Book 27 Chp 2

42 1 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 27
Chapter 2 (ပုန်းအောင်း စောင့်ဆိုင်းခြင်း)

“လာပြီ။ အစ်ကိုကြီး.. ကျွန်တော်တို့လာပြီ။ ကျွန်တော် သူ့ကို ရင်ဆိုင်ကြည့်လိုက်ဦးမယ်။”
တောင်ကြီးတစ်လုံး အလား ခေါင်းကိုးလုံး ခြင်္သေ့ကြီးဟာ ဒုန်းစိုင်းပြေး၀င်လာခဲ့ပါပြီ။ သူ့ပြေးလာရာ လမ်းကြောင်းမှာ ရှိလို့နေတဲ့ ပန်ဂုစစ်ပွဲ ၀င်္ကပါကြီးတွေ ၊ မိုးနဂါး ကြီးတွေ နဲ့ ကောင်းကင်ဘုံကို အပြစ်ပေးသူကြီးတွေ တွန်းထိုးဖယ်ရှားခြင်း ခံလိုက်ကြရပါတယ်။

မိစ္ဆာသားရဲ နတ်ဘုရားသုံးဦးထဲက ဒုတိယ အစ်ကိုကြီးဖြစ်တဲ့ ဦးချိုကျိုးတွေနဲ့ ရုပ်ဆိုးဆိုးနဂါးကြီးဟာ တခြားသုံးဦးထက် လျင်မြန်သွက်လက်ပုံ ရပေမဲ့လည်း စစ်မြေပြင်ကို အလွယ်တကူ မဖြတ်ကျော်နိုင်ခဲ့ပါဘူး။ သူက ဒီခေါင်းကိုးလုံး ခြင်္သေ့ကြီးလောက် မမြန်နိုင်ခဲ့ဘူးလေ။

သူ့၀န်းကျင်က တည်ရှိခြင်း စကြ၀ဠာလေဟာနယ် တုန်လှုပ်အက်ကွဲလာတာကို နင်ခံစားမိလိုက်ပါတယ်။ တစ်ဖက်မှာတော့ ခေါင်းကိုးလုံး ခြင်္သေ့ကြီးဟာ သူ့ဆီကို အပြေး၀င်ရောက်လာနေပြီလေ။ သူတုန်လှုပ်သွားပါတော့တယ်။
“သူလား… မိစ္ဆာသားရဲ နတ်ဘုရားကြီး သုံးဦးထဲက အစွမ်းအထက်ဆုံးသော… ခေါင်းကိုးလုံးခြင်္သေ့..။”

ခေါင်းကိုးလုံး ခြင်္သေ့ကြီးဟာ နတ်ဘုရား သားရဲကြီးပါ။

သုံးဦးထဲမှာ သူတစ်ဦးတည်း မျိုးဆက်သွေးအကြီးကျယ် အမြင့်မြတ်ဆုံးလေ။ သူ့ရဲ့ မျိုးဆက်သွေးဟာ အမြီးကိုးချောင်းမြေခွေးနဲ့ ဓာတ်ကြီးငါးပါး ဒေါင်းတွေနဲ့ ယှဉ်လို့ ရတဲ့အဆင့်မှာပါ။

သူက သာမန်အားဖြင့် မထင်မရှားသာ နေတတ်ပေမဲ့လည်း တကယ့် တိုက်ပွဲမှာတော့.. သူဟာ သုံးဦးထဲမှာ အစွမ်းအထက်ဆုံးပါ။ ခေါင်းကိုးလုံး ခြင်္သေ့ကြီးဟာ လောကသုံးပါး တခွင့်မှာလည်း ထိပ်ဆုံးအဆင့်တစ်ခုကို ရောက်နေပြီဖြစ်တဲ့ တန်ခိုးရှင်ကြီးဖြစ်သလို လူတုံပင်လို့လောက် ကြီးကျယ်မြင့်မြတ်တဲ့အဆင့်ရောက်နေခဲ့ပြီလေ။ ဒါပေမဲ့ လူတုံပင်က ကီလမ်းစဉ်လျှောက်သူဖြစ်ပြီး သူကတော့ကီလမ်းစဉ်ကော ဖင်းဂေါ့လမ်းစဉ်ပါ လျှောက်သူပါ။ ဒါကြောင့် လူတုံပင်ထက် သူပိုပြီး အစွမ်းထက်တယ် ပြောလို့ရပါတယ်။

Book 21 - 30Where stories live. Discover now