Chp 595 ( အစစ်အမှန်နတ်ဘုရားနှင့် အစစ်အမှန်အင်မော်တယ်များကို အနိုင်ကျင့်ခြင်း)

37 5 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 29
Chapter 595 (အစစ်အမှန် နတ်ဘုရားနှင့် အစစ်အမှန် အင်မော်တယ်များကို အနိုင်ကျင့်ခြင်း)

လီလီလည်း မတ်တတ်ရပ်လို့နေခဲ့ပါတယ်။ သူမအသံမထွက်ခဲ့ပါဘူး။ သူမအရှေ့က ကြီးကြပ်သူဟာ စဉ်းစားတွေးတောနေတာကို သူမနားလည်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ နင်ဟာ သူမကို ကြည့်လိုက်ပြီး
“ကောင်းတယ်… မင်းမှာ ဝိညာဉ်ဆေးလုံးတွေ နည်းနနေပြီမဟုတ်မလား.. ဒီ ဝိညာဉ်ဆေးလုံး တစ်ပုလင်းက မင်းအတွက် အချိန်အတိုင်းအတာ တစ်ခုအထိတော့ အသုံး၀င်လိမ့်မယ်။”
ပြောပြောဆိုဆိုနဲ့ သန့်စင်သောယန် ဝိညာဉ်ဆေးလုံးတွေ ပါ၀င်တဲ့ ပုလင်းလေးတစ်လုံးကို ကမ်းပေးလိုက်ခဲ့ပါတယ်။ ဒီဆေးလုံးတွေကြောင့် လီလီရဲ့ မျက်လုံးတွေ တောက်ပလာခဲ့ပါပြီ။

“အစစ်အမှန် အင်မော်တယ်ကို ကျေးဇူးတင်ပါတယ်ရှင်…”
လီလီ အရမ်းကို ရိုသေနေခဲပါတယ်။ ဒါကလည်း အခုလက်ရှိ သူမ အလိုအပ်ဆုံး အရာပဲလေ။ ကောင်းကင်အင်မော်တယ်တွေဟာ စွမ်းအင်ကို တတ်နိုင်သမျှ ချွေတာပြီးတော့ အသက်ရှင်သန်နိုင်ဖို့ ကြိုးစားခဲ့ရတာပါ။ ဒါပေမဲ့လည်း သူတို့တွေအနေနဲ့ အဆုံးအစမဲ့ အချိန်အတိုင်းအတာ တစ်ခုအထိတော့ တောင့်ခံမထားနိုင်ဘူးလေ။ ပျက်စီးခြင်း စက်၀န်းတစ်ခုဆိုတာဟာ အလွန့်ကို ရှည်လျားလွန်းလှတဲ့ ကာလအပိုင်းအခြားတစ်ခုပါ။ ပြီးတော့ ပျက်စီးခြင်း စက်၀န်းတစ်ခုကို ကျော်ဖြတ်ဖို့ အသုံးပြုရတဲ့ စွမ်းအင်ပမာဏဟာလည်း အလွန့်အလွန်ကို များပြားလွန်းနေခဲ့တယ်လေ။

“ငါ မင်းကို မေးချင်သေးတယ်။”
နင်မေးခဲ့ပါတယ်။

“ပြောပါ အစစ်အမှန် အင်မော်တယ်…”
လီလီ နားမလည်နိုင်အောင် ဖြစ်နေခဲ့လို့ပါ။ ဒီလူက သူမရဲ့ မှတ်ဥာဏ်အားလုံးကို ကြည့်ပြီးခဲ့ပြီးပြီလေ။ ဘာများ သိဖို့ ကျန်နေသေးလို့လည်း..

“ငါ့ရဲ့ ဂျိဒန်က အားအနည်းဆုံး ဂျိဒန်လို့ မင်းပြောနိုင်လိမ့်မယ်ထင်တယ်…”
နင်ပြောခဲ့ပါတယ်။
“ကုန်ကြမ်းပစ္စည်းတွေ ကျင့်စဉ်တွေကို အသုံးပြုပြီးတော့ ဂျိဒန်ကို ဒုတိယ အဆင့်အထိ အဆင့်မြှင့်တင်လို့ ရတယ်ဆိုတနာကို ငါသိထားတယ်။ ဒီ အကျဉ်းထောင်မှာ အကျဉ်းသားတွေ အများကြီးပဲ ရှိနေတယ်လေ။ ငါ့ရဲ့ ဂျိဒန်ကို အဆင့်မြှင့်တင်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို ဘယ်လို ရှာဖွေရမလဲ..။ ငါဘယ်လို လုပ်သင့်သလဲ..”

Book 21 - 30Where stories live. Discover now