Book 22 Chp 4

48 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 22 
Chapter 4 (မိစ္ဆာအိုကြီး လေနှင်သူ)

ဂျိနင်တို့တွေလည်း အဝေးက မျက်စိတဆုံး ဖြန့်ကျက်လို့ထားတဲ့ တောင်တန်းကြီးကို ကြည့်နေမိကြပါတယ်။ သူတို့တွေ ၀င်သွားတော့မယ်ဆိုပေမဲ့လည်း.. တောင်တန်းကြီးက ဖြာထွက်လို့လာတဲ့ စွမ်းအင်လှိုင်းတွေကို ခံစားမိလိုက်ကြပါတယ်။ ဒါကတော့ ဒီတောင်တန်းဒေသကြီးကို အမြဲကာကွယ်လို့ပေးထားတဲ့ အကာအကွယ် ၀င်္ကဘာကြီးတစ်ခုပါ။

“ဂိုဏ်းတူအစ်ကိုကြီး.. ကျွန်တော်တို့တွေ အထဲကို ဘယ်လို၀င်ကြမလဲ..။”
မူနော့စွန်းလည်း စိတ်နဲ့ဆက်သွယ်ပြီးမေးလိုက်ပါတယ်။

ချွင်ကလေးလည်း ကြည့်ပြီးတော့ တီးတိုးပြောလိုက်လို့ပါ။
“မရေမတွက်နိုင်အောင်များလွန်းလှတဲ့ သာမန်လူသားတွေ၊ တန်ခိုးရှင်ပေါင်း တစ်သန်းကျော်.. ဒီလို ရှေးခေတ်ဟောင်း ဌာနချုပ်တစ်ခုကို ကာကွယ်ပေးထားတဲ့ ၀င်္ကဘာတွေ ဘယ်လောက်များပြားမယ်ဆိုတာ ဘယ်သူက သိနိုင်မှာလဲ..။ ဒီဌာနချုပ်တည်ရှိနေခဲ့တာ နှစ်ပေါင်းမရေမတွက်နိုင်အောင်ကို ကြာမြင့်နေခဲ့ပြီလေ။ မီးလျှံငယ်ကလန်ရဲ့ မျိုးဆက်တိုင်းက ကောင်းကင်အင်မော်တယ်တွေအားလုံးလည်း ၀င်္ကဘာတွေကို ဆက်တိုက် တည်ဆောက်ထားခဲ့ကြမှာ..။ ဒီလို နယ်မြေက တကယ့်ကို သံမဏိတံတိုင်းကာရံထားတဲ့ နယ်မြေပဲ..။ ကျွန်မတို့တွေ ဘယ်လိုလုပ် အထဲ၀င်ကြမလဲ..။ ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ…။”
ချွင်ကလေးလည်း နင်ကို လှမ်းကြည့်လိုက်ပါတယ်။

“ဂိုဏ်းတူအစ်ကိုကြီး…”
နော့စွန်းလည်း နင်ကို ကြည့်လိုက်လို့ပါ..။

ဒီလို နယ်မြေကို ရင်ဆိုင်ရမယ်ဆိုတော့.. ဘယ်လိုမှ မတွေးနိုင်အောင် ဖြစ်လို့နေကြပါပြီ။

ဒါက လုံခြုံေ၇း အရမ်းကို တင်းကျပ်လွန်းတယ်လေ။

သူတို့ရောက်ဖူးတဲ့ အရှေ့ပိုင်း သစ်တောတောင်တန်းနယ်မြေထက်ကို ပိုပြီး လုံခြုံရေးတင်းကျပ်တာပေါ့..။ ဒါက မီးလျှံငယ်ကလန်ရဲ့ ဌာနချုပ်တစ်ခုပေမဲ့လည်း… စတေးဝါးတားနော့မွန့်ကလန်ထက်ကို အများကြီး ကြီးကျယ်နေခဲ့ပါပြီ။ မီးလျှံငယ်ကလန်ရဲ့ ဖင်းဂေါ့ခေတ်ကနေ အခုခေတ်အထိ မျိုးဆက်တစ်ခုလုံးမှာ ကောင်းကင်အင်မော်တယ်ပေါင်းများစွာလည်း ပေါ်ထွက်ခဲ့ဖူးမှာပါ။ ဒီလို ရှေးဟောင်းကလန်ကြီးရဲ့ ဌာနချုပ်… ဒီနယ်မြေထဲ ၀င်ရောက်ဖို့က အတွင်းစိတ်နှလုံးသားတောင်ရဲ့ ၀င်္ကဘာတွေကာကွယ်ပေးထားတဲ့ ချိုင့်ဝှမ်းဒေသလိုပဲ အန္တရာယ်များလွန်းလှပါတယ်။

Book 21 - 30Where stories live. Discover now