Book 30 Chp 601 ( လောကတခွင် လှည့်လည်ကျင့်ကြံအားထုတ်ခြင်း)

36 5 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 30
Chapter 601 (လောကတခွင် လှည့်လည် ကျင့်ကြံအားထုတ်ခြင်း)

ပုဖန်းနဲ့ ဂျိနင်တို့တွေ တစ်ရက်နဲ့ တစ်ညတိတိကို ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြပါတယ်။ အင်ပါရီယာ နတ်ဘုရားကြီး နိုင်းဖန်က ဒီနယ်မြေတစ်ခုလုံးကို အပြင်လောကကနေ လုံး၀ ခွဲထုတ်ထားခဲ့လိုက်တယ်လေ။ ဒါကြောင့်လည်း ရွာထဲက သာမန်လူတွေဟာ တိုက်ပွဲကို မမြင်တွေ့နိုင်ခဲ့ကြပါဘူး… တွေ့မြင်နိုင်သူဆိုလို့ နိုင်းဖန်နဲ့ ရွှံ့နွံတွေ ပေကျံနေတဲ့ လူငယ်လေးသာ ရှိလို့ပါ။

ဟောဟဲ.. ဟောဟဲ.. ဟောဟဲ… ပုဖန်းရဲ့ မျက်နှာ ဖြူုလျော်ပြီးတော့ အမောလည်း ဖောက်နေခဲ့ပါပြီ။

သူ့အနေနဲ့ အစွမ်းရှိသလောက် ကြိုးစားခဲ့ပြီးပြီလေ။ သူ့ရဲ့ ဇီဖူထဲက ကီစွမ်းအင်ဟာလည်း ကုန်ခမ်းသွားခဲ့တာ ကြာလှပါပြီ။ ဝိညာဉ်ဆေးလုံးတွေကို သောက်သုံးပြီးတော့ ဆက်ပြီး ရင်ဆိုင်နေခဲ့တာပါ။ နောက်ဆုံးဆေးလုံးကို စတင်သောက်သုံးခဲ့ပြီးတဲ့အခါမှာတော့ သူတကယ်ကို ဆောက်တည်ရာမရ ဖြစ်နေခဲ့ပြီလေ။ ဒီဝိညာဉ်ဆေးလုံးတွေဟာ အခုလို လူထူးဆန်း ဆရာကြီးနဲ့ ရင်ဆိုင်တိုက်ခိုက်ခွင့် ရတဲ့ ဖြစ်ရပ်နဲ့ နှိုင်းယှဉ်လိုက်ရင် ဘာမှကို အဖိုးမတန်တော့ပါဘူး။  ဒါက အရမ်းကို ကြီးမားလွန်းလှတဲ့ ကံကောင်းခြင်းကြီး တစ်ခုပဲလေ။ သူ့အနေနဲ့ ပိုပြီးတော့ အချိန်ကြာကြာတိုက်ခိုက်ချင်နေခဲ့တာပါ။

“ကောင်းပြီလေ။ မင်းလည်း နားလိုက်ပါတော့။”
နင်ပြောလိုက်ပါတယ်။ သူ့ပြိုင်ဘက်ရဲ့ တိုက်ခိုက်မှုတွေ တဖြည်းဖြည်း အားပျော့ပြီးတော့ ကီစွမ်းအင်တွေ ကုန်ခန်းလာတာကို သူသိနေပါတယ်။

ပုဖန်းလည်း ရပ်တန့်လိုက်ရပါပြီ။

“ရော့.. မင်းရဲ့ ကီစွမ်းအင်ဖြည့်ဖို့အတွက် ဝိညာဉ်ဆေးလုံးတွေ…”
နင်လည်း ဝိညာဉ်ဆေးလုံး တစ်ပုလင်းကို ပစ်ပေးလိုက်ခဲ့ပါတယ်။ ပုဖန်းလည်း မြန်မြန်ပဲ ပုလင်းကို လက်ခံလိုက်တယ်လေ။ ပုလင်းကို ဖွင့်ကြည့်ပြီးတဲ့အခါမှာတော့.. အရမ်းကို ပျော်ရွှင်သွားခဲ့ပါပြီ။

မိုးနတ်မင်းရေ… မူလတာအိုတန်ခိုးရှင်တောင်မှ ဒီလောက်များပြားတဲ့ ဆေးလုံးတွေ မထုတ်ပေးနိုင်ဘူးဆိုတာ သေချာပါတယ်။ သူမသိတဲ့အချက်ကတော့ ဒါတွေက လောကစစ်ပွဲထဲမှာ မရေမတွက်နိုင်တဲ့ အင်မော်တယ်တွေ ဖင်းဂေါ့တွေကို နင်သတ်ဖြတ်ခဲ့ပြီး ရရှိခဲ့တယ်ဆိုတာကိုပါ။ အဲဒီအချိန်တုန်းကဆို မျက်နှာဖြူရေနဂါးကြီးတစ်ကောင်ကို သတ်လိုက်ရင် လွတ်မြောက်အင်မော်တယ် သိန်းနဲ့ချီပြီးတော့ သေဆုံးသွားခဲ့တာပဲလေ။ သူတို့အားလုံးကလည်း ပစ္စည်းတွေ အမြောက်အများ သယ်ဆောင်ထားခဲ့ကြသူတွေပါ။ နင်က လွတ်မြောက်အင်မော်တယ် တစ်ဦးဆီက ရခဲ့တဲ့ ပုလင်းလေးတစ်လုံးကို ပစ်ပေးလိုက်ရုံပဲလေ။ ဇီဖူတန်ခိုးရှင်ကလေး ပုဖန်းအတွက်ကတော့… ဒါတွေက ဘယ်လောက်ထိတောင် တန်ဖိုးကြီးမားနေလိုက်မလဲ… ပုဖန်းလည်း အရမ်းကို အူမြူးပျော်ရွှင်သွားခဲ့ပါပြီ။

Book 21 - 30Where stories live. Discover now