Book 27 Chp 9

43 5 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 27
Chapter 9 (မွေးဖွားလာခြင်း)

“သွားတော့.. မင်းတို့ ငါ့အနားမှာ စောင့်နေဖို့ မလိုတော့ဘူး။”
ကောင်းကင်အင်မော်တယ် အမှောင်ကောင်းကင်ဘုံ ညွှန်ကြားလိုက်ပါတော့တယ်။

“အမိန့်အတိုင်းပါခင်ဗျာ..။”

အစစ်အမှန်အင်မော်တယ် နှစ်ဦးလည်း စီစဉ်စရာတာတွေကို စီစဉ်ဖို့အတွက် အောက်ကို ပျံသန်းဆင်းသက်သွားပါပြီ။ မရေမတွက်အောင် ရှိနေတဲ့ ကောင်းကင်အင်မော်တယ်တွေလည်း တာ၀န်တွေ ပြောင်းလဲယူလိုက်ကြပြီလေ။ သူတို့နှစ်ဦးလည်း အချို့အစိတ်အပိုင်းတွေကို တည်ဆောက်နေကြပါပြီ။

အမှောင်ကောင်းကင်ဘုံက အားလုံးကို ကြည့်နေခဲ့ပါတယ်။

“အမှောင်ကောင်းကင်ဘုံ…”
ရုတ်တရက်ဆိုသလိုပဲ အသံနက်ကြီးတစ်ခုကို အမှောင်ကောင်းကင်ဘုံ နားထဲမှာကြားလိုက်ရပြီလေ။

အမှောင်ကောင်းကင်ဘုံ တုန်လှုပ်သွားပါတယ်။ ချက်ချင်းကို လေးစားစွာ သူပြန်ဖြေလိုက်ပြီလေ။
“ဆရာ.. ဆရာ့ဟာ  အကြီးကျယ်အမြင့်မြတ်ဆုံးပါ။”

“ဒီ တာအိုဖခင်ဂိုလမ်တွေက အရမ်းကို အားနည်းနေသေးတယ်။ သူတို့တွေက တာအိုဖခင်အဆင့်လောက် ရောက်တယ်ဆိုရုံလေးပဲ..။ နောက်ဆုံးစစ်ပွဲ ရောက်လာတဲ့အခါကျရင်.. လောကသုံးပါးရဲ့ တကယ့် မဟာ နတ်ဘုရားကြီးတွေ တာအိုဖခင်ကြီးတွေဖြစ်တဲ့ တာအိုလမ်းစဉ်နဲ့ ဗုဒ္ဓလမ်းစဉ်ရဲ့ ခေါင်းဆောင်တွေပါ ပါ၀င်လာလ်ိမ့်မယ်။ သူတို့တွေဆို ဒီဂိုလမ်တွေကို လက်တစ်ချက်ယမ်းပြီးတော့တောင် ဖျက်ဆီးနိုင်မှာ..။”
အသံနက်ကြီးက ပုံမှန်ပဲ ပြောလိုက်ပါတယ်။
“မင်းအနေနဲ့ စိတ်အာရုံမထွေပြားသင့်ဘူး။ အရာအားလုံးရဲ့ တမန်တော်ကို တည်ဆောက်တာမှာပဲ အာရုံစိုက်ထားသင့်တယ်။”

“ဆရာ.. ဒါက ကျွန်တော့်ရဲ့ ကိုယ်ပွားလေးတစ်ခုပဲလေ။”
အမှောင်ကောင်းကင်ဘုံက ရိုသေလေးစားစွာ ဖြေလိုက်ပါတယ်။
“ဆရာပြောသလိုပါပဲခင်ဗျာ.. ဒီတာအိုဖခင်ဂိုလမ်အမျိုးအစားတွေက တာအိုဖခင်ကြီးအဆင့် ရောက်တယ်ဆိုရုံပဲ ရှိနေပါသေးတယ်။ ကျွန်တော့်အတွက်တော့ ဒါကိုတည်ဆောက်ဖို့က တကယ့်ကို လွယ်လွယ်လေးပါ။ တစ်နှစ် နှစ်နှစ်လောက်ပဲဆိုတော့ သိပ်ပြီးလည်း အချိန်မကုန်ပါဘူး။ ဒီနှစ်တွေထဲမှာ လောကသုံးပါးတခွင် ကျွန်တော် ပေါ့ပေါ့ပါးပါးပဲ လေလွင့်နေခဲ့တယ်လေ။ ဒီကောင်မလေး ခရမ်းရောင်မြက်လေးကိုတော့ .. ကျွန်တော် တကယ် အလိုလိုက်မိခဲ့တယ်။ အခု သူသေသွားပြီလေ။ သူ့အတွက် ကျွန်တော်လက်စားမချေလို့ မဖြစ်တော့ဘူး။”

Book 21 - 30Where stories live. Discover now