ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 26
Chapter 12 (စစ်သည်တော်တွေ ဆုတ်ခွာခြင်း)စစ်မြေပြင်က တော်၀င်ရှကော အက်ကြောင်းမဲ့ဂိတ်အင်အားစုတွေပါ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့ကြပြီလေ။
တော်၀င်ရှက စတင်ပြီး ဆုတ်ခွာနေသလို အက်ကြောင်းမဲ့ဂိတ်ကလည်း သတ်နိုင်သမျှ သတ်ဖို့ လိုက်လံတိုက်ခိုက်နေစဉ်…
ဒါပေမဲ့ အစစ်အမှန် အင်မော်တယ် မိစ္ဆာလူပျော်ကြီး သေဆုံးသွားခဲ့တာက…
ကြီးကျယ်မြင့်မြတ်လွန်းတဲ့ အစွမ်းထက်လှတဲ့ သန့်စင်သောယန် အစစ်အမှန် အင်မော်တယ် သေဆုံးသွားရပြီလား…
“ဘာဖြစ်တာလဲ…”
“ဂျိနင် ဘယ်လိုလုပ် လုပ်နိုင်သွားတာလဲ…။ သူ့ကို ချုပ်နှောင်ထားတယ် မဟုတ်ဘူးလား…။ သူလွတ်အောင် ရုန်းထွက်နိုင်ရင်တောင်မှ အစစ်အမှန် အင်မေ်ာတယ် မိစ္ဆာလူပျော်ကြီးကို ချက်ချင်း သတ်နိုင်ပါ့မလား..။”
“အခုပဲ မိစ္ဆာလူပျော်ကြီး အနီး၀န်းကျင်မှာ နှင်းဖြူကြာပန်းပွင့်ချပ်တွေ ငါတွေ့လိုက်တယ်။ သူ… သူ… မူလကြယ်တာရာ ဝိညာဉ်မှော်ရတနာ ဖြစ်တဲ့ သစ်ရွက်ကိုးခု နှင်းကြာပန်းကြောင့် သေသွားရတာလား…။”
အက်ကြောင်းမဲ့ဂိတ်က အင်အားစုတွေအားလုံး အလွန်ကို တုန်လှုပ်သွားကြပါတယ်။ တကယ့်ကို မယုံကြည်နိုင်ဖြစ်သွားကြတာပါ။
သူတို့တွေ အနိုင်ရဖို့ လက်တစ်ကမ်းပဲ လိုတော့တယ်လေ။ ဘာတွေ ဖြစ်ပျက်ကုန်တာလဲ..။
…
စစ်မြေပြင်မှာ တုန်လှုပ်သွားခြင်း မရှိတဲ့လူဆိုလို့.. ဂျိနင်တစ်ဦးတည်း ရှိနေပါတယ်။
“အောင်မြင်ပြီ…”
သူလည်း အခုမှ စိတ်သက်သာရာရပြီး သက်ပြင်းတစ်ချက် ချလိုက်နိုင်ပါတယ်။ သူ့ရဲ့ ကောင်းကင်ဘုံကို အပြစ်ပေးသူကြောင့် အစွမ်းအရမ်းထက်နေပေမဲ့လည်း မိစ္ဆာလူပျော်ကြီးအောင် သေအောင် သတ်နိုင်မသတ်နိုင် မသေချာခဲ့ဘူးလေ။အခုပဲ မူလကြယ်တာရာ ဝိညာဉ်မှော်ရတနာဖြစ်တဲ့ သစ်ရွက်ကိုးခု နှင်းကြာပန်းကို ပထမဆုံးအကြိမ် အသုံးပြုလိုက်တာပါ။