Book 22 Chp 17

47 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 22 
Chapter 17 (မင်းမှာ အပြစ်မရှိဘူး)

“ဂိုဏ်းတူအစ်ကိုကြီး…”

မူနော့စွန်းလည်း ကီလိုမီတာ တစ်သောင်းရှိတဲ့ ၀င်္ကဘာထဲကနေ ကြည့်လို့နေခဲပါတယ်။ ဂျိနင်ကို မကူညီနိုင်ခဲ့တဲ့အတွက် သူနာကျင်၀မ်းနည်းနေလို့ပါ။ ချွင်ကလေးကော ဦးလေးဖြူပါ မျက်နှာလုံး၀ကို ပျက်လို့နေခဲ့ကြပြီလေ။

သူတို့နှစ်ဦးလုံး ပြောနိုင်တာကတော့ ဒါက စကြ၀ဠာ အက်ကွဲကြောင်းနဲ့ တည်နေရာရွှေ့ပြောင်းသွားခြင်း တစ်မျိုးဆိုတာပါပဲ..။

“ဆရာ့ကို ကျွန်မ အာရုံခံလို့ မရတော့ဘူး။”
ချွင်ကလေး စိတ်ပူပန်စွာပြောလိုက်ပါတယ်။
“သူဘယ်အရပ်မှာ ရှိနေတယ်ဆိုတဲ့ အာရုံကိုတောင် မရတော့တာ..။ ဆရာက တော်၀င်ရှကမ္ဘာမှာ ရှိမနေတော့ဘူး…။ အလွန့် အလွန်ကို ဝေးကွာတဲ့ နေရာတစ်ခုကို ဆရာရောက်သွားခဲ့ပြီ။”

“ငါလည်း သူ့ကို အာရုံခံလို့မရတော့ဘူး။”
ရေမြေခွေးဖြူကြီးလည်း နင်ရှိနေမဲ့အရပ်ကို အာရုံခံရင်းပြောလိုက်ပါတယ်။

“အားလုံးက ကျွန်တော့်အမှားတွေပါ.. ။ ကျွန်တော့်အမှားတွေပါ။ ကျွန်တော်က တကယ့်ကို အသုံးမကျတဲ့ကောင်..။ ကလဲ့စားချေဖို့ကို ကျွန်တော် ဒီလောက်အထိ အလောမကြီးသင့်ဘူး… အလောမကြီးခဲ့သင့်ဘူး……”
နော့စွန်လည်း အလွန်ကို နောင်တရလို့နေပါတယ်။

နင်ကပဲ သူနဲ့ ယုရှရဲ့ စိတ်ဝိညာဉ်ကို အရှေ့တောင်တန်း နယ်မြေကနေ ကယ်တင်ခဲ့ပေးတာလေ။ ဒါပေမဲ့ နောက်ပိုင်းမှာ မီးလျှံငယ်ကလန်ရဲ့ ကောင်းကင်အင်မော်တယ်တွေက နင်ကို ခြုံခိုတိုက်ခိုိက်ခဲ့ကြတယ်။ ဒီမှာ ယုရှရဲ့ စိတ်ဝိညာဉ် လုံး၀ကို ပျက်စီးသွားခဲ့ရတာ..။ မီးလျှံငယ်ကလန်ကို အလွန်အမင်း သူမုန်းတီးခဲ့ပေမဲ့လည်း… ပြောရရင် နင်ကိုပါ သူဒေါသထွက်ခဲ့ပါသေးတယ်။

ဒါပေမဲ့..နင်ရဲ့ ကြီးမားတဲ့ ကြင်နာတရား၊ အစောကြီးကတည်းက သွေးသောက်ညီအစ်ကိုလို ဖြစ်ခဲ့ကြတာတွေကြောင့်.. ဒေါသကို ရင်ထဲပဲ မျိုသိပ်လိုက်တယ်လေ။

ဒါပေမဲ့.. ဒီအချိန်မှာတော့…

ကမ္မအကုသိုလ် အပြစ်သားမီးလျှံတွေကောင်းကင်ထက်က ဆင်းသက်လာခဲ့ပြီးတော့ .. မီးလျှံတွေရဲ့ လောင်ကျွမ်းမှုကြောင့် နာကျင်ကြေကွဲနေတဲ့ နင်ရဲ့ မျက်နှာအမူအရာကို မြင်လိုက်ရတဲ့အခါမှာ… နော့စွန်းလည်း အလွန်ကိုကြီးမားတဲ့ အမှားကြီး ကျူးလွန်မိလိုက်ပြီဆိုတာကို နားလည်လိုက်ပြီလေ။
“ငါသာ လက်စားချေဖို့ တချိန်လုံးပြောမနေဘူးဆိုရင်… ဂိုဏ်းတူအစ်ကိုကြီးလည်း ဒီလောက်အထိ အလောတကြီး လှုပ်ရှားဖြစ်မှာ မဟုတ်ဘူး။ သူဆက်ပြီးတော့ စောင့်နေခဲ့မှာ… သူပိုပြီးအစွမ်းထက်တဲ့အချိန်အထိ စောင့်နေခဲ့မှာ.. အဲ့ဒါဆို မီးလျှံငယ်ကလန်တစ်ခုလုံးကို သူအမြစ်ဖြတ်သုတ်သင်လိုက်နိုင်ပြီလေ။ အားလုံးဟာ ငါလောကြီးခဲ့တာကြောင့် ဖြစ်ခဲ့၇တာ..။”

Book 21 - 30Where stories live. Discover now