Book 27 Chp 13

37 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 27
Chapter 13 (ဆေးဝါး)

နတ်ဘုရားဘုရင်လည်း ရာဇပလ္လင်ထက်ထိုင်ပြီးတော့ သူမကို ကြည့်လိုက်ပါတယ်။
“ယုဝေ.. မင်းကို ငါဘယ်လို ဆက်ဆံခဲ့လဲ..။”

“နတ်ဘုရားဘုရင်ဟာ ယုဝေကို ကြင်နာမှုအပြည့်နဲ့ဆက်ဆံခဲ့ပြီး ကျေးဇူးတရားဟာ တောင်ကြီးတစ်တောင်အလား ကြီးမားလှပါတယ်။”
ယုဝေလည်း ဒူးထောက်ရင်းနဲ့ ရိုကျိုးစွာပဲ ပြန်ဖြေလိုက်ပါတယ်။ ဒီစကားလုံးတွေက သူမနှလုံးသားရဲ့ အနက်ရှိုင်းဆုံးသော နေရာက ထွက်ပေါ်လာခဲ့တာပဲလေ။ သူမရဲ့ အရင်ဘ၀တုန်းက တကယ်ကို နတ်မိစ္ဆာတစ်ဦးဖြစ်ခဲ့ပါတယ်။ သူမဟာ အလွန်ကို ဆိုးသွမ်းရက်စက်ခဲ့တဲ့ အဇူရာပါ။ နတ်ဘုရားဘုရင်က သူမကို ဖျောင်းဖျကူညီပေးခဲ့တဲ့အတွက် သူမအသိစိတ် ပြန်၀င်လာခဲ့တာလေ။ နတ်ဘုရားဘုရင်ကြောင့်သာ မဟုတ်ဘူးဆိုရင် သူမ အသိစိတ်တွေ ဆုံးရှုံးသွားတော့မှာပါ။

ပြီးတော့ နတ်ဘုရားဘုရင်ဟာ သူမတို့အားလုံးကို တစ်ခုချင်းဆီ ဖြည်းဖြည်းချင်း သင်ကြားပေးခဲ့ပါတယ်။ အားလုံးဟာလည်း နတ်ဘုရားဘုရင်ကို အလွန်ပဲ ချစ်ခင်ကြည်ညိုခဲ့ကြတာပါ။ သူ့အတွက် အသက်စွန့်ဖို့တောင် ၀န်မလေးကြပါဘူး။

ယုဝေလည်း နတ်ဘုရားဘုရင်ကယ်တင်ခဲ့တဲ့ မရေမတွက်နိုင်အောင်များပြားတဲ့ လူတွေထဲက တစ်ဦးပဲလေ။ ယုဝေဟာ ဂိုဏ်းချုပ်ကြီးလူရဲ့ တပည့်ဖြစ်လာခဲ့တဲ့အခါမှာတော့ အက်ကြောင်းမဲ့ဂိတ်ရဲ့ သူလျှိုတွေထဲမှာ သူမအဆင့် အလွန်မြင့်မားသွားခဲ့ပြီလေ။ ပြောရရင် သူလျှိုအများစုဟာ မြေကမ္ဘာအင်မော်တယ်တွေ လွတ်မြောက်အင်မော်တယ်တွေ ဖြစ်ကြပြီးတော့ .. အယောက် တစ်သောင်းမှာ တစ်ယောက်သာ ကောင်းကင်အင်မော်တယ်တွေပါ။ ပြီးတော့ သူ့လို အရေးကြီးတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်တဲ့ လူတုံပင်ရဲ့ တပည့်မျိုးဆိုတာ ပိုပြီးတော့တောင် ရှားပါးပါသေးတယ်။

အခုဆို ယုဝေက ဂိုဏ်းချုပ်ကြီးလူနဲ့တင် မကတော့ပဲ ဂျိနင်နဲ့ပါ ပတ်သက်နေပြီလေ။ သူမဟာ ဒီလောက်စစ်ပွဲကို အက်ကြောင်းမဲ့ဂိတ်အတွက် ပြောင်းလဲအောင် စီစဉ်ပေးနိုင်မဲ့ တစ်ဦးတည်းသောသူ ဖြစ်နေခဲ့ပါပြီ။

Book 21 - 30Where stories live. Discover now