Book 26 Chp 18

37 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 26 
Chapter 18 (တာအိုဖခင်ကြီးများ ဆင်းသက်လာခြင်း)

ရှအင်ပါရီယာ ပြည့်ရှင်လည်း တစ်ဦးချင်းစီနဲ့ မ်ိတ်ဆက်ပေးလိုက်ပါတယ်။ ဂျိနင်လည်း တချို့အကြောင်းတွေကိုတော့ ကြားဖူးထားခဲ့တယ်လေ။ သူတို့ကို တစ်ကြိမ်မှ သူမတွေ့ဆုံဖူးခဲ့သလို တချို့ကိုဆိုရင် သူလုံး၀ ကြားကို မကြားဖူးခဲ့ပါဘူး။ လူတိုင်းကလည်း လူတုံပင်လို ကျော်ကြားသူတွေ မဟုတ်နိုင်ဘူးလေ။ ဒါပေမဲ့ ဘယ်လောက်အစွမ်းထက်တယ်ဆိုတာကိုတော့ ကျော်ကြားမှုနဲ့ ဆုံးဖြတ်လို့မရပါဘူး။ တချို့ လျှို့ဝှက်ပြီး နေထိုင်ကြတဲ့ အင်ပါရီယာ နတ်ဘုရားတွေ အစစ်အမှန် အင်မော်တယ်တွေဆို လူတုံပင်ထက်တောင် အများကြီး အစွမ်းထက်နိုင်တယ်လေ။

“ဒါကတော့ ဂိုဏ်းတူညီလေး ထာ၀ရ စိမ်းလန်းခြင်းပဲ..။”
အနက်ရောင် ရှအင်ပါရီယာ ပြည့်ရှင်က ရယ်မောလိုက်ပြီးတော့ ဂျိနင်ကို တစ်ချက်လှမ်းကြည့်လိုက်ပါတယ်။

ဓားတန်ခိုးရှင် ထာ၀ရ စိမ်းလန်းခြင်း…

နင်လည်း ကြောင်အသွားတယ်လေ။ ဓားတန်ခိုးရှင် ထာ၀ရ စိမ်းလန်းခြင်းကို သူသေချာလေ့လာကြည့်လိုက်မိပါတယ်။ သူကတော့ လူငယ်လေးတစ်ဦးအသွင်သဏ္ဌာန်ရှိပြီးတော့ ထူးဆန်းတဲ့ မျက်နှာထားနဲ့ အံံမခန်း အော်ရာအရှိန်အဝါတွေ ဖြာထွက်နေပါတယ်။ သူလည်း စိတ်ထဲကနေ တွေးလိုက်မိတယ်လေ။
“အော်… သူက ဓားတန်ခိုးရှင် ထာ၀ရ စိမ်းလန်းခြင်းပေါ့…။ ရှအင်ပါရီယာ ပြည့်ရှင်က သူ့ကို တပည့်တစ်ဦးလက်ခံပေးဖို့ တောင်းဆိုခဲ့တဲ့အခါမှာ သဘောတူခဲ့ပြီး ငါ့ကို သတင်းပေးဆွဲပြားတစ်ခုပေးအပ်ခဲ့တယ်။ ဒါပေမဲ့ ငါက အတွင်းစိတ်နှလုံးသားတောင်ကို ရောက်သွားခဲ့တယ်။ သူ့ကို ဆရာအဖြစ် မရွေးချယ်ခဲ့ဖြစ်ဘူး။”
ဓားတန်ခိုးရှင် ထာ၀ရ စိမ်းလန်းခြင်းအတွက် နင်လည်း နည်းနည်းတော့ စိတ်မကောင်းဖြစ်သွားခဲ့ရပါတယ်။ ပြောရရင် အတွင်းစိတ်နှလုံးသားတောင်ကို သူစကားတစ်ခွန်းတောင် မဆိုပဲနဲ့ ထွက်ခွာသွားခဲ့တာလေ။ ဓားတန်ခိုးရှင် ထာ၀ရစိမ်းလန်းခြင်းရဲ့ ညွှန်ကြားချက်မှာ ဂျိနင်က ဆွဲပြားကို ဆယ်ရက်အတွင်းမချိုးဘူးဆိုရင်.. သူ့အနေနဲ့ ဂျိနင်ငြင်းဆိုလိုက်တယ်လို့ သတ်မှတ်လိုက်မယ်ပြောထားခဲ့တယ်လေ။ နင်လည်း ရှအင်ပါရီယာ ပြည့်ရှင် ဟန့်တားမှကို စိုးရိမ်မိတဲ့အတွက် တိတ်တဆိတ် ထွက်ခွာသွားခဲ့ပါတယ်။ မျှမျှတတပြောရရင်တော့.. သူ့လုပ်ရပ်က ရိုးသားမှု မရှိခဲ့ဘူးလေ။

Book 21 - 30Where stories live. Discover now