Book 25 Chp 12

42 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 25 
Chapter 12 (သဲလွန်စဆိုလို့ လုံး၀မရှိခြင်း)

မျက်စိတမှိတ်အချိန်အတွင်းမှာပဲ ကိုးရက် ကုန်ဆုံးသွားခဲ့ပြီလေ။

ကောင်းကင်အင်မော်တယ် တစ်သောင်းကျော်ဟာ မျက်စိမှိတ်ပြီး ကြာပန်းသဏ္ဌာန် ထိုင်နေကြဆဲပါ။ သူတို့ ၀န်းကျင်မှာတော့ သွေးရောင်မှော်သင်္ကေတတွေ ရှိနေပါတယ်။ ဂျိနင်မှာလည်း အလားတူပါပဲ..။ သွေးရောင်မှော်သင်္ကေတတွေ သူ့ကို ၀န်းရံပြီးလှည့်ပတ်နေသလို ကြောက်စရာကောင်းတဲ့ တိုက်ပွဲ အော်ရာအရှိန်အဝါဟာလည်း ဖြာထွက်နေလို့ပါ။ ဒါပေမဲ့ ဒီ မှော်သင်္ကေတတွေမှာ တစ်ခုခုတော့ လိုအပ်နေသေးပုံရပါတယ်။ နောက်ထပ်မှော်သင်္ကေတတစ်ခုကို ထပ်မံဆင့်ခေါ်အပြီးမှာတော့.. သွေးမှော်သင်္ကေတတွေအားလုံးဟာ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်သွားကြပြီဖြစ်သလို အော်ရာအရှိန်အဝါဟာလည်း မိုးမြေတုန်လှုပ်သွာေးအာင် ပြင်းထန်သွားခဲ့ပါပြီ။

“အောင်မြင်သွားပြီ..”
နင်လည်းမျက်လုံးကိုဖွင့်လိုက်ပြီးတော့ မှော်သင်္ကေတတွေကို ကြည့်လိုက်ပါတယ်။
“ဒီကောင်းကင်ဘုံကို အပြစ်ပေးသူ ၀င်္ကပါက အရမ်းကို လေးနက်ဆန်းကျယ်လွန်းတယ်။ ငါ့အတွက် ကိုးရက်တောင် အချိန်ကုန်သွားခဲ့တယ်လေ။ ဒါပေမဲ့ ဒါက စုပေါင်းတိုက်ခိုက်ဖို့အတွက် အရမ်းကို သင့်တော်တဲ့ ၀င်္ကပါတစ်ခုပေါ့..။ ကမ္ဘဦး စစ်နတ်ဘုရားကြီး ရှင်းတျန်း တီထွင်ခဲ့တဲ့ ပညာရပ်ပီသပါပေတယ်။”

ရှင်းတျန်းကိုတော့ ကမ္ဘာဦး စစ်နတ်ဘုရားကြီးလို့ ညွှန်းဆိုကြပါသေးတယ်။ သူက တိုက်ပွဲတွေကို အလွန်ပဲ ချစ်ခင်မြတ်နိုးတယ်လေ။ သူ့ခေါင်းဖြတ်ခံလိုက်ရတဲ့အချိန်မှာပဲ အစစ်အမှန် နတ်ဘုရားဖြစ်သွားခဲ့ပြီး နို့နှစ်ဖက်ကို မျက်လုံးနှစ်လုံးအဖြစ်အသွင်းကာ ချက်ကိုတော့ပါးစပ်အဖြစ် ချက်ချင်းပြောင်းလဲလိုက်တယ်လေ။ ပြီးတာနဲ့ မရပ်မနား ဆက်တိုက်ကို တိုက်ခိုက်ခဲ့ပါတော့တယ်။ ဒါကိုကြည့်ရှင် ရှင်းတျန်းဟာ ဘယ်လောက်တောင် ရက်စက်ပြီးတိုက်ပွဲတွေကို နှစ်သက်လဲဆိုတာ မြင်နိုင်မှာပါ။

Book 21 - 30Where stories live. Discover now