Book 24 Chp 17

41 5 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 24 
Chapter 17 (ဒေါသပေါက်ကွဲနေသော ကောင်းကင်အင်မော်တယ် အမှောင်ကောင်းကင်ဘုံ)

ဂျိနင်လည်း ပေါ့ပေါ့ပါးပါးပဲ ခေါင်းညိတ်လိုက်ပါတယ်။
“ကပ်ဘေးကို ရင်ဆိုင်ဖို့ အချိန်တန်ပြီပေါ့..။ အဲဒီမတိုင်ခင် ချိုင့်ဝှမ်းဒေသကို ကျွန်တော် ခဏပြန်လိုက်ဦးမယ်။ ကပ်ဘေးမရင်ဆိုင်ခင်မှာ စိတ်ကို တည်ငြိမ်စေဖို့အတွက်ပါ။ ပြောရရင်.. ကျွန်တော့်ရဲ့ မိုးကောင်းကင်ကပ်ဘးတွေဖြစ်တဲ့  ဝါယော စမ်းသပ်စစ်ဆေးခြင်း၊ မီးလျှံ စမ်းသပ်စစ်ဆေးခြင်း၊ မိုးကြိုး စမ်းသပ်စစ်ဆေးခြင်းနဲ့ မိစ္ဆာနှလုံးသား စမ်းသပ်စစ်ဆေးမှုတွေဆိုရင် တော်တော်လေးကို လွယ်ကူလိမ့်မယ်ထင်တယ်။ မိစ္ဆာနှလုံးသား စမ်းသပ်စစ်ဆေးမှုကတော့ အခက်ခဲဆုံး ဖြစ်လိမ့်မယ်။”

ကမ္မ အကုသိုလ်အပြစ်သား မီးလျှံတွေက သူ့ကို တစ်ချိန်လုံးလောင်ကျွမ်းနေတယ်လေ။ ဒါကြောင့် မိစ္ဆာနှလုံးသား စမ်းသပ်စစ်ဆေးမှုဟာ ကြောက်စရာအကောင်းဆုံးဖြစ်လာမှာပါ။

“ကောင်ပါပြီရှင်…”
ယုဝေလည်း စိတ်တော့ပူနေခဲ့ပါတယ်။

“ဆရာ့ကို အရင်ပြောပြပြီးရင် ချိုင့်ဝှမ်းဒေသကို အတူတူ သွားကြမယ်လေ။”
နင်ပြောလိုက်ပါတယ်။

“မောင်လေးသဘောလေကွယ်…”
ယုဝေက ပြုံးရွှင်စွာ ပြောလိုက်ပါတယ်။

အဲဒီနေ့မှာပဲ.. နင်နဲ့ ယုဝေတို့ ချိုင့်ဝှမ်းဒေသကို ပြန်လာခဲ့ကြပါပြီ။

..

ချိုင့်ဝှမ်းဒေသ.. တောင်ပံမြွေနဂါးရေအိုင်..တောက်ပသော နှလုံးသားကျွန်းလေး…

“အား… ဆရာပါလား.. သက်တန့်နတ်သမီးမှာ ဆရာနဲ့ ရတဲ့ ကိုယ်၀န်ရှိနေပြီပဲ.. ဆရာက ဘာဖြစ်လို့ ကျွန်မကို မပြောပြာတာလဲ..။ ဘာဖြစ်လို့ ဒီလောက်အရေးကြီးတဲ့ ကိစ္စကို မပြောပြရတာလဲရှင့်..။ ဆရာ့ကြောင့် ကျွန်မ ရင်တွေ နာနေရပါပြီနော်… ဝုိး…”
ချွင်ကလေးလည်း ယုဝေရဲ့ ၀မ်းဗိုက်ကို ကြည့်ပြီးတော့ ၀မ်းသာအားရပြောလိုက်ပါတယ်။
“ဆရာ.. ဆရာကလေးကို ကျွန်မဆီ တပည့်ခံခိုင်းပါလား.. မကောင်းဘူးလားဟင်…။”

Book 21 - 30Where stories live. Discover now