Chp 617 ( စိတ်ရိုင်းဝင် ဒေါသထွက်ခြင်း)

36 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 30
Chapter 617 (စိတ်ရိုင်း၀င် ဒေါသထွက်ခြင်း)

ထာ၀ရ သစ်သား စောင့်ရှောက်သူလည်း နတ်ဘုရားဘုရင်ကို လှမ်းကြည့်လိုက်ပါတယ်။
“ငါ့မှာ သေချတဲ့ နည်းလမ်းနှစ်ခုတော့ ရှိတယ်။”

“နှစ်ခု…”
နတ်ဘုရာဘုရင်ရဲ့ မျက်လုံးတွေ တောက်ပလို့ သွားခဲ့ပါတယ်။ သူ့မှာ နည်းလမ်းတစ်ခုတောင် မရှိတော့ဘူးလေ။

“သာမန်နည်းလမ်းတွေကတော့.. ဂျိနင်လို လူမျိုးအတွက် အသုံးမ၀င်ဘူး… သူ့ရဲ့အမြန်နှုန်းက မိုးကောင်းကင်တာအိုရဲ့ နောက်ဆုံးအကန့်အသတ်အထိ ရောက်နေခဲ့ပြီ။ တကယ့် ပုဂ္ဂိုလ်ကြီးတွေတောင်မှ သူ့ကို မှီအောင်လိုက်ဖို့ မဖြစ်နိုင်တော့ဘူး။ အင်ပါရီယာ နတ်ဘုရားတွေ အစစ်အမှန် အင်မော်တယ်တွေဆိုရင် ပြောမနေနဲ့တော့….”
ထာ၀ရသစ်သား စောင့်ရှောက်သူလည်း စကားဆက်လိုက်ပါတယ်။
“ဒီလိုအချိန်မှာတော့…. မင်းမှာ ရှိတဲ့ တစ်ခုတည်းသော နည်းလမ်းက အရေအတွက်ပဲ.. အင်ပါရီယာ နတ်ဘုရားနဲ့ အစစ်အမှန် အင်မော်တယ် အလုံအလောက်သာ ရှိမယ်ဆိုရင်… မင်းအနေနဲ့ အစစ်အမှန် နတ်ဘုရားကော တာအိုဖခင်ကြီးကောကို သတ်ဖို့ မခက်လှဘူး။”

“သူက အရမ်းကို မြန်လွန်းနေတော့… သူထွက်ပြေးလို့ မရတဲ့ ၀င်္ကပါနဲ့ အရမ်းကို များပြားတဲ့ အင်ပါရီယာ နတ်ဘုရားတွေ အစစ်အမှန် အင်မော်တယ်တွေ စေလွှတ်လိုက်ရလိမ့်မယ်။”
ထာ၀ရ သစ်သားလည်း စကားဆက်လိုက်ပြီး
“ဒါပေမဲ့.. ဂျိနင်ကို ဒီလို ပိတ်ဆို့ ဖမ်းဆီးဖို့အတွက် မင်းအနေနဲ့ လူအများကြီး လိုအပ်လိမ့်မယ်။”

“ဘယ်လောက်လောက် လိုအပ်မလဲ ခင်ဗျာ…”
နတ်ဘုရားဘုရင်လည်း ချက်ချင်းပဲမေးလိုက်ပါတော့တယ်။

“အနည်းဆုံးတော့ ငါးထောင်ပဲ…”
ထာ၀ရ သစ်သားလည်း ပြန်ဖြေလိုက်တယ်လေ။

နတ်ဘုရားဘုရင် ရင်နာလို့ သွားပါတော့တယ်။

ဒါကလည်း ဖြစ်နိုင်တဲ့ အရေအတွက်ပါ…

အက်ကြောင်းမဲ့ဂိတ်ရဲ့ အဆုံးအစမဲ့ အက်ကြောင်းမဲ့ ၀င်္ကပါအတွက် အင်ပါရီယာနတ်ဘုရားနဲ့ အစစ်အမှန် အင်မော်တယ် ၂၈၉ ဦးလိုအပ်တယ်လေ။ ဒါပေမဲ့လည်း.. ဒါက ကီလိုမီတာ တစ်သောင်း၀န်းကျင်လောက်ကို လုံး၀ တားဆီး ပိတ်ဆို့ထားနိုင်စွမ်း ရှိခဲ့ပါတယ်။ ဂျိနင်အနေနဲ့ ဘယ်လိုမှ ပြေးမလွတ်နိုင်ပါဘူး။ ဒီတောက်ပသော စကြ၀ဠာ ကမ္ဘာ့သော ၀င်္ကပါကတော့ အဓိက ကမ္ဘာကြီး တစ်ခုကို လွှမ်းခြုံထားနိုင်တာဖြစ်ပေမဲ့လည်း ခရီးဆက်ရ ခက်ခဲအောင်သာ တားဆီးထားနိုင်ခဲ့တာပါ။ လုံလောက်တဲ့အချိန်ရရင် ဂျိနင်အနေနဲ့ ထွက်ပြေးလွတ်မြောက်နိုင်ပါတယ်။

Book 21 - 30Where stories live. Discover now