Chp 568 ( အင်ပါရီယာနတ်ဘုရား ဂျိနင်)

39 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 28
Chapter 568 (အင်ပါရီယာ နတ်ဘုရား ဂျိနင်)

“ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ အော်ရာအရှိန်အဝါတွေလည်း…”

အရူးကြီး ဂျိလည်း ယပ်တောင်နဲ့ ယပ်ခတ်ရင်း မျက်လုံးကို မှေးစင်းပြီး ကြည့်နေခဲ့ပါတယ်။ အင်ပါရီယာ နတ်ဘုရားကြီးနှင်းနီရဲ့ မျက်နှာဟာလည်း တည်ကြည်နေလို့ပါ။ သူတို့တွေက အတွေ့အကြုံရင့်ကျက်လွန်းခဲ့ကြတဲ့ သူတွေဖြစ်ကြတဲ့အတွက်ကြောင့် မိုးကြိုးစမ်းသပ်စစ်ဆေးမှုရဲ့ တိမ်တိုက်အခြေအနေကိုကြည့်ပြီး နားလည်နိုင်ခဲ့ကြတယ်လေ။ သာမန်ဆိုရင်တော့ မှောင်မိုက်နေတဲ့ တိမ်တိုက်ကြီးနှစ်ခုဟာ တစ်ခုနဲ့တစ်ခု နီးကပ်လာခဲ့ပြီးတော့ ပေါင်းစည်းသွားမှာပါ။ ဒါက န၀မမြောက်မိုးကြိုးကိုးစုံပါတဲ့ မိုးကြိုးစမ်းသပ်စစ်ဆေးမှုအတွက်တောင် အတူတူပဲလေ။ သိသိသာသာပြောင်းလဲသွားတဲ့အခါကျမှသာ ဂျိနင်လိုအဖြစ်အပျက် ဖြစ်လာနိုင်မှာပါ။

အပြောကျယ်လှတဲ့ ကောင်းကင်ပြင်မှာတော့ အဆုံးအစမဲ့တဲ့ တိမ်တိုက်နက်ကြီးတစ်ခုသာ ရှိနေခဲ့ပါတယ်

၀ုန်း ဝုန်း

အဆုံးအစမဲ့ တိမ်တိုက်နက်ကြီးအလယ်ကနေ မရေမတွက်နိုင်တဲ့ ခရမ်းရောင်အလင်းတွေ ကခုန်ဆင်းသက်လာခဲ့တော့မတတ် ဖြစ်လာခဲ့ပါပြီ။ ခရမ်းရောင်အလင်းတွေဧာ လည်ပတ်ရစ်ဝဲနေခဲ့တာ တ်ိမ်တိုက်တစ်ခုလုံးကို လွှမ်းခြုံမတတ်ဖြစ်သွားခဲ့ပြီလေ။ အခုအချိန်မှာတော့ အဆုံးအစမဲ့ တိမ်တိုက်ကြီးရဲ့ အောက်တစ်လွှားမှာ ခရမ်းရောင်းအလင်းတွေ ဖြန့်ကျက်ထားတာကို မျက်စိတဆုံး မြင်တွေ့ရပါလိမ့်မယ်။

တဖြည်းဖြည်းနဲ့ ဂျိနင်ရဲ့အထက်ကောင်းကင်မှာ မုန်တိုင်းဝဲကတော့ကြီးတစ်ခု စတင်ဖြစ်ပေါ်လာခဲ့ပါပြီ။ လေဝဲကြီးဟာ ကြီးကျယခမ်းနားစွာ လည်ပတ်လာခဲ့ပြီလေ။ သူလည်ပတ်လာတဲ့အခါမှာတော့ ပတ်၀န်းကျင်က ခရမ်းရောင်အလင်းတွေကိုပါ ဝါးမျိုသွားခဲ့ပါတယ်။ မိုးကောင်းကင်စမ်းသပ်စစ်ဆေးမှုရဲ့ တိမ်တိုက်တွေတောင်မှ မုန်တိုင်းလေဝဲကြီးရဲ့ ဝါးမျိုမှု ခံခဲ့ရပြီလေ။

Book 21 - 30Where stories live. Discover now