Book 26 Chp 16

42 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 26 
Chapter 16 (တာအိုဖခင်ကြီးသွေးနီရဲ့ စစ်ကူတပ်များ…)

သိပ်မကြာခင်မှာပဲ…

ဂျိနင်တို့တတွေ နဂါးရှစ်ကောင်တိမ်တိုက်မြို့တော်ထဲ ပြန်၀င်ရောက်လာခဲ့ပါပြီ။

“ပြန်ရောက်လာကြပြီလား..။ ရှင်တို့တွေ ခုနကပဲ စစ်တိုက်ဖို့ ထွက်သွားကြတာ မဟုတ်ဘူးလား…။”
စစ်စခန်းထဲက ယုဝေလည်း ဂျိနင်ကို တအံ့တသြကြည့်နေမိခဲ့ပါတယ်။ အင်မောတယ်ဒက်နော့ရဲ့ စစ်သည်တော်တွေက စစ်စခန်းထဲ ပြန်ရောက်သွားကြပြီလေ။ သူတို့တွေ အခန်းကို ပြန်လာရင်းနဲ့ အက်ကြောင်းမဲ့ဂိတ်ဘယ်လောက်တောင် သူရဲဘောကြောင်နေကြောင်းကို မကျေမချမ်းပြောလာခဲ့ကြပါတယ်။ အက်ကြောင်းမဲ့ဂိတ်က ရှုံးန်ိမ့်မှာကို သိနေတဲ့အတွက် မထွက်လာတော့တာလေ။

နင်လည်း သူ့အခန်းထဲ ပြန်၀င်လာခဲ့ပြီး စားပွဲခုံမှာ ၀င်ထိုင်လိုက်ပါတယ်။ အရက်တစ်ခွက် ငှဲ့ထည့်လိုက်ပြီးတော့ ပြုံးရွှင်စွာပဲ သူပြန်ဖြေလိုက်တယ်လေ။
“အက်ကြောင်းမဲ့ဂိတ်က အခုဆို အရမ်းထိတ်လန့်နေပြီလေ။ သူတို့ကို အပြင်ထွက်လာပြီး တိုက်ခိုက်ဖို့ အချိန်အကြာကြီးပဲ ငါတို့ မြို့ပြင်ကနေ အော်ခေါ်ခဲ့တာ…။ ဒါပေမဲ့ သူတို့က လုံး၀ကို မထွက်လာခဲ့ကြဘူး။”

“သူတို့တွေက ဆက်ပြီးပုန်းအောင်းနေမယ်ဆိုရင်.. ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ..။”
ယုဝေလည်း စိတ်ပူနေခဲ့မိပါပြီ။

“သူတို့တွေ မတိုက်ခိုက်ချင်ဘူးဆိုတော့လည်း ကောင်းတာပဲလေ။”
နင်က ရယ်မောလိုက်ပါတယ်။
“ပြောရရင် သူတိုတွေ ဘယ်တော့မှ ထွက်လာပြီး မရင်ဆိုင်ရဲတော့ဘူးပဲ ထားလိုက်ပါတော့။ ဒါဆို တော်၀င်ရှကို ရှအင်ပါရီယာ ပြည့်ရှင်က ဆက်ပြီးအုပ်ချုပ်နေမှာဖြစ်ပြီးတော့ ကမ္မကံကောင်းခြင်းတွေဟာလည်း ကိုယ်တို့ ဘက်မှာပဲ ရှိနေတော့မှာလေ။”

ယုဝေလည်း ခေါင်းညိတ်လိုက်မိပါတယ်။

“အက်ကြောင်းမဲ့ ဂိတ်အတွက် ရွေးချယ်စရာ နှစ်လမ်းရှိနေတယ်။”
နင်ပြောလိုက်ပါတယ်။
“ပထမတစ်လမ်းက သူတို့ရဲ့ တော်၀င်ရှကို သိမ်းပိုက်မဲ့ အစီအစဉ်ကို လက်လျှော့လိုက်တာ..။ ဒုတိယ တစ်လမ်းကတော့ နောက်ထပ်စစ်ကူတွေကို  ထပ်ပြီးဆင့်ခေါ်လိုက်တာ..။ သူတို့တွေ ပထမလမ်းစဉ်ကိုပဲ ရွေးချယ်ဖို့ ကိုယ်မျှော်လင့်မိတယ်။”

Book 21 - 30Onde histórias criam vida. Descubra agora