Book 25 Chp 20

40 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 25 
Chapter 20 (အတုံးအရုံး သေကြေပျက်စီးခြင်း)

ကောင်းကင်ဘုံကို အပြစ်ပေးသူ လိုချီရဲ့ ခန္ဓာကိုယ်ထဲက မရေမတွက်နိုင်တဲ့အင်မော်တယ်တွေ ကြေကွဲခြောက်ခြားသွားခဲ့ကြပါပြီ။

သူတို့တွေက အစွမ်းထက်တယ်ဆိုပေမဲ့လည်း… ဒီလို မဟာပူးပေါင်းတိုက်ခိုက်ခြင်း ၀င်္ကပါကြီးဖြစ်တဲ့ ကောင်းကင်ဘုံကို အပြစ်ပေးသူကြီး မရှိတော့တဲ့အခါမှာတော့…. သူတို့အနေနဲ့ ကမ္ဘာဦး သတ္တဝါရိုင်းကြီးရဲ့ တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်စွမ်း မရှိတော့ပါဘူး။ ပြီးတော့ သူတို့ကို ရင်ဆိုင်တဲ့ မျက်နှာဖြူရေနဂါးကြီးဟာ တခြား အကောင်တွေထက် ပိုပြီးတော့ ခွန်အားကြီးနေတယ်လေ။

“ရှီ ရှီ ၇ှီ…”
မျက်နှာဖြူ ရေနဂါးကြီးဟာ နဂါးတွန်သံနဲ့အတူ အေးစက်စက်ရယ်မောလိုက်ပုံရပါတယ်။ သူ့ရဲ့ လက်သည်းရှည်ကြီးတွေ ထပ်ပြီး၀င်ရောက်လာခဲ့ပြန်ပါပြီ။

“ရပ်စမ်း”

“ယုတ်ညံ့တဲ့ သတ္တဝါရိုင်း..”

ဒေါသတကြီး အော်ဟစ်လိုက်တဲ့ အသံနှစ်ခုထွက်ပေါ်လာခဲ့ပြီလေ။

မိုးထိအောင်မြင့်နေတဲ့ ဖင်းဂေါ့ကြီးနှစ်ဦးထပ်မံထွက်ပေါ်လာခဲ့ပါပြီ။ တစ်ဦးကတော့ မုတ်ဆိတ်နီနဲ့ အဖိုးအိုတစ်ဦးဖြစ်ပြီးတော့ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ မီးလျှံတွေတောက်လောင်နေလို့ပါ။ နောက်တစ်ဦးကတော့ လှပလွန်းလှတဲ့ ကောင်မလေးတစ်ဦး။ သူမကတော့ အင်ပါရီယာ နတ်ဘုရားဖြစ်ပေမဲ့ ဒီတစ်ကြိမ်မှာ မှော်မန္တာန်ကိုသာ အသုံးပြုလိုက်ပါတယ်။

၀ုန်း ဝုန်း ဝုန်း

ဆူညံတဲ့အသံတွေနဲ့အတူ ရေနက်တွေ အလုံးအရင်းနဲ့ထွက်ပေါ်လာခဲ့ပြီး သူမရဲ့ ရန်သူကို တားဆီးလိုက်သလို အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လွတ်မြောက်အင်မော်တယ်တွေ ကောင်းကင်အင်မော်တယ်တွေကိုလည်း ဆွဲယူကယ်ဆယ်လိုက်ပါတယ်။

“ဟားဟားဟား… ကမ္ဘာဦး အင်ပါရီယာကလန်ကလားကွ..။”
သတ္တဝါရိုင်းကြီးဟာ အားရပါးရ ရယ်မောလိုက်ပါပြီ။ သူ့ရဲနဂါးအမြီးကြီးဟာ ရိုက်ချလို့လာသလို  လက်သည်းရှည်ကြီးတွေကလည်း ကုတ်ဆွဲလိုက်ပြီလေ။ ကောင်းကင်အင်မော်တယ်တွေ လွတ်မြောက်အင်မော်တယ်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်ဖို့အတွက် ကြိုးစားလိုက်ပါတယ်။ အသက်ရှင်နေသူတွေကလည်း သူတို့ တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို အသုံးပြုလိုက်ကြပြီလေ။ အင်မော်တယ် နန်းတော်ထဲ ပုန်းအောင်းတာ၊ ထွက်ပြေးတိမ်းရှောင်တဲ့ ပညာကို အသုံးပြုတာ၊ စသည်ဖြင့်။ ပြောရရင်တော့ အချိန်ကို တတ်နိုင်သမျှ ဆွဲထားခဲ့တာပါ။ ဒါပေမဲ့ မျက်နှာဖြူ ရေနဂါးကြီးနဲ့ ယှဉ်လိုက်တယ်ဆိုရင်… သူတို့တွေဟာ အလွန်ကို အားနည်းပြီး နှေးကွေးလို့ နေခဲ့ပါပြီ။

Book 21 - 30Where stories live. Discover now