Book 25 Chp 15

42 5 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 25 
Chapter 15 (တော်၀င်ရှ ကမ္ဘာသို့ မဟာစစ်ပွဲကြီး ဆင်နွှဲခြင်း)

“တော်၀င်ရှ ကမ္ဘာနဲ့ ဒီစစ်ပွဲမှာ…”
အစစ်အမှန် အင်မော်တယ် ဝါးဖြူက အေးစက်စက်ပြောလာခဲ့ပါတယ်။
“အားလုံးမှာ ပြီးမြောက်အောင် ဆောင်ရွက်ရမဲ့ တာ၀န်တွေရှိနေတယ်။ အမှားလုပ်ခဲ့တဲ့ လူဆိုရင်.. ငါ့ဆရာ့ကို သတင်းပို့ပြီးတဲ့အခါကျမှ အပြစ်တင်ဖို့ မစဉ်းနဲ့…။”

“တာအိုရောင်ရင်း ဝါးဖြူရာ… မစိုးရိမ်စမ်းပါနဲ့..။ တော်၀င်ရှကမ္ဘာကို သိမ်းပိုက်ဖို့က ငါတို့တွေ တာ၀န်ယူထားတဲ့ အရေးအကြီးဆုံး မစ်ရှင်ပဲလေ။”
ခမ်းနားကြီးကျယ်သော မိစ္ဆာဂူနန်းရှင်က ပြောလိုက်ပါတယ်။
“ငါတို့တွေထဲမှာ ဘယ်သူမှ ပေါ့ပေါ့လျော့လျော့ မနေကြပါဘူး။”

“တာအိုရောင်ရင်း.. စိတ်မပူပါနဲ့…”
သွေးတိမ်တိုက်ခန်းမရဲ့ ခန်းမရှင်ကလည်း ပြုံးရွှင်စွာနဲ့ ပြောလာခဲ့ပါတယ်။

“ဂိုဏ်းတူအစ်ကိုကြီး.. ကျွန်မတို့ ဘာလုပ်နိုင်လဲဆိုတာ စောင့်ကြည့်လိုက်ပါ။ တော်၀င်ရှကို ကျွန်မတို့ သေချာပေါက် သိမ်းပိုက်နိုင်မှာပါရှင်..။”
ဂိတ်တံခါးရှင် အဇူရာမြေခွေးလည်း အာမခံစကားပြောလိုက်ပါတယ်။

အစစ်အမှန် အင်မော်တယ် ဝါးဖြူက ခေါင်းညိတ်လိုက်ပြီး
“ကောင်းတယ်။ ဆရာက ငါ့ကို တော်၀င်ရှကမ္ဘာသိမ်းပိုက်ဖို့ တာ၀န်ပေးထားမှာတော့.. ငါ့အနေနဲ့ ဘယ်လိုမှကို ရှုံးနိမ့်လို့ မဖြစ်ဘူးလေ။ ငါ့အသက်ကို စတေးရရင်တောင် ဒီတိုက်ပွဲကို အောင်မြင်အောင်တိုက်ခိုက်နိုင်မှဖြစ်မယ်။”

တခြားအစစ်အမှန်အင်မော်တယ် ခုနစ်ဦးနဲ့ အင်ပါရီယာ နတ်ဘုရားတွေအားလုံး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး စိတ်ထဲ ကြိတ်ပြောလိုက်ကြပါတယ်။

အစစ်အမှန်အင်မော်တယ် ဝါးဖြူက တကယ့်ကိုအစွမ်းထက်လွန်းပါတယ်။ ဒါပေမဲ့ သူက အရမ်းကိုလည်း ခေါင်းမာတယ်လေ။ သူနဲ့ ရှအင်ပါရီယာပြည့်ရှင်အကြား ဖြစ်ခဲ့တဲ့ ပြသနာ သေးသေးကွေးကွေးမဟုတ်ပေမဲ့လည်း အရမ်းကြီး ဆိုးရွားလှတဲ့ ကိစ္စတော့ မဟုတ်သေးပါဘူး။ ပြောရရင် သန့်စင်သောယန် အင်မော်တယ်တွေဟာ စိတ်သဘောထားကြီးမားကြတဲ့အတွက် ဒီလို ပြသနာမျိုးဟာ အစောကြီးကတည်းက မေ့ပျောက်သွားကြလောက်ပါပြီ။ ဒါပေမဲ့ ဝါးဖြူကတော့ ဒါကို အမှတ်ထားနေခဲ့ပါတယ်။ ဒါကြောင့်ပဲ အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့တာလေ။

Book 21 - 30Dove le storie prendono vita. Scoprilo ora