Book 27 Chp 10

44 5 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 27
Chapter 10 (သမီးလေး ပင်းယွဲ့)

“ဟင်.. မလောနဲ့လေ သမီးလေး။ အပြင်ကို မထွက်ခင် အင်္ကျီ၀တ်ပါဦး..။”
ယုဝေရဲ့ အသံကို အခန်းထဲကနေ ကြားလိုက်ရပြီလေ။

“ကျွန်မတို့ ပြင်ဆင်ထားတဲ့ အ၀တ်အစားတွေက အရမ်းကို သေးနေ….”
ဆောင်ဦးသစ်ရွက်လေးရဲ့ အသံလည်း ထွက်ပေါ်လာခဲ့ပါပြီ။

၀ုန်း!!

အိမ်တော်တံခါးဟာလည်း ပွင့်လို့သွားခဲ့ပြီလေ။ ဘောင်းဘီ မ၀တ်ထားတဲ့ ဆံပင်တွေ ရှုပ်ထွေးလို့နေတဲ့ ကလေးလေးတစ်ဦးဟာ ပွင့်သွားတဲ့ တံခါးကနေ ပျံသန်းပြီး ထွက်လာခဲ့ပါပြီ။ ဒီကလေးလေးက ကောင်မလေးဆိုတာကို ဂျိနင်တွေ့လိုက်ရတယ်လေ။ သူမရဲ့ အသားအရေဟာ အလွန်ကို နူးညံ့ပျော့ပြောင်းပါတယ်။ သူမရဲ့ မျက်လုံးတွေကတော့ ရွှန်းလဲ့ပြီး ဥာဏ်ပညာပြည့်စုံပုံ ရနေလို့ပါ။ ပြီးတော့ သူမရဲ့ ငယ်ထိပ်ထက်မှာ မီးလျှံတစ်ခုပုံ နတ်ဆေးမှင်ကြောင်တစ်ခု ရှိနေခဲ့တယ်လေ။

ကလေးမလေး၀န်းကျင်တခွင်မှာတော့ မီးတောက်မီးလျှံတွေ ပြည့်နေလို့ပါ။ သူမက မွေးရာပါ မီးဓာတ်ကို ပိုင်ဆိုင်သူလေ။

၀ုန်း

ကောင်မလေးလည်း ပျော်ရွှင်စွာ ပျံသန်းထွက်လာခဲ့ပြီးတော့ အခန်းတံခါးကို တစ်ချက်လှည့်ကန်လိုက်ပြန်ပါတယ်။ အခန်းတံခါးဟာ တစစီဖြစ်လို့ သွားခဲ့ပြီလေ။ ၀မ်းသားအားရနဲ့ အပြင်မှာ ရှိနေတဲ့ ဂျိနင်၊ မူနော့စွန်း၊ ဂျိအမှန်တရားစောင့်ထိန်းသူ၊ ရေမြေခွေးဖြူကြီးတို့ကို တစ်ချက်ဝေ့ပြီး ကြည့်လိုက်တယ်လေ။ သူမရဲ့ ချစ်စဖွယ်ကောင်းတဲ့ကလေးသံလေးနဲ့ ပြောလာခဲ့ပါပြီ။
“ရှင်တို့တွေ.. ရှင်တို့ထဲက ဘယ်တစ်ယောက်က ကျွန်မ အဖေလဲ..။”

နင်၊ နော့စွန်း၊ ဦးလေးဖြူ တို့တွေအားလုံးပဲ တအံ့တသြ ဖြစ်လို့သွားခဲ့ပါတော့တယ်။

သူတို့တွေ သတိပြန်၀င်လာဖို့ တဒင်္ဂလောက် ကြာခဲ့တယ်လေ။

“မိုးနတ်မင်းရေ…”
နော့စွန်းလည်း အကြိမ်များစွာ မျက်စိကို ပွတ်သပ်လိုက်မိပါတယ်။
“ဒါ.. ဒါက ကလေးပေါက်စလား..။”

Book 21 - 30Where stories live. Discover now