Book 22 Chp 10

46 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 22 
Chapter 10 (နက်ရှိုင်းသောချောက်ကမ်းပါး)

ချိုတစ်ချောင်းနဲ့ လူပုံသဏ္ဌာန် လူရိပ်အရှေ့မှာတော့ ကျွန်းစွယ်တောင်တန်း တစ်ခုလို ကြီးမားလွန်းလှတဲ့ အင်းဆက်ပိုးကောင်ကြီးတစ်ကောင် ရှိနေလို့ပါ။ ဒီ အင်းဆက်ပိုးကောင်ကြီးက ချပ်၀တ်တန်ဆာ အင်းဆက်ပိုးကောင်အမျိုးအစားလေ။ ပိုးကောင်ကြီးရဲ့ ဦးခေါင်းက တြိဂံသဏ္ဌာန် ဖြစ်ပြီးောတ့ ကြေးနီရောင်အလင်းတွေ ဖြာထွက်လို့နေပါတယ်။ သူ့တစ်ကိုယ်လုံးဟာ သတ္ထုနဲ့ ပြုလုပ်ထားတဲ့အလားပါ။ သူ့ရဲ့ ပါးစပ်ထဲမှာတော့ မြိနေအောင် ချွန်တဲ့ သွားကြီးတွေပြည့်လို့နေပြီး ဓားသွားလို ခြေထောက်ကြီး ၁၆ ချောင်းလည်း ပိုင်ဆိုင်ထားပါတယ်။

ဒီ အင်းဆက်ပိုးကောင်ကြီးကနေ အံ့မခန်း အရှိန်အဝါတွေ ဖြာထွက်လို့နေပြီး မီးခိုးရောင် အရှိန်အဝါတစ်ခုဟာလည်း သူ့ခန္ဓာကိုယ်ကနေ မပြတ်ဖြာထွက်လာနေလို့ပါ။ ဒီကောင်ကြီးက အလွန်ကို ကြီးမားလှပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ဟာ မီတာ သုံးသောင်းလောက်ကို ရှည်လျားနေတယ်လေ။

“လိမ္မာတဲ့ကောင်လေး…”
ချိုတစ်ချောင်းနဲ့ လူလို သဏ္ဌာန်က ချက်ချင်းပဲ ပါးစက်ကို ဖွင့်လိုက်ပါတယ်။

၀ှစ်

အံ့မခန်းကို ကြီးမားလွန်းလှတဲ့ ပိုးကောင်ကြီးဟာတဖြည်းဖြည်း အရွယ်သေးငယ်လာခဲ့ပြီလေ။ သိပ်မကြာခင်မှာပဲ ချိုတစ်ချောင်းနဲ့ လူကြီးပါးစပ်ထဲပျံ၀င်သွားနိုင်တဲ့ အစက်လေး အဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။

“ဘိုးဘေးကြီး..”

“ဆရာ…”

လူရိပ်နှစ်ခု ချက်ချင်းကို ပျံသန်းရောက်ရှိလာခဲ့ပါပြီ။ တစ်ဦးကတော့ ၀တ်စုံနက်၀တ် ကတုံးကြီးတစ်ဦး ဖြစ်ပြီး နောက်တစ်ဦးကတော့ တောက်ပတဲ့ ရွှေရောင်ဆံပင်ပိုင်ရှင် အမျိုးသမီးတစ်ဦးပါ။ ဒီကောင်းကင်အင်မော်တယ် နှစ်ဦးဟာ အလွန်ကို ယဉ်ကျေးစွာ ဂါရဝြပုလိုက်ကြပါတယ်။ ဒီချိုတစ်ချောင်း လူကြီးက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလည်းဆိုတာ သူတို့သေချာသိထားကြတယ်လေ။ သူကတော့ မီးလျှံငယ်ကလန်တစ်ခုလုံးရဲ့ တစ်ဦးတည်းသော ဘိုးဘေးကြီးပါ။ မီးလျှံငယ်ကလန်ဟာ အကြင်နာရေစက်ကလန်ကို ဦးမညွတ်ခဲ့ပဲ နှစ်ပေါင်းများစွာကို ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့တဲ့ တကယ့်အကြောင်းအရင်းကတော့.. ဒီ ဘိုးဘေးကြီးကြောင့်ပဲလေ။ အကြင်နာရေစက်ကလန်မှာ အင်ပါရီယာ နတ်ဘုရား ဘိုးဘေးကြီး ရှိနေပါတယ်။ ဒါပေမဲ့ မီးလျှံငယ်ကလန်မှာလည်း သူတို့ရဲ့ ဘိုးဘေးကြီး ရှိနေတယ်လေ။

Book 21 - 30Where stories live. Discover now