Book 27 Chp 11

43 5 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 27
Chapter 11 (မြို့တော်ကို ၀န်းရံတိုက်ခိုက်ခြင်း)

အက်ကြောင်းမဲ့မြို့တော်…

“တာအိုဖခင်ကြီး…”
အင်ပါရီယာ နတ်ဘုရားနဲ့ အစစ်အမှန် အင်မော်တယ် ခြောက်ဆယ့်တစ်ဦးဟာ တလေးတစား သံပြိုင်ခေါ်လိုက်ကြပါတယ်။ ကျန်တဲ့သူတွေကတော့..။ ဂြိုလ်ခုနစ်လုံး နတ်ဘုရားကြီး ထွက်ပေါ်လာတဲ့အချိန်မှာ အားလုံးပဲ သေဆုံးသွားခဲ့ကြတယ်လေ။ အက်ကြောင်းမဲ့ဂ်ိတ်ဟာ စစ်ပွဲမှာ အကြီးအကျယ် ဆုံးရှုံးခဲ့ပါတယ်။ မဟာပညာရှင် အမှောင်ကောင်းကင်ဘုံသာ ၀င်မပါလာဘူးဆိုရင်တော့ နတ်ဘုရားဘုရင်ကော တာအိုဖခင်ကြီး ဝါးမှင်ပါ တော်၀င်ရှကို သိမ်းပိုက်ဖို့အရေး လက်လျှော့သွားတော့မှာပါ။

“ဒီလောကစစ်ပွဲမှာ ငါတို့တွေ အများကြီး ဆုံးရှုံးသွားခဲ့ရတယ်။”
တာအိုဖခင်ကြီး ဝါးမှင်လည်း သူ့ရဲ့ အင်အားစုတွေကို ကြည့်နေခဲ့ပါတယ်။
“ဒါပေမဲ့ ငါတို့ အက်ကြောင်းမဲ့ ဂိတ်အနေနဲ့ ဒီလောကစစ်ပွဲကို လက်မလျှော့နိုင်သေးဘူး။”

“လက်မလျှော့နိုင်သေးဘူး??”

အင်ပါရီယာ နတ်ဘုရားနဲ့ အစစ်အမှန်အင်မော်တယ် ၆၁ ဦးလည်း အရမ်းကို အံ့အားသင့်သွားခဲ့ပါတယ်။ နဂါးစားတောင်က မိစ္ဆာသားရဲ နတ်ဘုရားကြီးသုံးဦးဟာဆိုရင်လည်း တာအိုဖခင်ကြီးဝါးမှင်ကို အံ့သြမင်သက်စွာ ကြည့်နေမိခဲ့တယ်လေ။ သူတို့သုံးဦးဟာ နှင်းနီိရဲ့ ဂြိုလ်ခုနစ်လုံးနတ်ဘုရား ၀င်္ကပါကြောင့် ဘ၀ပျက်သွားခဲ့ရတဲ့အတွက် ထပ်ပြီး ရင်ဆိုင်တိုက်ခိုက်လိုစိတ် မရှိကြတော့ဘူးလေ။

“တာအိုဖခင်ကြီးခင်ဗျာ… ကျွန်တော်မေးခွင့်ရှိမလား မသိဘူး…။ ဂြိုလ်ခုနစ်လုံး နတ်ဘုရားကြီးကို ကျွန်တေ်ာတို့တွေ ဘယ်လိုရင်ဆိုင်ချင်ဖို့ စိတ်ကူးထားလို့ပါလဲခင်ဗျာ..။”
သုံးဦးထဲက အကြီးဆုံး မိစ္ဆာသားရဲ နတ်ဘုရားကြီး တောင်ကိုမျိုသော မဟာသူတော်စင်ကြီးက အသံအကျယ်ကြီးနဲ့ ပြောလာခဲ့ပါတယ်။

“ကြည့်လေ။”
တာအိုဖခင်ကြီး ဝါးမှင်လည်း လက်ကို ဝှေ့့ယမ်းလိုက်ပါတော့တယ်။

Book 21 - 30Where stories live. Discover now