Book 27 Chp 14

39 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 27
Chapter 14 (နောင်တမရဘူး)

ဂျိနင်လည်း အဖြူအနက်ဆေးပုလင်းနှစ်လုံးနဲ့ အရက်အိုးကို ရိုသေစွာ လက်ခံယူလိုက်ပါတယ်။

"မင်းသွားလို့ရပြီ..။"
တာအိုဖခင်ကြီး သွေးနီလည်း ပြုံးပြီးတော့ခေါင်းညိတ်ပြလိုက်တယ်လေ။

နင်လည်း ပင်မခန်းမကနေ ထွက်ခွာသွားခဲ့ပါပြီ။ သူအရမ်းကိုပျော်ရွှင်နေခဲ့ပြီလေ။ ဒက်နော့ တပ်စခန်းက အိမ်တော်ကို သူပြန်လာခဲ့ပါပြီ။

"ပြန်ရောက်လာပြီလား..။"
ယုဝေလည်း နင်ကို ကြိုဆိုနေခဲ့ပါတယ်။

"ဟားဟား..."
နင်လည်း မအောင့်နိုင်ပဲ ပြုံးရယ်နေမိပါတယ်။
"ကိုယ့်အတွက် အရက်ပြင်ပေးပါလား..။"

ယုဝေလည်း အင်မော်တယ်၀တ်ရည်အရက်တစ်အိုးကို ထုတ်ယူလိုက်ပါတယ်။ သူမ စားပွဲ ပြင်ဆင်လို့ မပြီးခင်မှာပဲ နင်က အရက်ခွက်ကိုကောက်ယူပြီးတော့ ပျော်ရွှင်စွာ သောက်ချလိုက်ပြီလေ။ အင်မော်တယ်အရက်ရဲ့ ချိုမြိန်စူးရှမှုကို သူခံစားမိပါတယ်။ သူ့စိတ်တွေ ကြည်လင်လာခဲ့ပြီလေ။ သူလည်း စကားတစ်ခွန်းဆိုလိုက်ပါတယ်။
"ဘယ်လောက်တောင် ကောင်းလိုက်လဲ..။"

"ရှင့်ကိုကြည့်ရတာ ဒီနေ့စိတ်ရွှင်နေပါလား..။"
ယုဝေလည်း သူ့အနား၀င်ထိုင်လိုက်ပါတယ်။

"ကိုယ်ဘယ်လိုလုပ် မပျော်ပဲ နေနိုင်ပါ့မလဲ..။ "
နင်ရယ်မောလိုက်ပါတယ်။
"စစ်မြေပြင်မှာ မင်းက ကိုယ့်အနား ရှိနေမှာလေ။ ကိုယ်တို့မှာ သမီးလေးလည်း ရှိနေပြီ။ ပြိးတော့ ဒီလောကစစ်ပွဲအတွက် ကိုယ်တို့တွေ မဟာအောင်ပွဲ ကျင်းပနိုင်ကြတော့မှာ..။ အားလုံးက ပြီးပြည့်စုံနေပြီလေ။ မိုးကောင်းကင်ဟာ ကိုယ့်အပေါ် အရမ်းကြင်နာခဲ့တာပဲ..။"

ယုဝေလည်း ပြုံးလိုက်ပါတယ်။ သူမရဲ့ဘယ်ဘက်လက်နဲ့ နင်ရဲ့လက်တစ်ဖက်ကို ဆွဲယူလိုက်ပြီလေ။

နင်လည်း ထပ်ပြီး ရယ်မောလိုက်မိပါတယ်။

"ကိုယ်ဆေးတွေစပ်လိုက်ဦးမယ်။"
နင်လည်း သူ့ရဲလက်ကို ဝှေ့ယမ်းလိုက်ပြီးတော့ ကျောက်စိမ်ဖြူပုလင်းနဲ့ အရက်အိုးကို ထုတ်ယူလိုက်ပါတယ်။ အရက်အိုးနဲ့ ကျောက်စိမ်းဖြူပုလင်းဖုံးလေးတွေကို သူဖွင့်လိုက်ပြီလေ။ ဒီအရက်အိုးက အထူးစီမံထားတဲ့ အရက်အိုးပါ။ ဒါက အရမ်းတော့ အဖိုးမတန်ပါဘူး။ သာမန် အင်မော်တယ်အဆင့် မှော်ရတနာလေးပဲလေ။ တာအိုဖခင်ကြီးတွေအနေနဲ့ ဒီပစ္စည်းမျိုးကို အလွယ်တကူ ပြုလုပ်ပေးနိုင်ပါတယ်။ စုပ်ယူအားတစ်ခုက အရက်အိုးအ၀ကနေ ထွက်ပေါ်လာခဲ့ပြီးတော့ ပုလင်းဖြူထဲက ဆေးအားလုံးကို စုပ်ယူလိုက်ပြီလေ။

Book 21 - 30Where stories live. Discover now