Chp 596 (ကမ္ဘာဦး ပျက်စီးခြင်း စကြာဝဠာအတွင်း လေလွင့်ခြင်း)

36 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 29
Chapter 596 (ကမ္ဘာဦး ပျက်စီးခြင်း စကြ၀ဠာအတွင်း လေလွင့်ခြင်း)

“အဲ…”
အစစ်အမှန် အင်မော်တယ် ဆောင်းတောင်ထိပ်လည်း သူ့ရဲ့ ဇလုံ မှော်ရတနာ အတွင်းမှာ ပုန်းအောင်းနေရင်းကနေ… ဂျိနင်ရဲ့ တိုက်ခိုက်မှု ရပ်တန့်သွားတာကို တွေ့လိုက်ရတာကြောင့် အံ့အားသင့်သွားခဲ့ပါတယ်။

“သူရပ်သွားပါလား..”
ချက်ချင်းပဲ ဆောင်းတောင်ထိပ်ဟာ သူ့ရဲ့ ဇလုံမှော်ရတနာကို ပြန်သိမ်းဆည်းလိုက်ပြီလေ။ ဒီ မှော်ရတနာကို တခဏလောက် မောင်းနှင်ဖို့အတွက်တောင် အင်မော်တယ် စွမ်းအင်ကို အသုံးပြုရပါတယ်။  ဒီနေရာမှာဆိုရင် စွမ်းအင်တွေကို ဘယ်လောက်အထိ ချွေတာကြသလဲဆိုရင် အ၀တ်အစားတွေဟာ အချိန်ကြာမြင့်လာလို့ ဟောင်းနွမ်းဆွေးမြေ့လာရင်တောင်မှ မပြုပြင်ပဲ ထားခဲ့ကြတာကို ကြည့်ရင် သိနိုင်ပါတယ်။ တော်တေ်ာများများလည်း ပိန်လှီနေတဲ့အသွင်အပြင် ရှိနေတာခဲ့ရတဲ့ အကြောင်းရင်းကတော့… ဒီလို စွမ်းအင်ချွေတာနေခဲ့ကြလို့ပါ။ မှော်ရတနာတွေဟာ ပျက်စီးဖို့ အလွန်ခက်ခဲပေမဲ့့လည်း လုံလောက်တဲ့ ပျက်စီးခြင်း စက်၀န်းတစ်ခုအထိ ကြာမြင့်လာလွန်းတဲ့ အခါကျရင်တော့ ဆွေးမြေ့ပျက်စီးသွားကြရမှာပဲလေ။

ဆောင်းတောင်ထိပ်လည်း ကောင်းကင်ထက်က ၀တ်စုံဖြူ၀တ် လူငယ်လေးကို ကြည့်နေမိခဲ့ပါတယ်။
“မင်းကို လက်လျှော့လိုက်ပါတော့လို့ ငါအကြံပေးချင်တယ်။ မင်းလို စုတ်ပြတ်သတ်နေတဲ့ သန့်စင်သောယန် အင်မော်တယ်အနေနဲ့…  ဒီလောက် အစွမ်းထက်တဲ့ ဓားအလင်းကို ထုတ်သုံးဖို့ စွမ်းအင်အများကြီးကို အသုံးပြုရမှာပဲလေ။ သိပ်မကြာခင်မှာပဲ .. မင်းရဲ့ စွမ်းအင်တွေ ခန်းခြောက်လာလိမ့်မယ်။ ဒါဆို မင်းလည်း ဒီအကျဉ်းထောင်ကမ္ဘာအပြင်ဘက် ထွက်ပြီးတော့ အားပြန်ဖြည့်ရမှာ အသေအချာပဲ…. ဒီအတွက် အချိန်လည်း ပေးရမှာလေ။ ဒီလိုနည်းလမ်းကို အသုံးပြုမယ်ဆိုရင် ငါ့ရဲ့ စွမ်းအင်တွေ လုံး၀ ခန်းခြောက်သွားစေဖို့အတွက် တကယ့်ကို အချိန်အကြာကြီး အကြာကြီး ပေးရတော့မှာ သေချာတယ်။”

“မင်းကြောက်နေတာလား..”
နင်က ရုတ်တရက်ဆိုသလို မေးလိုက်ပါတယ်။

Book 21 - 30Where stories live. Discover now