Book 27 Chp 6

39 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 27
Chapter 6 (နှင်းနီရဲ့ အမည်)

ဂျိနင်ပြောစကားကြောင့် အင်ပါရီယာ နတ်ဘုရားကြီး ခုနစ်ဦးနဲ့ ၀က်ဝံ၀ါကြီးတို့ဟာ သူ့ကို လှည့်ကြည့်လိုက်ကြပါတယ်။

“ငါတို့ တကယ်ပဲ ၀င်လာရတော့မလား။”
ချောမောလှပတဲ့ အင်ပါရီယာ နတ်ဘုရားမ နှင်းကင်းမြီးကောက်က သူ့ကို စိတ်နဲ့ဆက်သွယ်ပြီးပြောလိုက်ပါတယ်။

“နောင်တမရမိစေနဲ့နော်…”
ကလေးငယ်လို ကမ္ဘာဦးမီးလျှံကလည်း သူ့ကို စ်ိတ်နဲ့ ဆက်သွယ်လာခဲ့တယ်လေ။

“ငါတို့က မင်းကို တစ်ကြိမ်ပဲ ကူညီပေးမယ်လို့ ကတိပေးထားတာနော်။”
အင်ပါရီယာ နတ်ဘုရား ကတုံးကြီး နိုင်းဖန်ကလည်း နင်ကိုကြည့်ပြီး ပြောလိုက်ပါတယ်။

အင်ပါရီယာ နတ်ဘုရားခိုမြွေ၊ အင်ပါရီယာ နတ်ဘုရားနေမီးလျှံ၊ အင်ပါရီယာ နတ်ဘုရား လနက် နဲ့ ၀က်ဝံ၀ါကြီးတို့လည်း နင်ကို အလောတကြီး စိတ်နဲ့ ဆက်သွယ်ပြောလိုက်ပြီလေ။ သူတို့တွေ စိတ်နဲ့ဆက်သွယ်ရတဲ့ အကြောင်းအရင်းကလည်း စစ်ပွဲဟာ တကယ့်အထွတ်အထိပ် အဆင့်ကိုရောက်နေပြီဖြစ်လို့ အချိန်မကုန်စေဖို့အတွက်ပါ။

အင်ပါရီယာ နတ်ဘုရားကြီးနှင်းနီကတော့ အသံတိတ်နေခဲ့ပါတယ်။ နင်ကို သူတစ်ချက် လှမ်းကြည့်လိုက်တဲ့အခါ နင်နဲ့ သူ အကြည့်ချင်း ဆုံသွားခဲ့ပါပြီ။ ဒါပေမဲ့ သူတို့မျက်လုံးမှာ အလျင်စလို ဖြစ်မှု မရှိခဲ့ပါဘူး။

“၀င်္ကပါကို ပြင်ဆင်လိုက်တော့”
ဒီစကားတစ်ခွန်းကိုသာ အင်ပါရီယာ နတ်ဘုရားကြီးနှင်းနီပြောခဲ့ပါတယ်။

“အဟား…ဟားဟား”

တခြား အင်ပါရီယာ နတ်ဘုရားကြီး ခြောက်ဦးလည်း အားရပါးရ ရယ်မောလိုက်ပါပြီ။ အားလုံးရဲ့ မျက်လုံးတွေမှာ စိတ်အားထက်သန်မှုတွေကို မြင်တွေ့ရပါလိမ့်မယ်။ သူတို့အနေနဲ့ သီးခြားနေထိုင်ခဲ့တာ ကြာလွန်းခြင်းမက ကြာလွန်းလာခဲ့ပြီလေ။ ဒီလိုနှစ်ပေါင်းများစွာကို အေးအေးချမ်းချမ်း နေထိုင်ခဲ့ကြပေမဲ့လည်း သွေးဆူလွယ်နေဆဲပါ။ တစ်ရက်မှာတော့ သွေးချောင်းစီးတဲ့စစ်ပွဲတွေကို ပြန်ပြီးရင်ဆိုင်ချင်တဲ့ စိတ်ဆန္ဒက အမြဲ ရှိနေခဲ့တယ်လေ။ သွေးနီလောကရဲံ လောကစစ်ပွဲဆိုတာ.. ဒါ သူတို့တွေ မျှော်လင့်တောင့်တနေတဲ့ အရာပဲပေါ့။

Book 21 - 30Where stories live. Discover now