Book 26 Chp 6

37 6 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 26 
Chapter 6 (နောက်ဆုံးတိုက်ပွဲ ရုတ်တရက်ဆိုသလို ရောက်ရှိလာခြင်း)

သံကြိုးနက်ကြီး ကိုးချောင်းဟာ ဂျိနင်ကို အထပ်ထပ် ရစ်ပတ်နှောင်ဖွဲ့လို့ထားပါတယ်။ နင်ရဲ့ နတ်ဘုရား ဓားကြီး နှစ်လက်က အပြင်းအထန် ခုတ်ထစ်လာခဲ့ပေမဲ့ စကြ၀ဠာ စွမ်းအင်လှိုင်းအချိုက ဖြာထွက်လာတာကလွဲပြီး ဘာမှကို မဖြစ်ခဲ့ဘူးလေ။

“မကောင်းဘူး..”
အစစ်အမှန် အင်မော်တယ် မိစ္ဆာလူပျော်ကြီးက ကျောက်စိမ်းနီ ပုလင်းလေးတစ်လုံးကို ထုတ်ယူလိုက်တာ နင်မြင်လိုက်ပါတယ်။ သူဘာမှ တုံ့ဆိုင်းမနေနိုင်တော့ပါဘူး။

“ထွက်လာစမ်း”
သူ့ရဲ့ တကယ့်စွမ်းအင်ကလို လျှိုထားပြီးတော့ အက်ကြောင်းမဲ့ဂိတ်ကို အပြင်းအထန် ထိခိုက်သွာစေဖို့ နင်ရည်ရွယ်ထားခဲ့ပေမဲ့လည်း အကောင်အထည်မဖော်နိုင်တော့ပါဘူး။ သူ့အနေနဲ့ ဆရာကြီးသွေးနီတို့တွေကို အချိန်မရေး ပြောလို့ရနိုင်ပေမဲ့လည်း … အခုအချိန်ဆင့်ခေါ်လိုက်ခြင်းဟာ တကယ့် အခွင့်အရေးကို ဖြုန်းတီးလိုက်တာနဲ့ အတူတူပဲလေ။ သူတို့တွေက ဂြိုလ်ခုနစ်လုံး နတ်ဘုရားကြီးအဖြစ် ချိတ်ဆက်ပူးပေါင်းလိုက်ကြမယ်ဆိုရင်… တာအိုဖခင်ကြီးတွေ အစစ်အမှန် နတ်ဘုရားကြီးတွေသာ သူတို့ကို ထိန်းချုပ်နိုင်တော့မှာပါ။ သူတို့တွေဟာ တော်၀င်ရှကမ္ဘာရဲ့ စစ်ပွဲအခြေအနေကို လုံးဝပြောင်းလဲသွားစေနိုင်တယ်လေ။ ဒါကြောင့်လည်း တကယ့်အရေးအကြောင်းမဟုတ်သရွေ့ နင်သူတို့ကို ထုတ်မသုံးလိုခဲ့ပါဘူး။

ရွှစ် ရွှစ်

အင်မော်တယ်ဓားကြီးနှစ်ချောင်းဟာ ထွက်ပေါ်လာခဲ့ပြီးတော့ နင်ရဲ့ ကောင်းကင်ဘုံကို အပြစ်ပေးသူ လက်ထဲရောက်ရှိလာခဲ့ပါပြီ။ ဒါတွေကတော့ ထိပ်တန်းအဆင့် သန့်စင်သောယန် မှော်ရတနာဖြစ်တဲ့ အာနန္ဒာဓားပါ။ ခွဲခြားသူတွေကတော့ အသွင်ပြောင်းလဲနိုင်တဲ့ မှော်ရတနာတွေပဲလေ။ ဒါကြောင့် အာနန္ဒာ ဓားတွေဟာ ဓားသိုင်းကို အသုံးပြုတဲ့အခါမှာ ပိုပြီးအစွမ်းထက်လာစေခဲ့ပါပြီ။ တစ်ချိန်တည်းမှာပဲ ပထမဆုံးအကြိမ်အဖြစ် နှလုံးသားအင်အားကို စိတ်ဝိညာဉ်ဆီ ပို့ဆောင်အသုံးချလိုက်ပြီလေ။

Book 21 - 30Where stories live. Discover now