Book 21 Chp 2

69 5 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 21 
Chapter 2 (ဆယ်ပုံတစ်ပုံ)

နင်ရဲ့ကျောနောက်မှာ ရှိလို့နေတဲ့ နတ်ဘုရားဆေးမှင်ကြောင်တွေဟာ ပိုပြီး နက်နဲ့ရှုပ်ထွေးလာခဲ့ပြီလေ။ အံ့မခန်းကိုလည်း တောက်ပနေလို့ပါ။ ရွှေကျီးကန်းရဲ့ မီးလျှံတွေဟာ နင်ကို  ရစ်ဝဲ လွင့်ပျံနေလို့လေ။ တချိန်တည်းမှာပဲ ကျောက်စိမ်ယုန်ရဲ့ အေးစိမ့်မှု အရှိန်အဝါတွေဟာ အနက်ရှိုင်းဆုံးသော စကြ၀ဠာကကို ဖြတ်သန်းဆင်းသက်လာနေခဲပါပြီ။

ဝေးကွားလွန်းတဲ့ စကြ၀ဌာ တစ်နေရာ ရှိနေတဲ့ နေကြယ်နဲ့ လကြယ်ဟာ ပမာဏ များပြားလှတဲ့ အစစ်အမှန် နေမိးလျှံနဲ့ အစစ်အမှန် လရေခဲကို ပို့ဆောင်ပေးနေကြတယ်လေ။

၀ှစ်

ရေနဲ့မီးဟာလည်း ရက်ကန်းယက်တဲ့ ချည်မျှင်တွေအလား အမျှင်လေးတွေအသွင်နဲ့ ရောယှက်လို့ သွားပါတော့တယ်။ အခုဆို နင်ကို တစ်ကိုယ်လုံး လွှမ်းခြုံသွားခဲ့ပါပြီ။ ဥတစ်လုံးထဲ နင်ရောက်နေတဲ့ အလားပါ။ နင်နားမလည်နိုင်တဲ့နည်းလမ်းနဲ့ စွမ်းအင်တွေဟာ သူ့ရဲ့ ခန္ဓာကိုယ်ထဲ စီး၀င်လို့ နေသလို ခန္ဓာကိုယ်ကိုလည်း ဆက်တိုက်ပြုပြင်ပြောင်းလဲပေးနေခဲ့ပါတယ်။ သိသာတဲ့ပြောင်းလဲမှုကြီးတွေ ဖြစ်လာခဲ့ပြီလေ။ သူ့ရဲ့ နတ်ဘုရားနေဆေးမှင်ကြောင်နဲ့ နတ်ဘုရားလဆေးမှင်ကြောင်တွေဟာလည်း စတင်ပြီး ပြောင်းလဲလာခဲ့ပါပြီ။

တောင်ပံမြွေနဂါးရေအိုင်ရဲ့ တည်ငြိမ်တဲ့ ရေပြင်အထက်မှာတော့.. ၃ မီတာလောက် မြင့်မားတဲ့ ဥတစ်လုံး လေထဲ ရှိနေလို့ပါ။ ဥက နှစ်ရောင်ရောယှက်နေတာကို မြင်ရပါလ်ိမ့်မယ်။ မမြင်ရတဲ့ စွမ်းအင်လှိုင်းတွေ ဖြာထွက်နေပေမဲ့လည်း ရေမျက်နှာပြင်ကို နည်းနည်းလေးမှ မလှုပ်ရှားစေခဲ့ပါဘူး။

တဖြည်းဖြည်းနဲ့

ဥခွံဟာ ပိုပြီးကြည်လင်ပါးလွှာလာခဲ့ပါပြီ။ အထဲမှာ ရှိနေတဲ့ လူရိပ်ကိုတောင် မြင်လာရပြီလေ။ နောက်ဆုံးမှာတော့ ဥခွံဟာ လုံး၀ကို ပျောက်ကွယ်လို့ သွားပါတော့တယ်။ အ၀တ်ဗလာနဲ့ လူငယ်လေးတစ်ဦးဟာ ရေမျက်နှာပြင်ထက်မှာ မတ်တတ်ရပ်လျက် ကျန်ရစ်ခဲ့ပါပြီ။ သိပ်မကြာခင်မှာတော့ အရမ်းကို အရေအသွေးကောင်းတဲ့ သားမွေး၀တ်စုံ တစ်ခုကို သူ၀တ်ဆင်ပြီးသားဖြစ်သွားခဲ့ပြီလေ။

Book 21 - 30Where stories live. Discover now