Book 26 Chp 13

42 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 26 
Chapter 13 (စစ်ကူတောင်းခြင်း)

တာအိုဖခင်ကြီးသွေးနီကို အားလုံးပဲ ဝိုင်းကြည့်လိုက်မိကြပါတယ်။

“လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဒီဂျိနင်ကို ငါ့တပည့်အဖြစ် လက်ခံဖို့ အခွင့်အရေးရခဲ့တယ်လေ။ ဒါပေမဲ့ ငါက ဝုပတ်ကိုရွေးချယ်ဖြစ်ခဲ့တယ်။”
တာအိုဖခင်ကြီးသွေးနီက ပြုံးလိုက်ပါတယ်။ သူ့ကိုကြည့်ရတာ အရမ်းကို ပျော်ရွှင်နေပုံပါ။
“ဝုပတ်က ဂျိနင်ထက် ပိုပြီးအလားအလာကောင်းတယ်လို့ ငါတွေးခဲ့မိတယ်။ ဒါပေမဲ့.. ငါ့ရဲ့ အမြင်တွေက အသက်အရွယ်ကြောင့် ေ၀၀ါးသွားခဲ့ပြီထင်တယ်။”

“အဲ…”

အင်ပါရီယာ နတ်ဘုရားကြီးတွေ အစစ်အမှန် အင်မော်တယ်ကြီးတွေအားလုံးပဲ ဘာပြောလို့ ပြောရမှန်းမသိဖြစ်သွားကြပါတယ်။

ဂျိနင်ကို ချီးကျူးတာက တပိုင်းလေ။ သူတစ်ဦးတည်းနဲ့ တော်၀င်ရှရဲ့တိုက်ပွဲအဖြေကို ပြောင်းလဲနိုင်ခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ တာအိုဖခင်ကြီးက အသက်အရွယ်ကြောင့် အမြင်တွေ၀၀ါးလာခဲ့ပြီပြောတာက…။ ဒါကတော့ နည်းနည်းပိုသွားပါပြီ။ တာအိုဖခင်ကြီးဆိုတာ ဘယ်အဆင့်အတန်းမှာလဲ..။ သူ့ကိုယ်သူ ဂျိနင်အတွက် ဒီလိုပြောလာတာတော့…။

“ငါ့ရဲ့ သူငယ်ချင်းက တကယ်ကို အမြင်စူးရှခဲ့တယ်။”
တာအိုဖခင်ကြီးသွေးနီက လေထဲကို လက်ညှိုးညွှန်လိုက်တဲ့အခါမှာတော့.. နောက်ထပ်ကြေးမုံတစ်ချပ် ထပ်ပြီးထွက်ပေါ်လာခဲ့ပါပြီ။ ကြေးမုံထဲမှာတော့ နောက်ထပ်စစ်မြေပြင်တစ်ခုပုံရိပ်တွေပါ။ ဒီစစ်မြေပြင်မှာတော့ အင်ပါရီယာ နတ်ဘုရားကြီးတွေ အစစ်အမှန် အင်မ်ာတယ်ကြီးတွေ တစ်ရာကျော်ပါ၀င်နေပါတယ်။ ဒီ့အပြင်ကို အစစ်အမှန် နဂါးကြီးတွေ၊ ဖင်းဂေါ့ကြီးတွေ ၊ မီးငှက်ကြီးတွေနဲ့ တခြားဒဏ္ဍာရီလာ သတ္တဝါပေါင်းစုံတို့ပါ ပါ၀င်နေလို့ပါ။ နှစ်ဖက်တိုက်ခိုက်နေကြတဲ့ တိုက်ပွဲတွေဟာ တကယ်ကို ကြောက်စရာကောင်းလွန်းလှပါတယ်။ တာအိုဖခင်ကြီးသွေးနီက အေးအေးဆေးဆေးပြောလာခဲ့ပြီလေ။
“နေအရက် လောကနဲ့ အက်ကြောင်းမဲ့ဂိတ်တို့ တိုက်ပွဲက အထွတ်အထိပ်ကို ရောက်နေခဲ့ပြီ။”

Book 21 - 30Where stories live. Discover now