Book 23 Chp 6

41 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 23 
Chapter 6 (မဟာစကြ၀ဠာ ၀င်္ကပါ)

“ဒီလူသားက အရမ်းကို အင်အားချိနဲ့နေသေးတယ်။ နယ်ခြားစောင့်တပ်တွေရဲ့ ပထမဆုံး တပ်မဟာကြီးကိုပါ စေလွှတ်လိုက်ပြီးပြီလေ။ ပထမဆုံး တပ်မဟာကြီးထဲမှာဆို အနည်းဆုံး ပထမသား တစ်ဦးပါတယ်လေ။ သူတို့တွေ ကြုံတွေ့သမျှကို ငါအားလုံးမြင်နိုင်လိမ့်မယ်။ ပြီးတော့ ဒီလူသားကိုလည်း အနီးကပ်သေချာလေ့လာနိုင်လိမ့်မယ်။”
ဘုရင်မမိခင်ကြီးရဲ့ စိတ်အာရုံက ပြောလိုက်တာပါ။

“အစ်မကြီးလုပ်ရပ်မှန်ပါပေတယ်။”

“ဒီလူသားကို သေချာစောင့်ကြည့်ထားတာကောင်းတယ်။”

ချိုကျိုးကမ္ဘာကိုတော့ ဒီဘုရင်မ မိခင်ကြီး  ၃ ဦးက အုပ်ချုပ်တာပါ။ သူတို့တွေက ဒီကမ္ဘာကြီးကိုတည်ထောင်သူတွေလေ။ ဒါကြောင့် ဂျိနင်ထက်ကို အများကြီးပိုပြီး အစွမ်းထက်ပါတယ်။ ဒါပေမဲ့ နင်ကိုယ်စားပြုနေတဲ့လူသားတွေကို သူတို့ အရမ်းကြောက်ရွံ့နေကြတယ်လေ။ ဒါကြောင့်လည်း သူတို့တွေ နည်းနည်းလေးမှကို ယုံကြည်မှု မလွန်ကဲရဲခဲ့တာပါ။

ဘုရင်မ မိခင်ကြီး ၃ဦးလုံးဟာ ကလေးတွေ မွေးဖွားခဲ့တယ်လေ။

သူတို့ရဲ့ ကလေးတွေကလည်း ကလေးတွေ ထပ်ပြီးမွေးဖွားခဲ့ကြတယ်။

ဒီလိုနဲ့ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် ဆက်လာခဲ့တာ..

ချိုကျိုးကမ္ဘာရဲ့ မူလအစ ကမ္ဘာသားတွေကတော့ ဒီ ဘုရင်မ မိခင်ကြီး  ၃ ဦးပါ။ ဘုရင်မ မိခင်ကြီး ၃ ဦးက ပထမဆုံး မွေးဖွားလာကိုတော့ ပထမ သားတွေလို့ သိကြပါတယ်။ သူတို့တွေက အလားအလာအကောင်းဆုံး ရှိနေတဲ့ သူတွေလေ။ ပထမသားတွေရဲ့ ကလေးတွေကတော့ ဒုတိယ သားတွေပါ။ သူတို့ရဲ့ အဆင့်က ပထမသားတွေပြီးရင် အမြင့်ဆုံးပေါ့..။ ဒုတိယ သားတွေရဲ့ ကလေးတွေကတော့ တတိယသားတွေပါ.. ဒီလိုနဲ့ တဆင့်ပြီး တစ်ဆင့်..။

ဥပမာပေးရရင် အကြီးအကဲနန်းတော်က အကြီးအကဲ ကိုးမှာ ၈ ဦးကတော့ ပထမသားတွေ ဖြစ်ပြီး တစ်ဦးကတော့ တတိယသားပါ။

ဘုရင်မ မိခင်ကြီးက မွေးဖွားလာတဲ့ ပထသားတွေမှာ သူတို့ရဲ့ သိမြင်ထားသမျှ အတွေကအကြုံအားလုံးကို လက်ဆင့်ကမ်းပေးထားတယ်လေ။

Book 21 - 30Where stories live. Discover now