Book 21 Chp 6

51 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 21 
Chapter 6 (ကယ်တင်ရန် အစီအစဉ်)

အခုလက်ရှိအခြေအနေက ဘယ်လိုကြောင့်ဖြစ်လာလဲဆိုတာကို ဂျိနင် နားလည်သွားခဲ့ပါပြီ။
“ဂိုဏ်းတူညီလေး… ညီလေးရဲ့ တာအိုလက်တွဲဖော် ဝိညာဉ်ကို ကယ်တင်ဖို့ အစ်ကို စဉ်းစားကြည့်ပေးမယ်။ ပြီးရင် ညီလေးတို့ကို ခေါ်ထုတ်သွားမယ်လေ။”

နင်ရဲ့ရင်ထဲမှာ လူသတ်ချင်စိတ်တွေ ပြည့်နေပေမဲ့လည်း… အခုအရေးအကြီးဆုံးက ဂိုဏ်းတူညီလေးနဲ့ယုရှရဲ့ စိတ်ဝိညာဉ်ကို ကယ်တင်နိုင်ဖို့ပါ။

“အဲ့ဒါတွေက အသုံးမ၀င်ပါဘူးအစ်ကိုကြီး… ကျွန်တော် တားမြစ်နယ်မြေကနေ ဘယ်လိုမှ ထွက်ခွာလို့ မရဘူးလေ။”
မူနော့စွန်းက ခေါင်းကို ခါယမ်းပြီး ပြောလိုက်ပါတယ်။

“ဘာဖြစ်လို့လဲ..”

“ဒီ ဆန်းကျယ်တဲ့ အဖွဲ့အစည်းကြီးက ကျွန်တော်တို့ရဲ့ဇီဖူထဲမှာ တည်နေရာရွှေ့ပြောင်းပို့ဆောင်ခြင်း တာအိုတံဆိပ်တော်အကြီးတစ်ခုတစ်လေ ရှိနေမှာ စိုးရိမ်ခဲ့တယ်။ ကျွန်တော်တို့ကို မသတ်ပဲနဲ့ ဘယ်လိုမှကို မသိနိုင်ဘူးလေ။”
နော့စွန်းက စကားဆက်လိုက်ပါတယ်။
“ကျွန်တော်တို့ ထွက်ပြေးတာကို ကာကွယ်နိုင်ဖို့အတွက်.. ကျွန်တော်တို့ကို ဖမ်းဆီးလာကတည်းက မိုးကောင်းကင်တာအိုကို တိုင်တည်ပြီး အဓမ္မ သစ္စာဆိုခိုင်းခဲ့တယ်လေ။ သူတို့က လွတ်လပ်ရေးပေးလိုက်ရင်တော့တစ်မျိုးပေါ့…။ ဒီအရှေ့ပိုင်းတောအုပ်တောင်တန်း ဒေသအပြင်ကို ကျွန်တေ်ာတို့ ထွက်သွားတာနဲ့ စိတ်ဝိညာဉ်ကြွေလွင့်ရပျက်ဆီးသွားရမှာလေ။”

“ဘာ..”
နင်လည်းတုန်လှုပ်သွားခဲ့ပါပြီ။

ဒါက ပြသနာတော်တော်ကြီးနေပြီလေ။

“ကျွန်တော်တို့မှာ လမ်းနှစ်ခုပဲရွေးစရာရှိတယ်။ ပထမ တစ်ခုကတော့.. သေလမ်းပဲ..။ ကျွန်တေ်ာတို့ ချစ်ရတဲ့ သူရဲ့ စိတ်ဝိညာဉ်က နှစ်ပေါင်းများစွာအကြာမှာ ကျွန်တော်တို့နောက် လိုက်လာလိမ့်မယ်။ ဘယ်သူမှလည်း ပြန်လည်မွေးဖွားလာတော့မှာ မဟုတ်ဘူး။ ဒုတိယ လမ်းစဉ်ကတော့.. မိုးကောင်းကင်တာအိုကို တိုင်တည်သစ္စာဆိုထားတဲ့အတိုင်း ကြိုးကြိုးစားစား အလုပ်လုပ်ပြီး နောက်ဆုံးလွတ်လပ်ခွင့်ကို စောင့်မျှော်တာ..။”

Book 21 - 30Where stories live. Discover now