Book 23 Chp 7

41 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 23 
Chapter 7 (နတ်ဘုရားစွမ်းအင် ပြသနာ)

“နေစမ်းပါဦး..”
အဝေးက ယာဉ်သင်္ဘောကြီးထက်ကနေ ၀တ်ရုံနက် ၀တ်ထားတဲ့ စစ်သူရဲတွေ အတန်းလိုက် ထွက်ပေါ်လာတာမြင်တော့ အံ့အားသင့်သွားခဲ့ပါတယ်။
“အစောပိုင်းတုန်းက ငါတိုက်ခိုက်ခဲ့တဲ့ စစ်သူရဲတွေမှာ အကြေးခွံတွေ ၊တောင်ပံတွေ၊ သွေးနီရောင်မျက်လုံးတွေ ကိုယ်စီရှိကြတယ်။ အခုကျတော့ ၀တ်ရုံနက် ၀တ်ထားတဲ့ စစ်သူရဲတွေ.. ပြီးတော့ အားလုံးက လက်လေးချောင်း၊ ရွှေရောင်မျက်လုံး နဲ့ သွေးနီရောင်ဦးချိုကြီးတွေ ကိုယ်စီ..။ သူတို့တွေက အစောပိုင်း ရန်သူတွေနဲ့ လုံး၀ကို မတူဘူး။ သူတို့ရဲ့ အရှိန်အဝါတွေတင်ကို အများကြီးပိုပြင်းထန်နေပြီ..။”

နင်သတ်ခဲ့တဲ့ ရန်သူ ၁၀ ဦးဟာ အိမ်မွေးကြောင်လေးတွေ ဆိုရင်.. ဒီ ၀တ်ရုံနက်၀တ် စစ်သူရဲကြီးတွေကတော့ သွေးဆာနေတဲ့ ကျားကြီးတွေပါ။

“ထောင်နဲ့ချီတဲ့ ၀တ်ရုံနက်၀တ် စစ်သူရဲကြီးတွေ…”
ယာဉ်သင်္ဘောထဲကနေ အရေအတွက် တစ်ထောင်မကတဲ့ စစ်သူရဲကြီးတွေ ဆက်တိုက်ကို တန်းစီပြီး ပျံသန်းလာနေကြပြီလေ။ အချိန်တော်တော်ကြာပြီးတဲ့အခါမှာတော့ နောက်ထပ် စစ်သူရဲတစ်ဦး ထပ်ပြီး ထွက်ပေါ်လာခဲ့ပြန်ပါပြီ။ သူကတော့ ခရမ်းရောင် ၀တ်ရုံကို ၀တ်ဆင်ထားကြပါတယ်။ ကျန်တဲ့ ပုံသဏ္ဌာန် သွင်ပြင်ကတော့ ၀တ်ရုံနက်၀တ် စစ်သူရဲကြီးတွေနဲ့ အတူတူပါ။ ဒါပေမဲ့ အရှိန်အဝါအင်အားပြင်ထန်မှုတော့ အရမ်းကို ကွာခြားတယ်လေ။

“အံ့မခန်းပါလား..။”
နင်လည်း အသက်တောင် မရှူနိုင်လောက်အောင် ဖိအားကို ခံစားမိလိုက်ရပါတယ်။

ခရမ်းရောင် ၀တ်ရုံနဲ့ စစ်သူရဲဟာ ခြေတစ်လှမ်းလှမ်းလိုက်တဲ့အခါမှာတော့ ခန္ဓာကိုယ်ဟာ ေ၀၀ါးပျောက်ကွယ်သွားခဲ့ပြီလေ။ ထောင်နဲ့ချီတဲ့ ၀တ်ရုံနက်၀တ် စစ်သူရဲတွေ အရှေ့ သူပြန်ပေါ်လာခဲ့ပါပြီ။ ဒီ အမြန်နှုန်းကြောင့် နင်မျက်ခုံးတောင်လှုပ်သွားခဲ့ပါတယ်။ ကောင်းကင်ဘုံကိုးဆင့်ရဲ့ လေပြင်းမုန်တိုင်းပညာရပ်ကို အသုံးပြုရင်တောင်မှ ဒီ စစ်သူရဲကြီးလောက် သူမမြန်နိုင်သေးဘူးလေ။

Book 21 - 30Where stories live. Discover now