Book 28 Chp 560 ( မိုးနဲ့မြေကိုခွဲခြမ်းခြင်း)

47 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 28
Chapter 560 (မိုးနှင့်မြေကို ခွဲခြမ်းခြင်း)

“ဟမ့်”
ဓားတန်ခိုးရှင် ထာ၀ရ စိမ်းလန်းခြင်းလည်း တာအိုဖခင်ဂိုလမ်ကြီးနဲကတသားတည်းဖြစ်သွားခဲ့ပြီလေ။ ဂိုလမ်ကြီးရဲ့ အံ့မခန်း စွမ်းအင်တွေကို သူခံစားမိနေရပါပြီ။

“ပြီးပြည့်စုံတဲ့ကောင်းကင်ဘုံကို အပြစ်ပေးသူရဲ့ အော်ရာအရှိန်အဝါကလည်း အရမ်း ကြမ်းနေပြီပဲ..။ ကောင်းကင်အင်မော်တယ် ကိုးထောင်နဲ့ လွတ်မြောက်အင်မော်တယ် ၈၁၀၀၀၀ ပါ၀င်တဲ့ မဟာ၀င်္ဂပါအဖြစ် ကျော်ကြားထိုက်ပါပေတယ်။ သူ့ရဲ့ အော်ရာအရှိန်အဝါက ငါ့တာအိုဖခင်ဂိုလမ်ကြီးလောက်နီးနီးကို ရှိနေခဲ့ပြီပဲ..။”
ဓားတန်ခိုးရှင် ထာ၀ရစိမ်းလန်းခြင်းက နည်းနည်းလေးမှကို စိတ်မပူခဲ့ပါဘူး။ ပြောရရင် သူနည်းနည်းတောင် အထင်သေးနေခဲ့သေးတယ်လေ။
“ဒါက အလကား ရုပ်လုံးပြထားတာပဲ ရှိသေးတာ..။ အော်ရာအရှိန်အဝါ ပြင်းထန်နေတော့ကော ဘာသွားသုံးရမှာလဲ..။ သူက အရမ်းကို အင်အားကြီးမားနေရင်တောင်မှ ဒီလောက်များပြားတဲ့ စွမ်းအင်တွေကို ထိန်းချုပ်နိုင်ဖို့ဆိုတာ နတ်ပြည်တက်တာထက်တောင်ခက်သေးတယ်။ ရိုးရှင်းတဲ့ကောင်းကင်ဘုံကို အပြစ်ပေးသူ ၀င်္ကပါကိုတောင် အင်ပါရီယာ နတ်ဘုရားတွေ အစစ်အမှန် အင်မော်တယ်တွေ တော်တော်များများ အပြည့်အ၀ မထိန်းချုပ်နိုင်ကြဘူးလေ။ ပြီးပြည့်စုံတဲ့ ၀င်္ကပါအတွက်ဆို စာဖွဲ့ဖို့တောင် မလိုဘူး။”

ကောင်းကင်ဘုံကို အပြစ်ပေးသူ ၀င်္ကပါကို အဆင့်သုံးဆင့် ခွဲပြီးတော့ ပြောနိုင်တယ်လေ။

ရိုးရှင်းတဲ့အဆင့်မှာတော့ ကောင်းကင်အင်မော်တယ် တစ်ထောင်နဲ့ လွတ်မြောက်အင်မော်တယ် တစ်သိန်းပါ၀င်ပါတယ်။

ပညာရှင်အဆင့်မှာတော့ ကောင်းကင်အင်မော်တယ် သုံးထောင်နဲ့ လွတ်မြောက်အင်မော်တယ် သုံးသိန်းပါ၀င်လာခဲ့ပါပြီ။

ကောင်းကင်အင်မော်တယ် ကိုးထောင်နဲ့ လွတ်မြောက်အင်မော်တယ် ၈၁၀၀၀၀ ပါ၀င်တဲ့ကောင်းကင်ဘုံကိုအပြစ်ပေးသူကိုတော့ပြီးပြည့်စုံတဲ့အဆင့်လို့ ခေါ်တွင်ခဲ့ပြီလေ။ ဒီအဆင့်မှာတော့ အင်အားဟာ အံ့မခန်းကို ကြီးမားလာခဲ့ပါပြီ။ နင်က သန့်စင်သောယန် အင်မော်တယ်ဖြစ်လာပေမဲ့လည်း နှလုံးသားအင်အား ပညာရပ်ကို တတိယအဆင့်သာ ရောက်ရှိဦးမယ် စိတ်ဝိညာဉ်နှလုံးသားအင်အားပညာရပ်ကိုလည်း ပညာရှင်အဆင့်သာ ရောက်ရှိထားဦးမယ်ဆိုရင်.. ဒီပြည့်စုံတဲ့အဆင့်ရဲ့ အင်အား ဆယ်ပုံတစ်ပုံကိုသာ ထိန်းချုပ်နိုင်မှာပါ။ ဒါကိုကြည့်ရင်.. ပြီးပြည့့်စုံတဲ့ကောင်းကင်ဘုံကို အပြစ်ပေးသူကို ထိန်းချုပ်ဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ မြင်တွေ့နိုင်ပြီလေ။

Book 21 - 30Where stories live. Discover now