Book 24 Chp 14

47 6 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 24 
Chapter 14 (နတ်ဘုရားဘုရင်ကို ဂါရ၀ ပြုပါတယ်။)

“ဂျိနင်က ခရမ်းရောင်မြက်လေးကိုသတ်လိုက်တယ်လေ။ ကျွန်မလည်း သူ့ကို သတ်ပစ်ချင်နေပြီ။”
အဇူရာ ၀တ်စုံနဲ့ ကောင်မလေးက ရာဇပလ္လင်ထက်ကနေ အေးအေးဆေးဆေးပြောလိုက်ပါတယ်။
“ရှင့်အနေနဲ့ သူ့ကို သတ်ဖို့အခွင့်အရေးရအောင် ကျွန်မစီစဉ်ပေးမယ်။ ရှင့်ရဲ့ မဟာစကြ၀ဠာတာအိုနဲ့ဆိုရင်… ဂျိနင်ကိုသေချာပေါက် သတ်ကိုသတ်နိုင်မှာပါ။”

“ငါ့ကို မင်းလောက်ပဲ ဥာဏ်ကောင်းတယ် ထင်နေတာလားကွ။ ”
အစစ်အမှန် အင်မော်တယ် ဂေါ်ဒီက အဇူရာ၀တ်စုံနဲ့ ကောင်မလေးကို အေးစက်စက်အကြည့်နဲ့ ကြည့်လိုက်ပြီးတော့
“ရှအင်ပါရီယာပြည့်ရှင်က ဒီကောင်စုတ်လေးကို ကာကွယ်ပေးနေပြီ။ ပြောရရင် ငါ့ရဲ့ ခြိမ်းခြောက်မှုကိုတောင် သူက ဂရုမစိုက်တော့တာလေ။ ဒီကောင်လေးကို ကာကွယ်ပေးဖို့ လုံး၀ စိတ်ဒုံးဒုံးချလိုက်ပြီလေ။ ဒီတစ်ခေါက် မင်းက အဖွဲ့တွေအများကြီးစေလွှတ်ပြီး တော်၀င်ရှအင်ပါယာတခွင် တိုက်ခိုက်ခိုင်းခဲ့တယ်။ ရှအင်ပါရီယာ ပြည့်ရှင် အစစ်အမှန် အင်မော်တယ် ဖြစ်ပြီးတော့ ကောင်းကင်အင်မော်တယ်တွေ သူ့လက်အောက်မှာ ရှိနေပေမဲ့လည်း… သူ့မှာစိတ်ပူစရာတွေအများကြီး ရှိနေတယ်လေ။ သူ့အနေနဲ့ ငါ့ကို ရင်ဆိုင်ဖို့ စစ်ကူအများကြီး မဆင့်ခေါ်နိုင်လောက်ဘူး။ ဒါပေမဲ့ ငါကသာ ထပ်ပြီးလှုပ်ရှားလာခဲ့မယ်ဆိုရင်.. သူ့ရဲ့ အင်အားတွေက တခြားပြည်နယ်တွေကို မကာကွယ်နိုင်မှာ စိတ်ပူဖို့ မလိုအပ်တော့ဘူးလေ။ သူတို့အနေနဲ့ ငါ့ကို ထောင်ချောက်ဆင်ဖမ်းပြီး သတ်ပစ်လိုက်ကြမှာ..။”

အက်ကြောင်းမဲ့ဂိတ်လည်း ရှအင်ပါရီယာမှာ နောက်ထပ်အစစ်အမှန် အင်မော်တယ်တွေ အင်ပါရီယာနတ်ဘုရားကြီးတွေ ရှိနေသေးတာကို သူနားလည်ထားပါတယ်။

ကမ္ဘာဦး အင်ပါရီယာ ကလန်ကြီး တစ်ခုတည်းကနေ ရှအင်ပါရီယာပြည့်ရှင်ကို ကူညီဖို့အတွက်ကို အင်ပါရီယာ နတ်ဘုရား နဲ့ အစစ်အမှန် အင်မော်တယ် စုစုပေါင်း  ၃ ဦးကိုစေလွှတ်ထားပေးတယ်လေ။ ဒါကြောင့်လည်း ရှအင်ပါရီယာပြည့်ရှင်ရဲ့ စကားဟာ တော်၀င်ရှ အင်ပါယာရဲ့ အကြွင်းမဲ့ ဥပဒေ ဖြစ်ခဲ့တာပါ။ အင်ပါရီယာ နတ်ဘုရားကြီး ရှိနေတဲ့ အကြင်နာရေစက်ကလန်ဟာလည်း ကမ္ဘာဦးခေတ်ကတည်းက တည်ရှိခဲ့ကလန်ကြီးဖြစ်ပြီးတော့ နောက်ကွယ်မှာ အစစ်အမှန် နတ်ဘုရားတွေ တာအိုဖခင်ကြီးတွေ ရှိနေနိုင်ပါတယ်။ ဒါပေမဲ့ တော်၀င်ရှကမ္ဘာနဲ့ပတ်သက်ပြီး ရှအင်ပါရီယာပြည့်ရှင်နဲ့ အာဏာပြိုင်မလုရဲခဲ့ကြပါဘူး။

Book 21 - 30Where stories live. Discover now