Book 23 Chp 13

40 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 23 
Chapter 13 (အနီရောင်ကောင်းကင်ကိုးဆင့် ကျင့်စဉ် အဆင့် ၁၇)

“ဘာဖြစ်သွားတာလဲ..။”
၀က်ဝံ၀ါကြီးက အလောတကြီး မေးလိုက်ပါတယ်။
“ခရမ်းရောင် ၀တ်ရုံ၀တ် စစ်သူရဲကြီးကို ရင်ဆိုင်တာမှာ မင်းစွမ်းအားကုန်တော့မယ်လေ။ ဒါပေမဲ့ ဘယ်လိုဖြစ်ပြီး..။”

၀က်ဝံ၀ါကြီး ဘာကိုမေးလိုက်တာလဲဆိုတာ ၀တ်စုံနက်၀တ် နင်သေချာသိပါတယ်။ ၀က်ဝံ၀ါကြီးကို သူဖုံးကွယ်မနေတော့ပါဘူး။ ပြီးတော့ လောကသုံးပါး တခွင်မှာ နှလုံးသားအင်အားကို အသုံးပြုသူက မနည်းလှဘူးလေ။
“ဆရာကြီး၀က်ဝံ… ကျွန်တော့် နတ်ဘုရားစွမ်းအင်က လုံး၀ကို ကုန်ခမ်းသွားတော့မဲ့ အခြေအနေမှာ အရာအားလုံးကို ကျွန်တော် လျစ်လျူရှုလိုက်ပြီးတော့ အစွမ်းအထက်ဆုံး ဓားသိုင်းကို ထုတ်သုံးလိုက်တယ်။ ဒါပေမဲ့ ဓားသိုင်းက ကျွန်တော် မှန်းထားတာထက်တောင် အများကြီးအင်အားပြင်းထန်သွားခဲ့တယ်လေ။ ဒီတော့မှ ကျွန်တော့် နှလုံးသားအင်အားတွေ ဓားဆီကို စီးဆင်းသွားတာ သတိထားမိခဲ့တယ်။ နှလုံးသားအင်အား နည်းနည်းလျော့နည်းသွားတာ တွေ့လိုက်ရလို့လေ။”

“နှလုံးငသားအင်အား…”
၀က်ဝံ၀ါကြီး အံ့အားသင့်သွားပါတယ်။
“မင်းရဲ့ နှလုံးသားအင်အားကို ဓားလက်ချောင်းဆီ ပို့ဆောင်လို့ ရတယ်လား..။”

“အမှန်ပါပဲခင်ဗျာ..။”
နင်လည်းခေါင်းညိတ်လိုက်ပါတယ်။

“ဒါပေမဲ့.. ဒါ…”
၀က်ဝံ၀ါကြီး မယုံကြည်နိုင်အောင် ဖြစ်နေခဲ့တယ်လေ။

တကယ်တော့ ၀က်ဝံ၀ါကြီးက နင်လောက်တောင် နှလုံးသားအင်အားအကြောင်းကို မသိထားပါဘူး။ နင်က ဟုန်ယွိရဲ့ လေးအတတ်ပညာကို လေ့ကျင့်ထားတဲ့အပြင်ကို အတွင်းစိတ်နှလုံးသားတောင်မှာလည်း လောကသုံးပါးအကြောင်းနဲ့ ပတ်သက်တဲ့ စာအုပ်တွေ အများကြီး ဖတ်ခဲ့သေးတယ်လေ။ ၀က်ဝံ၀ါကြီးကတော့ တာအိုတန်ခိုးရှင် အသက်သုံးချောင်းနဲ့ အတူနေစဉ်ကသာ သိထားတာတွေ ရှိခဲ့တာပါ။

“မင်း.. မင်းတကယ်ပဲ နှလုံးသားအင်အားကို ဓားလက်ချောင်းတွေကနေ အသုံးပြုနိုင်နေပြီလား.. ဒါပေမဲ့… မင်းက မိုးကောင်းကင် စမ်းသပ်စစ်ဆေးမှုတွေကို မကျော်ဖြတ်ရသေးဘူးလေ။ ဟုတ်တယ်မလား..။”
၀က်ဝံ၀ါကြီး တော်တော်ကို အံ့အားသင့်လို့ ရှိနေဆဲပါ။ လောကသုံးပါး တခွင်မှာ နှလုံးသားအင်အားကို အသုံးပြုနိုင်သူ မှန်သမျှက အလွန်ကို ကျော်ကြားကြတယ်လေ။ အားလုံးကလည်း ကြောက်မက်ဖွယ်ကောင်းလွန်းကြတဲ့ အင်အားစုကြီးတွေ… ပြောရရင် အစစ်အမှန် နတ်ဘုရားတွေ တာအိုဖခင်ကြီးတွေအဆင့်ရောက်နေကြသူတွေပါ။ အားအနည်းဆုံး သူဆိုရင်တောင်မှ အနည်းဆုံး အင်ပါရီယာ နတ်ဘုရား ဒါမှမဟုတ် အစစ်အမှန် အင်မော်တယ်အဆင့် ရှိနေကြတယ်လေ။

Book 21 - 30Where stories live. Discover now