ရှားကြတာပေါ့..။”

“ဟားဟားဟား.. ဒီလိုပဲဖြစ်ရမှာပေါ့..။”
နင်လည်း ရယ်မောလိုက်ပြီး သူ့ပခုံးကို ပုတ်လိုက်ပါတော့တယ်။

နော့စွန်းလည်း နင်ကို ကြည့်လိုက်ပြီးတော့ ပြုံးလိုက်ပါတယ်။ သူ့ရဲ့ နက်ရှိုင်းလှတဲ့ စိတ်ဝိညာဉ်နှလုံးသားနေရာမှာ ဒီကြင်နာမှုကို ကဗျည်းထိုး မှတ်သားထားလိုက်ပြီလေ။

..

နှစ်နာရီနားချိန် ပြည့်သွားခဲ့ပါပြီ။

မီးခိုးရောင် ၀တ်စုံကို ၀တ်ဆင်ထားကြသူအားလုံး ကိုယ့်အခန်းကနေ ကိုယ်ထွက်ခွာလာခဲ့ကြပါပြီ။ နော့စွန်းလည်း ဆံပင်စုတ်ဖွားနဲ့ ထွက်လာခဲ့ပြီလေ။

“မြန်မြန်…”

“မင်းတို့အားလုံး မြန်မြန်…”

အနက်ရောင် ၀တ်စုံ၀တ်တွေက သူတို့အားလုံးကို မြန်မြန်လျှောက်ဖို့ ဆော်သြနေပါတယ်။ ဒါပေမဲ့ မဟာပညာရှင်တွေကတော့ တိတ်ဆိတ်နေကြဆဲပါ။ အားလုံးက ၀တ်စုံနက်၀တ်တွေကို လျစ်လျူရှုထားကြပါတယ်။ သူတို့က ယန္တရားတာအိုရဲ့ မဟာပညာရှင်တွေပဲလေ။ သူတို့တွေ မကြိုးစားကြဘူးဆိုရင် အပြစ်ပေးခံရမှာပါ။ ဒါပေမဲ့ နှစ်နာရီ နားချိန်ကတော့ ပုံမှန်ပဲလေ။

“အနက်ရောင် ၀တ်တွေက ဒီ အဖွဲ့အစည်းထဲမှာ တော်တော်လေးကို ရာထူးအဆင့်အတန်း နိမ့်ကြသေးတယ်လေ။ ၀မ်ရှင်း နဲ့ မူလတာအို အဆင့်မှာ ရှိနေတဲ့ အနက်ရောင်၀တ်တွေကိုတော့ ကျွန်အမှုထမ်းအဆင့်သာဖြစ်ပြီး လွတ်မြောက်အင်မော်တယ်တွေနဲ့ မြေကမ္ဘာ အင်မော်တယ် ၀တ်စုံနက်တွေကတော့ ကြီးကြပ်သူတွေလေ။”
နော့စွန်းက ဒီအကြောင်းတွေ ရှင်းပြခဲ့လို့ နင်သိထားခဲ့ပြီးပါပြီ။

ဝေါ ဝုန်း

နန်းတော်ကနေ အလင်းရောင်ဖျော့ဖျော့ စီးဆင်းဖြာထွက်လာပါပြီ။ ဒီ မီးခိုးရောင် ၀တ်စုံ၀တ် လူတွေလည်း နန်းတော်ထဲ ၀င်သွားခဲ့ပြီလေ။ နော့စွန်းအပါအ၀င်ပေါ့..။

Book 21 - 30Onde histórias criam vida. Descubra agora