Book 27 Chp 18

39 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 27
Chapter 18 (ငါဟာ သေမျိုးဖုန်မှုန့်တို့ လောကက လာခဲ့ပေမဲ့လည်း.. ငါ့ရဲ့ နှလုံးသားဟာ ကောင်းကင်ဘုံကိုဆက်ပြီးပျံသန်းသွားမယ်။)

“ဒါကို တော်တော်များများက လက်မခံနိုင်ကြပေမဲ့လည်း.. အင်အားကွာခြားချက်က အရမ်းကိုကြီးမားလွန်းနေပြီလေ။”
ရှအင်ပါရီယာ ပြည့်ရှင်လည်း ခေါင်းကိုခါယမ်းလိုက်ပြီးတော့
“အက်ကြောင်းမဲ့ဂိတ်မှာ တာအိုဖခင်ဂိုလမ်ကြီး ရှိနေခဲ့ပြီ..။ ငါတို့ဆီမှာ ရှန်းနွန်ရဲ့ ဆေးရှိနေခဲ့တယ်လေ။ ဒါပေမဲ့လည်း အခုတော့ ငါတို့တာအိုဖခင်ကြီးရဲ့ နောက်ဆုံးအမိန်ကိုပဲ စောင့်ရတော့မယ်။”

ဂျိနင်လည်း ခေါင်းကို ဖြည်းလေးစွာညိတ်လိုက်ပါတယ်။

“ဒါတွေအားလုံးက ကျွန်တော့်အမှားတွေကြောင့်ပါ။”
နင်လည်း အေးအေးဆေးဆေးပြောလိုက်ပါတယ်။

“ဒါက မင်းရဲ့ အမှားတွေ မဟုတ်ပါဘူးကွာ…။ ယုဝေလည်း အက်ကြောင်းမဲ့ဂိတ်က ဖြစ်လိမ့်မယ်လို့ မင်းလည်း ထင်မှ မထင်ထားမိတာ..။ ကဲကဲ ..အတွေးလွန်မနေနဲ့ဦး..။ ငါလည်း အပြင်လူတွေ မင်းကိုလာပြီး နှောင့်ယှက်လိုကမရအောင် စောင့်ပေးခဲ့ပြီးပြီ… အဲဒါကလည်း တာအိုဖခင်ကြီးရဲ့ ညွှန်ကြားချက်ကြောင့်ပဲလေ။ တာအိုဖခင်ကြီးက မင်းကို အရမ်းအရေးကြီး လူတစ်ဦးအဖြစ် သတ်မတ်ထားတာ။”
ရှအင်ပါရီယာ ပြည့်ရှင်လည်း နင်ကို ကြည့်နေခဲ့ပါတယ်။

သူတခုခုကို သတိရသွားပြီးတော့ မြန်မြန် စကားဆက်လိုက်ပါတယ်။
“ဟုတ်သားပဲ.. မင်းလည်း အင်မော်တယ်စွမ်းအားတွေ အသုံးပြုလို့ မရသေးဘူး မဟုတ်လား..။ ငါမင်းကို ဖြေဆေးဆယ်စက်ပေးရဦးမယ်။”

“ကျွန်တော့်ကို အစက်တစ်ရာပေးပါ။”

“တစ်ရာ…”
ရှအင်ပါရီယာ ပြည့်ရှင်က နင်ကို အံ့အားသင့်စွာကြည့်လိုက်ပြီးတော့
“မင်း….”

နင်လည်း မရှင်းပြတော့ပါဘူး။ သူသန့်စင်သောယန် အင်မော်တယ် ဖြစ်တာကို ရှင်းပြလိုက်တော့ကော ဘာထူးမှာလဲ..။ သူ့ရဲ့ ကောင်းကင်ဘုံကိုအပြစ်ပေးသူက ဒီအဆင့်က ဒီအဆင့်မှာပဲ ရှိနေမှာလေ။ စစ်ပွဲတစ်ခုလုံး အဖြေပြောင်းလဲသွားဖို့ရာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်လည်း သူတို့ကို မျှော်လင့်ချက်အတုမပေးထားတာက ပိုကောင်းပါလိမ့်မယ်။

Book 21 - 30Where stories live. Discover now