Chp 592 ( အကြီးအကဲနတ်ဘုရားနှင့် တွေ့ဆုံခြင်း )

38 5 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 29
Chapter 592 (အကြီးအကဲ နတ်ဘုရားနှင့်တွေ့ဆုံခြင်း)

ကီလိုမီတာ ရာပေါင်းများစွာကို ဝေးကွာနေသေးပေမဲ့လည်း.. နင်ရဲ့ ကိုယ်ပွားဟာ အလွန်ကို ခြောက်ခြားဖွယ်ကောင်းတဲ့ ခွေးရိုင်းကြီးတစ်ကောင် မြေပြင်ထက် လဲလျောင်းနေတာကို မြင်တွေ့နေရပါတယ်။ သူက အခုဆို ပိုပြီးတော့ ယဉ်ကျေးသိမ်မွေ့နေခဲ့ပြီလေ။ ဒီခွေးရိုင်းကြီးက ဘယ်လောက်တောင် အစွမ်းထက်လည်းဆိုတာကို သူ့ရဲ့ နှလုံးသားအင်အားနဲ့ မြင်တွေ့ခဲ့ပြီးပါပြီ။ သူက မမြင်ရနိုင်တဲ့ နှလုံးသားအင်အားကိုတောင် စားသောက်လိုက်နိုင်တယ်လေ။ နင့်အနေနဲ့ သူ့ကို ဘယ်လိုလုပ် ယှဉ်ပြိုင်နိုင်ပါ့မလဲ…

“ဆရာကြီးခင်ဗျာ.. ကျွန်တော်ကတော့… အခုမှ ရောက်ရှိလာခဲ့တဲ့ ကြီးကြပ်သူပါ။ ဆရာကြီးကို မေးကြည့်ချင်တာ တစ်ခုရှိလို့ပါခင်ဗျာ…”
နင်ရဲ့ ကိုယ်ပွားဟာပြောလာခဲ့ပါတယ်။

ရွှတ် ရွှတ်

ခွေးရိုင်းကြီးရဲ့ နှာခေါင်းဟာ ပွရှုံ့ပွရှုံ့ဖြစ်သွားပြီးတော့ တဖြည်းဖြည်းနဲ့ သူ့မျက်လုံးကို ဖွင့်လာခဲ့ပါပြီ။ အလွန်ကို ရှေးကျခြင်းရဲ့ အဝါနက်ရောင်မျက်ဆံတွေကို မြင်တွေ့လာရပြီလေ။ သူ့ပါးစပ်ကိုလည်း ဖွင့်ဟလိုက်ခဲ့ပါပြီ။

၀ုန်း ဝုန်း

ကီလိုမီတာ တစ်ထောင်၀န်းကျင်အတွင်း အရာအားလုံးဟာ ပြောင်းလဲသွားခဲ့ပါပြီ။

နင်ရဲ့ လက်ထဲက လင်ဗန်းဟာ ခွေးရိုင်းကြီးရဲ့ပါးစပ်ထဲ ပျံသန်း၀င်ရောက်သွားခဲ့ပြီလေ။ အရက်တွေနဲ့ စာကောင်းသောက်ဖွယ်တွေလည်း ပါးစပ်ထဲရောက်သွားခဲ့ပါပြီ။

“အဲ…”
နင်ရဲ့ကိုယ်ပွားဟာလည်း ဒီအစွမ်းကို ခုခံနိုင်စွမ်း မရှိခဲ့ပါဘူး။
“ဘယ်လောက်တောင် အစွမ်းထက်တဲ့ နတ်ဘုရားသိုင်းလဲ…”

ခွေးကြီးရဲ့ ပါးစပ်အနားကို ရောက်သွားခဲ့တဲ့ အရက်အိုးနဲ့ စားကောင်းသောက်ဖွယ်တွေဟာ တဖြည်းဖြည်းအရွယ်သေးငယ်သွားပြီးတော့ ပါးစပ်ထဲ ၀င်ရောက်ပျောက်ကွယ်သွားခဲ့ပြီလေ။ နင်ရဲ့ ကိုယ်ပွားတောင်မှ စုပ်ယူခံခဲ့ရပါပြီ။

Book 21 - 30Where stories live. Discover now