Book 22 Chp 9

50 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 22 
Chapter 9 (တောင်တန်းနှင့် မြစ်ကြီးများကို မြေလှန်ပစ်လိုက်နိုင်သော အစွမ်း)

“ငါဘယ်လိုလုပ် သိမှာလဲဟ…”
ကောင်းကင်အင်မော်တယ် အရူးကြီးလည်း စိတ်တွေတိုလို့နေပါပြီ။
“ငါတို့တွေ သူ့ကို နောက်ဆုံး တိုက်ခိုက်ခဲ့တာ လ၀က်လောက်ပဲ ရှိသေးတယ်လေ။ ဘာဖြစ်လို့ သူက ဒီလောက်ထိ အစွမ်းထက်လာရတာလဲ.. ငါ ဘယ်လိုလုပ် တွေးမိမှာလဲဟ..။”

“နောက်ဆုံးအကြိမ်တုန်းကဆို သူက ကျွန်တော့်လောက်တောင် မစွမ်းသေးဘူးလေ။”
ကောင်းကင်အင်မော်တယ် သေမင်းသစ်တုံးက ပြောလိုက်တာပါ။
“ဒါပေမဲ့ .. ဒီတစ်ခေါက်တော့ သူက ရှောင်ယန် ဖင်းဂေါ့ယဉ်ပါးလေ့ကျင့်ရေး ၀င်္ကဘာကိုတောင် အလွယ်လေး ချေဖျက်ပစ်နိုင်နေပြီ..။ သူက ကျွန်တော်နဲ့ ရွှေနာရီထက်ကို အများကြီး အစွမ်းထက်သွားခဲ့ပြီပဲ…။”

“အမှန်ပဲခင်ဗျ…”
ကောင်းကင်အင်မော်တယ် ရွှေနာရီလည်း ၀န်ခံလိုက်ပါတယ်။ သူတို့အရှေ့မှာမျက်မြင်ကို ဖြစ်ပျက်နေပြီလေ။

သူတို့တွေ ရင်ဆိုင်မိလိုက်တာ တခဏပေမဲ့လည်း… ဂျိနင်ဟာသူတို့ တွေးထားတာထက်ပိုပြီအစွမ်းထက်နေပြီလို့ အားလုံး လက်ခံလိုက်ကြပါပြီ။

ရှောင်ယန်ဖင်းဂေါ့ ယဉ်ပါးလေ့ကျင့်ရေး ၀င်္ကဘာက ရန်သူတွေကို ဖမ်းဆီးရာမှာ တကယ့်ကို အစွမ်းထက်တဲ့ ၀င်္ကဘာပါ။ ဖင်းဂေါ့ခေတ်ကတည်းကကို ဖင်းဂေါ့တွေကို ဖမ်းဆီးဖို့ အထူးစီစဉ်ထားခဲ့တဲ့ ၀င်္ကဘာလေ။ ဂျိနင်ကို ရင်ဆိုင်ဖို့ အရမ်းကို သင့်တော်တဲ့ လက်နက်ပေါ့..။ ဒါပေမဲ့ သူ့ကို တကယ်ဖမ်းဆီးဖို့ဆိုတာမှာ… လုံး၀ကို ဖိအားပေး အသာစီး ယူထားနိုင်မှသာ ဖမ်းဆီးနိုင်မှာလေ။

နောက်ဆုံးအကြိမ် ဂျိနင်ကို ခြုံခိုတိုက်ခိုက်တုန်းကသာ ၈၉ ပါး လျှို့ဝှက်နတ်သိုင်းကို လေ့ကျင့်ထားမှန် ကြိုသိထားကြရင်.. ကောင်းကင်အင်မော်တယ် မီးလျှံငါးကို သူတို့တွေ ကြိုတင် ခေါ်လာခဲ့မှာပါ။ ဒါဆိုရင် ရှောင်ယန် ဖင်းဂေါ့ယဉ်ပါးလေ့ကျင့်ခြင်း ၀င်္ကဘာနဲ့ အစောကြီးကတည်းက ဂျိနင်ကိုဖမ်းဆီးနိုင်ခဲ့ပြီးပါပြီ။

Book 21 - 30Where stories live. Discover now