Book 25 Chp 18

44 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 25 
Chapter 18 (ရှေ့ပြေး)

“မြို့ရိုးတွေဆီကို သွားကြမယ်။”
အစစ်အမှန် အင်မော်တယ် ဝါးဖြူလည်း ချက်ချင်းကို အမိန့်ပေးလိုက်ပါတယ်။

“သွားကြစို့…”

အင်ပါရီယာ နတ်ဘုရားကြီးတွေ အစစ်အမှန် အင်မော်တယ်ကြီးတွေဟာ ကောင်းကင်အင်မော်တယ် တော်တော်များများနဲ့ အတူ ပင်မနန်းတော်ကနေ မြို့တံတိုင်းတွေဆီကို ပျံသန်းသွားခဲ့ကြပြီလေ။

အက်ကြောင်းမဲ့မြို့တော်ဟာ သိပ်ပြီးတော့ မကြီးမားလှပါဘူး။ ဒါကြောင့် သတိပေးသံ ထွက်ပေါ်လာတဲ့ တံတိုင်းဆီကို ချက်ချင်းပဲ သူတို့ရောက်လာခဲ့ကြပြီလေ။ သူတို့ရောက်လာတဲ့အခါမှာတော့ ကင်းလှည့်တာ၀န်ကျနေတဲ့ စစ်သည်တော်တွေဟာ ချက်ချင်းကို ဒူးထောက်လိုက်ကြပါပြီ။ မြေကမ္ဘာဖင်းဂေ ါ့အချိုကညေ်း ပါ၀င်ပါတယ်။ တချို့ဆို အမြင်အာရံုံနဲ့ ပတ်သက်တဲ့ နတ်ဘုရားသိုင်းပညာကို လေ့ကျင့်ထားတာကြောင့် အဝေးကြီးကို မြင်တွေ့နိုင်တယ်လေ။

“အဲ…”

အစစ်အမှန်အင်မော်တယ် ဝါးဖြူတို့တတွေကတော့ကိုယ်ပိုင် လျှို့ဝှက်သိုင်းပညာတွေ နတ်ဘုရားသိုင်းပညာတွေ တတ်မြောက်ထားကြတဲ့အတွက်.. အဝေးကို ချက်ချင်းပဲ လှမ်းကြည့်လိုက်ကြတယ်လေ။

အခုက အာရုံတက်ချိန်ပါ…။

နွံတောကြမ်းကြီးမှာတော့ မြူတွေဝေလို့နေပါတယ်။ အင်ပါရီယာ နတ်ဘုရားတွေ အစစ်အမှန် အင်မော်တယ်တွေ မြူကို ခွင်းပြီးကြည့်လိုက်ကြတဲ့ အခါမှာတော့… အက်ကြောင်းမဲ့ဂိတ်ရဲ့ ကီလိုမီတာ သုံးထောင်အကွာမှာ မီတာသုံးသောင်းလောက် မြင့်မားတဲ့  ခြေဗလာနဲ့ ဖင်းဂေ့ါကြီးတစ်ဦး ရှိနေခဲ့ပါပြီ။ ခါးမှာတော့ သားမွေးအ၀တ်စလေးတစ်ခုသာ ပတ်ထားပြီး တစ်ကိုယ်လုံး အ၀တ်မဲ့နေပါတယ်။ အရှေ့ကို အမြန်ဆုံး ပြေးလာနေတဲ့ သဏ္ဌာန်ဟာ ကြယ်တွေလတွေကို လိုက်ပြီးဖမ်းနေတဲ့ အလားပါ။

ခြေဗလာနဲ့ ဖင်းဂေါ့ကြီးမှာ ဦးခေါင်းသီးသန့် မရှိပါဘူး။ သူ့ရဲ ရင်ပတ်မှာပဲ ကြောက်မက်ဖွယ်ကောင်းတဲ့ မျက်နှာကြီးရှိနေတယ်လေ။ သူ့ရဲ့ နို့တွေဟာ မျက်လုံးတွေ ဖြစ်နေခဲ့ပြီး သူ့ရဲ့ ချက်နေရာမှာတော့ ပါးစပ်ကြီးရှိနေလို့ပါ။ သူ့မျက်နှာကတော့ ကောင်းကင်ယူနီတီရဲ့ မျက်နှာသွင်ပြင်နဲ့ သဏ္ဌာန် တူပါတယ်။ ဒီကောင်းကင်ဘုံကို အပြစ်ပေးသူကတော့ တော်၀င်ရှအင်ပါယာက ကောင်းကင်အင်မော်တယ် ယူနီတီရဲ့ တပ်မဟာဖြစ်မှာ သေချာပါတယ်။

Book 21 - 30Where stories live. Discover now