Chp 612 ( အောင်မြင်ပြီ)

36 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 30
Chapter 312 (အောင်မြင်ပြီ)

စကြ၀ဠာလှေပျံလေးဟာ မိုးကြိုးပင်လယ်အစပ်မှာပဲ တစ်ကြိမ်ထပ်ပြီး ရပ်တန့်လိုက်ပါတယ်။ နောက်ကိုယ်ပွားတစ်ခုဟာ မိုးကြိုးပင်လယ်ထဲ ခုန်ချသွားခဲ့ပြီး နတ်ဘုရား ခန္ဓာကိုယ်ကို အသွင်ပြောင်းလဲနေပါတော့တယ်။

ပြောရရင်တော့..  နင့်အနေနဲ့ တစ်ခုတည်းကျန်တဲ့ ကိုယ်ပွားကို မီးခိုးရောင်မိုးကြိုးနယ်မြေအထိ ၀င်ရောက်သွားစေပြီးတော့ ခန္ဓာကိုယ်ကို အသွင်ပြောင်းလဲထားသင့်ပါတယ်။ ပြီးတော့မှ ဒီ ခန္ဓာကိုယ်ကို အခြေခံပြီးတော့ နောက်ထပ် ကိုယ်ပွားတွေ ပြန်လည်တည်ဆောက်လိုက်မယ်ဆိုရင်.. နင်ရဲ့ ကိုယ်ပွားအားလုံးမှာ မိုးကြိုးဓာတ်တွေ ပါ၀င်စီးဆင်းနေတော့မှာပါ။ ဒါဆိုရင် နင့်အနေနဲ့ မိုးကြိုးပင်လယ် မြွေနဂါးနက်တွေဆီကို ချက်ချင်းပဲ ကူးခတ်သွားပြီးတော့ အသွင်ပြောင်းလဲခြင်းကို လုပ်ဆောင်နိုင်ပါလိမ့်မယ်။ ဒါဆို အချိန်ကုန်တော်တော်သက်သာသွားမှာပါ။ ဒါပေမဲ့ ဒီလိုမျိုး နင်မလုပ်ဆောင်ခဲ့ပါဘူး။ ကိုယ်ပွားတစ်ခုစီကို ဖြည်းဖြည်းချင်းသာ အသွင်ပြောင်းပြီး ခရီးဆက်ခဲ့ပါတယ်။

ဒါလိုနဲ့ပဲ နင်ဟာ တဖြည်းဖြည်းနဲ့ ပိုပိုပြီး အတွေ့အကြုံ စုဆောင်းမိလာခဲ့ပါပြီ။

အခုလက်ရှိမှာတော့… နင်ဟာ ရှစ်ဆယ့်ကိုးပါးလျှို့ဝှက်နတ်သိုင်း န၀မမြောက် အဆင့်ကြောင့် မီးခိုးရောင်မိုးကြိုးတွေအထိကို ရင်ဆိုင်နိုင်နေခဲ့ပါပြီ။ ဒါက သူ့ရဲ့ မိုးကြိုးလျှပ်စီးနဲ့ ပတ်သက်တဲ့ အတွေ့အကြုံကြောင့် မဟုတ်ခဲ့ပါဘူး။ သူရဲ့ မာကျောလွန်းလှတဲ့ ခန္ဓာကိုယ်ကြောင့်သာ အောင်မြင်ခဲ့တာပါ။ တစ်ကြိမ်ပြီး တစ်ကြိမ် စမ်းသပ်ရင်းနဲ့.. သူ့ရဲ့ အတွေကအကြုံတွေ ပိုများပြားလာခဲ့ပါပြီ။ သူ့အနေနဲ့ သုံလအပို အတွေ့အကြုံကိုသာ ယူခဲ့ပြီး ပျက်စီးခြင်း ၀တ်မှုန် အပိုကုန်ဆုံးတာကို ကာကွယ်ခဲ့တာပါ။

“အင်း…”
စကြ၀ဠာ လှေပျံလေးထက်မှာတော့ နင်မျက်မှောင်ကြုတ်နေမိပါတယ်။ သူ့ရဲ့ စိတ်ဝိညာဉ်ပျက်စီးသွားခြင်းရဲ့ နာကျင်မှုကို သူခံစားမိပြန်ပြီလေ။

Book 21 - 30Where stories live. Discover now