Book 22 Chp 12

44 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 22 
Chapter 12 (ထောင်ထဲမှ ထွက်ပြေးလာကြခြင်း)

“သေမယ်.. ဟုတ်လား.. ဘာလဲ.. မင်းရဲ့ အင်ဆက် သတ္တဝါဆန်းကြီး ၃ကောင်ကြောင့်လား.. ဟားဟား..”
မီတာကိုးရာမြင့်မားတဲ့ ဂျိနင်ကြီးက အားရပါးရ အော်ဟစ်ရယ်မောလိုက်ပါတော့တယ်။ ကြေးတိုင်ကြီးကို ဆက်ပြီးတော့ အားရပါးရ ဆွဲနှုတ်နေလိုက်ပါပြီ။ တွန်းကန်အားဟာလည်း ပြင်းထန်လာတဲ့အတွက်အကြောင့် သူ့အတွက် ပိုပြီး လွယ်ကူလာခဲ့ပြီလေ။

“မင်း…”

ချိုတစ်ချောင်းနဲ့လူကြီး ဒေါသတွေ ပေါက်ကွဲလို့ သွားခဲ့ပါပြီ။ ပန်ဂုခေတ်ကတည်းကကို သူဟာ သတိကြီးကြီးထားပြီးတော့ လှုပ်ရှားလာခဲ့တာပါ။ သူ့ရဲ့ အင်းဆက်ပိုးကောင်အားလုံးကို ကိုယ်ပွားတစ်ခုပဲ ဘယ်တော့မှ မထည့်ထားခဲ့ပါဘူး။ သူ့ရဲ့ ကိုယ်ပွားတစ်ခုဟာ အင်းဆက်ပိုးကောင် ၃ကောင်အထိပဲ သယ်ဆောင်ထားတယ်လေ။ ဒီကိုယ်ပွားကတော့ ကလန်ကို ကာကွယ်ဖို့အတွက်ပါ။ ကျန်တဲ့ ကိုယ်ပွားတွေကတော့ လောကသုံးပါးတခွင် အနှံ့ပျံ့နှံ့လို့ ရှိနေပါတယ်။ ချိုတစ်ချောင်းနဲကလူကြီး ဒေါသတကြီးတွေးနေမိပါတယ်။ သူ့ရဲ့အင်းဆက်ပိုးကောင်တွေအားလုံးသာ ဒီမှာ ရှိနေရင် ဒီကြေးတိုင်ကြီးကို အေးအေးလူလူ ပြန်ဖိချနိုင်မှာလေ။

ဒါပေမဲ့ ဒီလို အင်းဆက်ပိုးကောင်တွေကို ခွဲပြီးယူထားတာကလည်း သူ့ရဲ့ သံမဏိစည်းမျဉ်းပါ။ ဒါကြောင့်သူသာ သူဒီနေ့အထိ အသက်ရှင်သန်နိုင်ခဲ့တာလေ။ ဒီစည်းကမ်းကို ဖောက်ဖျက်ဖို့ထက် တစ်ခုခုကိုသာ သူစတေးမိပါလိမ့်မယ်။

“ဟမ့်… ၈၉ပါးလျှို့ဝှက်နတ်သိုင်း..”
ချိုတစ်ချောင်းလူကြီးလည်း ဒေါသတကြီး စိတ်နဲ့ အော်ဟစ်ပြောလိုက်ပါတယ်။
“၈၉ပါးလျှို့ဝှက်နတ်သိုင်းကို  လေ့ကျင့်ထားပေမဲ့ မင်းရဲ့ ကောင်းကင်အင်မော်တယ် စမ်းသပ်မှုကိုတောင်မှ မကျော်ဖြတ်ရသေးတာကို…  ငါတကယ်မင်းကို တိုက်ခိုက်ရင်.. မင်းသေကိုသေရမှာကွ..။”

“အဲ့ဒါဆို လာလေ။ ဘာတွေပြောနေတာလဲ..။ အစွမ်းပြလိုက်တော့လေ။”
နင် လှောင်ပြောင်ပြောဆိုလိုက်ပါတယ်။

Book 21 - 30Where stories live. Discover now