Chp 575 ( ကျင့်ကြံအားထုတ်ခြင်း)

39 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 28
Chapter 575 (ကျင့်ကြံအားထုတ်ခြင်း)

“ငါ ဒီမှာပဲ ကျင့်ကြံအားထုတ်လိုက်မယ်။ နိုင်းဖန်.. မင်းလည်း ကျင့်ကြံအားထုတ်ကြည့်လိုက်လေ။ ဒါမှမဟုတ် တခြားလုပ်စရာရှိတာတွေ လုပ်ရင်လည်း လုပ်ချေ..။”
နင်က စိတ်နဲ့ ဆက်သွယ်ပြောဆိုလိုက်တာပါ။

“နားလည်ပါပြီခင်ဗျာ..။”
နိုင်းဖန်လည်း လေးစားစွာပြောလိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ အဝေးတစ်နေရာက အရက်ဆိုင်ဆီကို သူပျံသန်း၀င်ရောက်သွားခဲ့ပြီလေ။ သူ့အနေနဲ့ပတ်၀န်းကျင်တခွင်ကို အမြဲလေ့လာနေမှာဖြစ်ပြီး နင်လိုအပ်တဲ့အချိန် အရောက်သွားနိုင်ဖို့ကို အမြဲအသင့်ပြင်ထားပါတယ်။

..

သွေးအုန်ထုတ်လိုက်ရတဲ့ ပိန်ပိန်ပါးပါး မိစ္ဆာသားရဲလေးက ပတ်၀န်းကျင်ကို မယုံကြည်နိုင်စွာ ကြည့်နေမိလို့ပါ။
“ဘာ..ဘာဖြစ်လို့.. ငါဒီကိုရောက်နေရတာလဲ..။”
သူ့ပတ်၀န်းကျင်မှာတော့ စီးဆင်းနေတဲ့ မြစ်ကြီးဖြစ်နေလို့ပါ။ ဒါက တရားကျင့်ကြံအားထုတ်ရာ နယ်မြေမဟုတ်ဘူးလေ။

“ငါ တွန်းတိုက်တိမ်တိုက် တောင်မှာမဟုတ်ဘူးလား…။ အင်း.. ဟုတ်သား.. ငါလည်းတော်တော်ကို လက်လွန်သွားခဲ့တယ်။ သွေးလေဖောက်ပြီး ရူးသွပ်သွားခဲ့တယ်မဟုတ်လား..။ ဆရာကြီး တစ်ဦးဦးက ငါ့ကို ကယ်တင်ပေးလိုက်တာနေမယ်။”
မိစ္ဆာသားရဲလေးလည်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကြောင့် တော်တော်ကို ကြောက်ရွံ့သွားခဲ့တယ်လေ။ နင်ရဲ့မျက်လုံးထဲမှာတော့ သူက မိစ္ဆာသားရဲလေး တစ်ကောင်ထက် မပိုတော့ပါဘူး။ ဒါပေမဲ့ တကယ်တော့ သူဟာ မူလတာအို မိစ္ဆာသားရဲပါ။ သူ့နှလုံးသားထဲမှာ နက်ရှိုင်းလှတဲ့ အမုန်းတရားတွေပြည့်လို့နေတဲ့အတွက် လေးနက်ဆန်းကြယ်တဲ့ ဓားသိုင်းကို ဥာဏ်အလင်းရအောင်ကြိုးစားရှာဖွေခဲ့တာပါ။ ဒါမှ လက်စားချေနိုင်မယ်လေ။ ဒါပေမဲ့.. သူ့ရဲ့ အလောတကြီးဖြစ်မှုကြောင့် ကျင့်ကြံအားထုတ်ရာမှာ…. သွေးလေဖောက်ပြန်ပြီး ရူးသွပ်သွားခဲ့ရတာပါ။

ပြောရရင် တာအိုဖခင်ကြီး ချန်ရစ်ခဲ့တဲ့ ဓားသိုင်းကို ကောင်းကင်အင်မော်တယ် အောက်အဆင့်က လေ့ကျင့်မယ်ဆိုရင်တော့ အလွန်ကို အန္တရာယ်များလှပါတယ်။ ဒါပေမဲ့ အင်မော်တယ် လမ်းစဉ်ဆိုတာ ဆူးညှောင့်ခလုတ်တွေ ချောက်နက်ကြီးတွေနဲ့ ပြည့်လို့နေတာလေ။ တာအိုဖခင်ကြီးရဲ့ ဓားချက်တွေကိုကြည့်ပြီးတော့ အစွမ်းထက်တဲ့ ကိုယ်ပိုင်ဓားသိုင်းကို ဖန်တီးနိုင်ခဲ့တဲ့ သူတွေရဲ့ ဒဏ္ဍာရီတွေဟာလည်း ဒုနဲ့ဒေးနဲ့ ရှိနေပါသေးတယ်။ တွန်းတိုက်တိမ်တိုက်တောင်မှာ ဥာဏ်အလင်းရလာကြတဲ့ ဖြစ်ရပ်ကလည်း မကြာခဏဖြစ်နေကျကိစ္စတစ်ခုပါ။ သူတို့တွေဟာလည်း ကိုယ်ပိုင်ကျောင်းတော်တွေ တည်ထောင်နိုင်ခဲ့ကြတယ်လေ။

Book 21 - 30Where stories live. Discover now