Book 22 Chp 13

50 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 22 
Chapter 13 (ခြေလှမ်း ဓားသိုင်း)

“ကျွန်တော်ကတော့ ဂျိနင်ပါ။ ကြေးတိုင်ကြီးကို ဆွဲနှုတ်တာက အသေးအဖွဲလေးပါ။”
ဂျိနင်ပြောလိုက်ပါတယ်။

အခုခေတ်က ဖင်းဂေါ့ခေတ်မဟုတ်တော့ပဲ တော်၀င်ရှ အင်ပါယာ မင်းဆက်ခေတ်ဆိုတာကို နင်သေချာနားလည်ထားပြီးသားပါ။ လူသားကလန်အချင်းချင်း တိုက်ပွဲတွေ ဖြစ်တာက အသေးအဖွဲကိစ္စပေမဲ့လည်း လူသားတွေကို အမှုထမ်းဖို့ ငြင်းဆိုတဲ့ ဖင်းဂေါ့တွေကိုတော့ အဖွဲ့အားလုံးက အင်အားစုကြီးအားလုံးက လိုက်လံနှိမ်နင်းခဲ့ပါတယ်။ ဒါကြောင့် ဖင်းဂေါ့ကြီးတွေဟာ ကမ္ဘာဆုံးတဲ့အထိကို မရပ်မနား ကြေကွဲဖွယ်ရာထွက်ပြေးနေကြရတာပါ။ ဂေါတောင်တန်းက နွံတောကြမ်းမှာ ရင်ဆိုင်ခဲ့တဲ့ ဖင်းဂေါ့ကြီးလည်း အလားတူ ဖြစ်ရပ်မျိုးကြုံတွေ့နေတာလေ။ သူက လွတ်မြောက်အင်မော်တယ်တွေထက် အများကြီးပိုပြီးအစွမ်းထက်သလို လက်ကလေးနဲ့ ဖျစ်ညှစ်ပြီး သတ်လိုက်နိုင်တဲ့ အစွမ်းရှိပေမဲ့လည်း… လူတွေကို ပြန်မတိုက်ခိုက်ရဲခဲ့ဘူးလေ။ အသည်းအသန်သာ ထွက်ပြေးသွားခဲ့ပါတယ်။

အညံ့ခံအမှုထမ်းဖို့ဆိုတာက..

ဒီ ဖင်းဂေါ့ကြီး ကိုးရာကျော်လုံးကို မီးလျှံငယ်ကလန်က ဖမ်းဆီးပြီးတော့ နှစ်ပေါင်းများစွာနှိပ်စက်ခဲ့တာလေ။ ဒါပေမဲ့ သူတို့တွေ အမှုထမ်းဖို့တော့ ငြင်းဆိုခဲ့ကြပါတယ်။ ဒါကြောင့် သူတို့တွေအနေနဲ့ တခြားလူသားကလန်တွေဆီမှာလည်း အညံ့ခံဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါ။

“ငါတို့ ဖင်းဂေါ့တွေဟာ ချစ်ခြင်းမေတ္တာကို ချစ်ခြင်းမေတ္တာနဲ့ တုန့်ပြန်တယ်။ ရက်စက်မှုကို ရက်စက်မှုနဲ့ တုန့်ပြန်တယ်။”
ခေါင်းကိုးလုံး ဖင်းဂေါ့ကြီးက စိတ်နဲ့ ဆက်သွယ်လိုက်ပြီးတော့ မီးလျှံငယ်ကလန်ရဲ့ ကောင်းကင်အင်မော်တယ် ကိုးဦးကို လှည့်ကြည့်လိုက်ပါတယ်။ မိုးမြေကိုတုန်လှုပ်သွားစေအောင် သူအော်ဟစ်ရယ်မောလိုက်ပြီး
“အ..ဟား ဟား ဟား… မီးလျှံငယ်ကလန်… မင်းတို့တွေက ငါတို့ကို နှစ်ပေါင်းမရေမတွက်နိုင်လောက်အောင်ကို နှိပ်စက်ခဲ့ကြတာ..။ ဒီနေ့ဟာ လက်စားချေရမဲ့နေ့ပဲပေါ့ကွာ..။ တော်၀င်ရှ အင်ပါယာရဲ့ နတ်ဘုရားသတ် အစောင့်အရှောက်တွေ မရောက်လာခင် သူတို့အားလုံးကို သတ်ကြမယ်ဟေ့..။”

Book 21 - 30Where stories live. Discover now