Book 24 Chp 3

42 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 24 
Chapter 3 (ယန်ဘုရင် အလည်ရောက်ရှိလာခြင်း)

ရှအင်ပါရီယာပြည့်ရှင်လည်း ဦးခေါင်းကို ခါယမ်းလိုက်ပါတယ်။
“တော်၀င်ရှ အင်ပါယာလည်း မုန်တိုင်းကြောင့် လှုပ်ခါနေခဲ့ပြီလေ။ ၃၆၀၀ သောပြည်နယ်ကြီးတွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်က ငါ့ဆီကနေ အကူအညီလှမ်းတောင်းနေတာ..။ အက်ကြောင်းမဲ့ဂိတ်က ဘယ်လောက်ပဲ အစွမ်းထက်ပါစေ… ဒီလောက် ပြည်နယ်တွေအများကြီး ကလန်ကြီးတွေ အများကြီးကို တပြိုင်တည်း ရင်ဆိုင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စလေ။ ပြီးတော့ ငါရခဲ့တဲ့ သတင်းအချက်အလက်တွေအရ.. ဒီ အကူအညီလှမ်းတောင်တဲ့ သူတချို့ဆို အက်ကြောင်းမဲ့ဂိတ်ကို အညံ့ခံပြီးသားသူတွေ ဖြစ်နေတာ..။”

အက်ကြောင်းမဲ့ဂိတ်က တကယ်ကို အစွမ်းထက်ပါတယ်။ သူတို့အနေနဲ့ နော့မွန့်ကလန်က အဆင့်မြင့် ပုဂ္ဂိုလ်ကြီးတစ်၀က်ကျော်လောက်ကို သိမ်းသွင်းနိုင်တယ်ဆိုတာဟာ သူတို့ဘယ်လောက်တောင် အစွမ်းထက်ကြောင်းကို ဖော်ပြနေတယ်လေ။ တော်၀င်ရှအင်ပါယာထဲမှာလည်း သူတို့နဲ့ ပူးပေါင်းထားပြီးဖြစ်တဲ့ ကလန်တွေ မနည်းမနောရှိနေခဲ့ပါပြီ။

“သူတို့တွေက အက်ကြောင်းမဲ့ ဂိတ်နဲ့ ပူးပေါင်းပြီးတာတောင် ငါ့ကို အကူအညီလှမ်းတောင်းနေကြတယ်လေ။”
ရှအင်ပါရီယာပြည့်ရှင်လည်း မျက်မှောင်ကြုတ်ထားပါတယ်။
“ပြည်နယ်ဘုရင်ခံပေါင်း ၆၀ ရာခိုင်နှုန်းကျော်က အကူအညီလှမ်းတောင်းနေတာလေ။ ဒါပေမဲ့ ဘယ်သူက အကူအညီလိုအပ်လဲ ဘယ်သူက ဟန်ဆောင်နေတာလည်း ဆိုတာကို ရှင်းရှင်းလင်းလင်း ငါမသိနေတာ ခက်တယ်။”

“စတေးဝါးတား နော့မွန့်ကလန်က ကောင်းကင်အင်မော်တယ် ခါးကုန်းကြီးမွန့် အဖမ်းခံရကြောင်းပြောခဲ့တယ်။ အဲဒါက အဖမ်းခံရရုံပဲရှိသေးတာလေ။ ပြီးတော့ ဒီကိစ္စက ကြံစည်ထားတာ ဟုတ်မဟုတ် ဘယ်သူက တပ်အပ်ပြောနိုင်မှာလဲ..။”
ရှအင်ပါ၇ီယာပြည့်ရှင် ပြောလိုက်ပါတယ်။

“နားလည်ပါတယ်ဆရာ..”
အင်မော်တယ် မိုးကောင်းကင်မြေခွေးလည်း ခေါင်းညိတ်လိုက်ပါတယ်။

“အခုအချိန်မှာတော့ တိုက်ပွဲတွေ မကြာခဏဖြစ်နေပေမဲ့ တော်၀င်ရှအင်ပါယာမှာ ငါ့သြဇာက ညောင်းပါသေးတယ်။”
ရှအင်ပါရီယာပြည့်ရှင်လည်း လေသံနဲ့ ဆက်ပြောလိုက်ပါတယ်။
“တကယ့် စစ်ပွဲကြီးက မဖြစ်သေးဘူးလေ။ ဒါကြောင့် ငါတို့တွေ အသည်းအသန် မလှုပ်ရှားသင့်သေးဘူး။ အက်ကြောင်းမဲ့ဂိတ်က စပြီးလှုပ်ရှားလာချင်တယ်ဆိုလည်း ပေးလှုပ်ရှားလိုက်။ သူတို့တွေ လှုပ်ရှားလာလေလေ ငါက ပိုပြီးအကောင်အထည် မြင်လာရလေလေပဲ။ ဒါကြောင့် အခုလောလောဆယ် ငါ့ရဲ့ ဓားကို ဓားအိမ်ထဲမှာပဲ အိပ်ခိုင်းထားလိုက်ပါ။ ဓားကိုထုတ်လိုက်ပြီဆိုရင်လည်း သူတို့ရဲ အားနည်းချက်ကို သေချာထိအောင်ထိုးရမယ်လေ။ အက်ကြောင်းမဲ့ဂိတ်က ငါ့ရဲ့ တော်၀င်ရှ ကမ္ဘာကို လိုချင်နေတယ်လား… ဟားဟား… အဆုံးအထိကြည့်ကြရမှာပေါ့..။”

Book 21 - 30Where stories live. Discover now