Book 26 Chp 15

35 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 26 
Chapter 15 (ခြုံခိုတိုက်ခိုက်ခြင်း)

ကောင်းကင်ဘုံ

ရှေးခေတ်ကမ္ဘာဦးက မဟာစစ်ပွဲကြီးကြောင့် ပန်ဂုကမ္ဘာကြီး ပျက်စီးသွားခဲ့ရပြီး လောကသုံးပါ ဖြစ်ပေါ်လာခဲ့တယ်လေ။ ကောင်းကင်ဘုံကတော့ ပန်ဂုကမ္ဘာကြီးရဲ့ အကြီးမားဆုံးသော အစိတ်အပိုင်းကြီးပါ။ ကောင်းကင်ဘုံရဲ့ အော်ရာအရှိန်အဝါဟာ ရှေးကမ္ဘာရဲ့ အော်ရာအရှိန်အဝါနဲ့ အလွန်ကို ဆင်တူပါတယ်။ ဒီကျယ်ပြောလှတဲ့ လောကကြီးမှာ ကောင်းကင်ဘုံခုံရုံးဟာ တစိတ်တဒေသသော အရှေ့ပိုင်းနယ်မြေကိုသာ ပိုင်ဆိုင်ထားတာပါ။ လင်းတောင်ရဲ့ ဗုဒ္ဓတွေကတော့ အနောက်ပိုင်းမှာ ရှိနေပါတယ်။ အဲဒီမှာ ဗုဒ္ဓပေါင်းမရေမတွက်နိုင်အောင်ကို သီတင်းသုံးနေသလို ကောင်းကင်ဘုံခုံရုံးထက်လည်း အဆမျာစွာ သြဇာအာဏာ ကြီးမားပါတယ်။

ကျောက်စိမ်းဧကရာဇ်(သိကြားမင်း) ဟာ ဗုဒ္ဓတွေကို တွေ့ဆုံရတိုင်း ရိုသေလေးစားစွာပဲ ဂါရ၀တရားနဲ့ ဆက်ဆံရတယ်လေ။

ဗုဒ္ဓတွေဟာ အစစ်အမှန် နတ်ဘုရားတွေ တာအိုဖခင်ကြီးတွေနဲ့ နှိုင်းယှဉ်လို့ရတဲ့ ပုဂ္ဂိုလ်ကြီးတွေပါ။ သူတို့အနေနဲ့ လောကသုံးပါးရဲ့ အမည်ခံခေါင်းဆောင်ဖြစ်တဲ့ ကျောက်စိမ်းဧကရာဇ်ကိုတော့ ယဉ်ယဉ်ကျေးကျေး ဆက်ဆံကြပါတယ်။

ကောင်းကင်ဘုံမှာ တာအိုလမ်းစဉ်ရဲ့ မြင့်မြတ်သော နယ်မြေလည်း ရှိလို့နေတယ်လေ။

တာအိုလမ်းစဉ်၊ ဗုဒ္ဓသံဃာ… သူတို့တွေဟာ ကောင်းကင်ဘုံရဲ့ တကယ့်မဟာပုဂ္ဂိုလ်ကြီးတွေပါ။ သူတို့ပြီးရင် ဒုတိယ ကတော့ ကျန်ရှိနေတဲ့ တခြားသော မဟာအင်အားစုကြီးတွေဖြစ်သွားပါပြီ။ ပြီးတော့ ကောင်းကင်ဘုံမှာပဲ အင်ပါရီယာ နတ်ဘုရားကြီးတွေ အစစ်အမှန် အင်မော်တယ်ကြီးတွေရဲ့ ကိုယ်ပိုင်နယ်မြေဒေသတွေလည်း ရှိနေပါသေးတယ်။ သူတို့တွေကလည်း ကျောက်စိမ်းဧကရာဇ်ကို မျက်စိထဲတောင် မထည့်ကြဘူးလေ။

ကောင်းကင်ဘုံ… တုန်လျန်တောင်ကြီး

“မဟာဘုရင်ကြီး… မဟာဘုရင်ကြီး…”
မြေကမ္ဘာအဆင့် ကြွက်အမျိုးအစား မိစ္ဆာသားရဲတစ်ကောင် ပျံသန်းပြီး အသည်းအသန် အော်ခေါ်လိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ မဟာနန်းတော်ကြီးတစ်ခုထဲ သူရောက်သွားခဲ့ပါပြီ။ အထဲမှာတော့ မိစ္ဆာသားရဲ နတ်ဘုရားကြီး ခြောက်ဦး ထိုင်လို့နေပါတယ်။ သူတို့တွေရဲ့ အသွင်အပြင်ဟာလည်း မတူကြပါဘူး။ မိစ္ဆာသားရဲ နတ်ဘုရားကြီး ခြောက်ဦးလုံးဟာ ပေါင်းအိုးကြီးတစ်ခုအတွင်းက ရဲရဲနီနေတဲ့ အသားတုံးကြီးတွေနဲ့ အရက်တွေကို အားရပါးရ စားသောက်နေကြတာပါ။

Book 21 - 30Where stories live. Discover now